/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 17, 2013

.

လယ်သိမ်းခံရမှု သိမ်းဆည်းစဉ် ကာလပေါက်ဈေးအတိုင်း ပေးလျော်မည်ဟု သမ္မတရုံးဝန်ကြီး ပြော

လယ်မြေ သိမ်းဆည်းခံရမှုများအတွက် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၏ အထောက်အထားများဖြင့် စစ်ဆေး ဖော်ထုတ်သွားမည်ဖြစ်ပြီး သိမ်းဆည်းစဉ် ကာလ၏ ပေါက်ဈေးအတိုင်း ပေးလျော်မှုများ ပြုလုပ် သွားမည်ဟု သမ္မတရုံး ဒုတိယ၀န်ကြီးဦးသန့်ရှင်းက ဇူလိုင်လ ၁၆ရက် ပြည်ထောင်စုလွှတ်တော်တွင် ပြောဆိုသွားသည်။


“လယ်ယာမြေ သိမ်းဆည်းခံရသူများအတွက် နစ်နာကြေးပေးရန် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၏ အထောက်အထားများဖြင့် စစ်ဆေး ဖော်ထုတ်သွားပါမည်။ ဒေသဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်၏ အကြံြုပုချက်ဖြင့် သိမ်းဆည်းစဉ် ကာလ၏ ပေါက်ဈေးနှင့်အညီ ပေးလျော်နိုင်ရန် စီစစ်လျက် ရှိပါတယ်။” ဟု ဦးသန့်ရှင်းက လွှတ်တော်တွင် ပြောဆိုသည်။

ကုမ္ပဏီများက သိမ်းယူထားသည့် မြေများပေါ်တွင် လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည့် မြေများကိုလည်း ပြန်လည်သိမ်းယူကာ မူလပိုင်ရှင်များသို့ ပြန်လည် ပေးအပ်မည်ဟုလည်း ဦးသန့်ရှင်းက ဆိုသည်။

“နိုင်ငံတော်မှ ချန်လှပ်မြေများကို ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကုမ္ပဏီများမှ မူလ ရည်မှန်းချက်အတိုင်း ဆောက်ရွက်ခြင်းမရှိဘဲ လယ်မြေများ ချန်လှပ်ထားပါက လယ်ယာမြေဥပဒေနဲ့ အညီ ပြန်လည် သိမ်းဆည်းပြီး မူလပိုင်ရှင် တောင်သူ လယ်သမားများထံသို့ ပြန်လည်အပ်နှံနိုင်ရန်စီမံဆောင်ရွက် လျှက် ရှိပါတယ်”ဟု ဦးသန့်ရှင်းက ပြောသည်။

ဧရာဝတီတိုင်း မြောင်းမြစက်မှုဇုန် ၁ အတွက် သိမ်းယူထားသည့် လယ်သမား ၁၇ ဦး ပိုင်ဆိုင်သည့် လယ် မြေ ဧက ၅၀ ကျော်အတွက် နစ်နာကြေး တစ်ဧက ၁၅ သိန်း တောင်းဆိုသည့် လယ်သမားများကို လျော် ကြေးပေးမည်ဖြစ်ပြီး ကာလပေါက်ဈေးထက် ကျော်လွန်တောင်းဆိုမှုကိုမူ ဥပဒေအတိုင်း ဆောင်ရွက်သွား မည်ဖြစ်သည်။

“ကာလပေါက်ဈေးထက် ပိုမိုတောင်းခံသူနှင့် နစ်နာကြေးမယူဟုဆိုကာ မြေကွက်ပေါ်ကလည်း ဖယ်မပေး သူတို့အား ညှိနှိုင်းဆောင်ရွက်ရာ မရသဖြင့် စက်မှုဇုန် ဆက်လက် အကောင်အထည်ဖော်ရေးအတွက် ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဦးသန့်ရှင်းက ပြောသည်။

လယ်ယာသိမ်းဆည်းမှုနှင့် ပတ်သက်၍ လွှတ်တော်အတွင်း အမတ် ၄၅ ဦးက အပြင်းထန်ဆုံး စကားလုံး များဖြင့်ဆွေးနွေးခဲ့ကြသည်။

မဇ္ဈိမ သတင်းဌာန

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။