/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 16, 2013

.

ပြည့်တန်ဆာ တရားဝင် ဖြစ်ချင်သည့် NLD မှ ဒေါ်စန္ဒာမင်းမှ ပုဒ်မ ၄ဝ၁ အရေး လွှတ်တော်၌ ကြယ်ပွင့်ပြမေးခွန်း မေးမည်



နိုင်ငံရေး အကျဉ်းသားများကို အကျပ်ကိုင်သည့်သဘော သက်ရောက် နေသော ပုဒ်မ ၄ဝ၁ ကို လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း မေးမြန်း မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ် စား လှယ်ဒေါ်စန္ဒာမင်း က ပြောသည်။


”နိုင်ငံတော်ကို တည်ဆောက်နေ တဲ့ အချိန်မှာ ဒီပုဒ်မနဲ့ပြန်ပြီး အရေး ယူတာဟာ ယုံကြည်မှုလျော့နည်းစေပါတယ်။ သမ္မတကလည်း နိုင်ငံ သစ်ကို တည်ဆောက်မယ်လို့ ကြွေးကြော်ပြီး ချီတက်နေတဲ့ အခြေ အနေမှာ ဘာဖြစ် လို့ ဒီပုဒ်မနဲ့ပြန်ပြီး အရေးယူသလဲ၊ အရင်က ဒီပုဒ်မ ကို အသုံးပြုခဲ့ရေ ပမယ့် အခုအချိန်မှာတော့ မရှိ သင့်တော့ဘူး လေ”ဟု ၄င်းကပြောသည် ။

လွှတ်တော်ကိုယ်စားလှယ် တစ် ဖြစ်လဲ နိုင်ငံရေးအကျဉ်းသားဟောင်း လည်းဖြစ်သူ ဒေါ်စန္ဒာမင်းက အဆိုပါ ပုဒ်မ ၄ဝ၁ ဖြင့် ပြန်လည် အရေး ယူခြင်း ကိစ္စရပ်ဖြစ်ပွားလာခြင်းသည် နိုင်ငံရေး အကျပ်ကိုင်သည့် သဘော သက်ရောက်နေကြောင်း ပြောသည်။” ကျွန်မက လွှတ်တော် ကိုယ်စား လှယ်တစ်ယောက်ဖြစ်တယ် ဆိုတာလည်းမှန်ပါတယ်။ 

၎ဝ၁ နဲ့လွတ်လာ တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဆိုတာ လည်း မှန်ပါတယ်။ ခု ဒီပုဒ်မနဲ့ပြန် အရေးယူ ခံ ရ တာကို တွေ့ရတယ်ပေါ့ နော်။ ကျွန်မက ဒါကိုကြောက်လို့ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ပယ် ဖျက်ပေးဖို့ မေးတာမဟုတ်ပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး အတွက် မေးရ တာဖြစ်ပါတ ယ်”ဟု ၄င်း က ပြောသည်။အဆိုပါ ပုဒ်မ ၄ဝ၁ ကြောင့် နိုင်ငံရေး အကျဉ်းသားများအတွက် ဆိုင်ကယ်၊ ကားနှင့် အခြားပြစ်မှုမြောက် သည့်မတော်တ ဆမှုများ ဖြစ်ပါကလည်း ယခင်ကပြစ်မှုကြွေးကျန် များကို တစ် ပေါင်း တည်းကျခံရမည့်သဘော သက် ရောက်နေသည်ဟု ၄င်းကပြောသည်။


”ကျွန်မတို့ နိုင်ငံရေးအကျဉ်း သားတွေကို အခြေအနေအကြောင်း တစ်ရပ်ရပ်ကြောင့် ၄ဝ၁ နဲ့လွှတ်ရတာ ကို နားလည်ပါတယ်။ အဲဒီအချိန်တုန်း က နိုင်ငံရေးအခြေအနေကြောင့် လွှတ် ပေးခဲ့ရတာကို နားလည် ပါတယ်။ ဒီလို အချိန်မှာ ပုဒ်မ ၄ဝ၁ နဲ့ ပြန်ပြီးအရေးယူ မှုဖြစ်လာတာကို နားမလည် ပါဘူး”ဟု ၄င်း က ပြောသည်။

နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်သူကိုနေမျိုးဇင်ကို အသရေ ဖျက်မှု ဖြင့် ဧရာဝတီတိုင်း မအူပင်ထောင်၌ လက်ငင်းပြစ်မှုအတွက် ထောက်ဒဏ် ၃ လတာ အကျခံရ သော်လည်း ၄င်းသည် ယခင်စစ် အစိုးရလက် ထက် က ထောင် ဒဏ် ၁ဝ နှစ်ချ မှတ်ခံထားရပြီး ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်က သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် ပြန်လည် လွတ် မြောက်လာသူ ဖြစ်သည်။

ပုဒ်မ ၄ဝ၁ အရ ယခင်လွတ် ငြိမ်းချမ်းသာ ခွင့်ရစဉ် ထောင်ကြွေး ၆ နှစ်ကိုပါ ပြန်ပေါင်းကျခံနေရခြင်း ဖြစ် သည်။ အဆိုပါပုဒ်မ ၄ဝ၁ သည် အစိုးရက နိုင်ငံရေးအကျဉ်းသားဟောင်းများကို အကျပ်ကိုင်သည့် သဘော သက် ရောက်နေခြင်းကြာင့် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် တက်ကြွ လှုပ်ရှား သူများက လည်း အပြင်းအထန်ကန့် ကွက်ခဲ့ကြသည်။

စိုင်းနောင်
ပေါ်ပြူလာ
Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။