/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 17, 2013

.

မိုဘိုင်းအင်တာနက်ကို ဖုန်းကတစ်ဆင့်လျှောက်နိုင်မည်



မိုဘိုင်းအင်တာနက် လျှောက်ထားချင်သူတွေ အတွက် သြဂုတ် လ ၁ ရက်နေ့က စပြီး မက်ဆေ့ခ်ျ နံပါတ် 1331 ကတစ်ဆင့်မိုဘိုင်းအင်တာနက် လျှောက် ထား နိုင်ပြီလို့ မြန်မာ့ဆက်သွယ်ရေး သင်တန်း ကျောင်းက ကျောင်းအုပ်ကြီး ဦးကျော်စိုး ထံက သိရပါတယ်။


ကနဦးလျှောက်ထားမှုအတွက် ယခင်အင်တာနက် လျှောက်တုန်းက နှုန်းထားအတိုင်း ကျပ် တစ်သောင်း ကျသင့်မှာဖြစ်ပါတယ်။ မက်ဆေ့ခ်ျပို့ပြီး လျှောက်ထားဖို့အတွက် ဖုန်းထဲမှာ ကြိုတင်ငွေ ကျပ် တစ်သောင်း ရှိဖို့ လိုပါတယ်။


လျှောက်ထားသူတွေအနေနဲ့ မက်ဆေ့ခ်ျနံပါတ် 1331 ကို ရိုက်နှိပ်ပြီး လျှောက်ထားရမှာပါ။ စက္ကန့် အနည်းငယ် အတွင်း အင်တာနက်လျှောက်ထားမှုအတွက် လက်ခံရရှိကြောင်းကို စာတို မက်ဆေ့ခ်ျအနေနဲ့ “You have order data service successfully” ဆိုပြီး မက်ဆေ့ခ်ျ ပြန်ပို့ပေးလာခဲ့ရင် အင်တာနက် လျှောက်ထားမှု ပြီးမြောက်ပြီဖြစ်ပါတယ်။

မက်ဆေ့ခ်ျရောက်တာနဲ့ တစ်ပြိုင်နက် ဖုန်းမှာ အင်တာနက်ကို အလိုအလျောက် အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

အင်တာနက်အသုံးပြုခအတွက် ဂျီအက်စ်အမ်ဖုန်းကို တစ်မိနစ်ကို နှစ်ကျပ် ကျသင့်မှာဖြစ်ပြီး စီဒီအမ်အေနဲ့ သရီးဂျီဖုန်းအတွက်က တစ်မိနစ်ကို လေးကျပ် ကျသင့်မှာဖြစ်ပါတယ်။

Mordern

16 comments:

  1. အရမ်းကောင်းပါတယ်

    ReplyDelete
  2. ဖုန်းဘေကဘယ်တော့လောက်ကျမှာလဲ?

    ReplyDelete
  3. အခုဟာကကောင်းပါတယ် အပြင်မှာအင်တာနက်ချိတ်ဆက်မှုက၁၅၀၀၀တောင်ပေးရတာ

    ReplyDelete
  4. ဒါမျိုးတွေဖြစ်သင့်တာကြာပြီ။တစ်ခြားလုပ်ငန်းတွေမှာလည်းဒီလိုမြန်ဆန်ရင်အဆငိပြေတာပေါ့။

    ReplyDelete
  5. okပြီပေါ့

    ReplyDelete
  6. အေး ဗျာ -------ဘာ ပဲ ပြော ပြော ကျေး ဇူး တော့

    တင် ရ ပါ မယ်



    ReplyDelete
  7. ခွင့်ပြု ချက် စောလွန်း တယ်။

    ကမ္ဘာ ကြီးကို အမှီ လိုက်ပါရ စေ။

    ဒါပေမဲ့ thanks

    ReplyDelete
  8. ထီလာမှာက အင်တာနက်ချိတ်ဆက်ခ (၁၄၅၀၀)ကျပ်ပေးနေရတယ်ဗျို့

    ReplyDelete
  9. အားလုံး ok ပြီပေါ့



    ReplyDelete
  10. လိုင်းလေးတွေကောင်းအောင်လဲလုပ်ပါဦး။အခုဟာကကောင်းပါတယ်ဒါပေမယ့် internet ဖွင့်လိုက်တာနဲ့ အဆင်မပြေတာကြီးကအခြေနေဆိုးနေပါသေးတယ်

    ReplyDelete
  11. မသိဘဲရှောက်ရေးနေတာပဲ စောက်ရူး သေသေချာချာလေ့လာလိုက်အုံး နင်ရေးတဲ့နံပတ်မှားနေတာကိုမသိဘူးလား မှတ်ထား 1331 ကွ

    ReplyDelete
  12. 450 ဖုန်းကိုင်တဲလူလဲ internet သုံးချင်တာပေါ့ ဈေးကျပိုပေးရပြီးတော့

    ReplyDelete
  13. ဟုတ်တယ် ဖြစ်သင့်တာကြာပြီ

    ReplyDelete
  14. ဖြစ်သင့်နေတာကြာပြီ။

    ReplyDelete
  15. CDMA800 ရောလျှောက်လို့ရလား

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။