/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 17, 2013

.

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၂)ဦးနှင့်ကူညီပေး ခဲ့သူ(၂)ဦးအားလ၀ကအက်ဖြင့် ထပ်မံအရေးယူ



ရန်ကုန်၊ ဇူလိုင် ၁၆

၉.၇.၂၀၁၃ ရက်နေ့ တွင် အရေးယူဆောင်ရွက်ခဲ့သည့် ပန်းဘဲတန်းမြို့မရဲစခန်း(ပ)၂၀၃/၂၀၁၃ ၊ပုဒ်မ ၂၉၅-က အမှုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား များဖြစ်သည့်


PARSUJET BARUA ၊(၂၈)နှစ်၊(ဘ)RAJON BARUA၊ BARUA လူမျိုး/ဗုဒ္ဓ၊ လယ်လုပ်၊
North NOLBILA WART No.2. RALARMAR
CHHORAMAHESHKA HILL, COXS BAZAR မြို့နယ်နေသူနှင့်
ANTER BARUA(၂၉)နှစ်၊ (ဘ) DUIAKUP BARUA၊ BARUA
လူမျိုး/ဗုဒ္ဓ၊ လယ်လုပ်
မ/SHILKUP WART No-09၊ MONKIR
CHRR PANSHKHALL CHITTA GONG မြို့နယ် နေသူတို့

(၂)ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှားနိုင်ငံ သို့သွားရောက်ရန်အတွက် ပန်းဘဲတန်းမြို့နယ် (၈)ရပ်ကွက်၊ အနော်ရထာလမ်း၊ အမှတ်၂၄၀ရှိ ပိုလိုတည်းခိုခန်း၌ သင်္ကန်းဝတ်ဖြင့်ရောက်ရှိတည်းခိုနေထိုင်စဉ် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ (၂)ဦးသည် တရားဝင်ဗီဇာဖြင့် လာရောက်သော်လည်း ဗီဇာရသူသည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ ၀င်ခွင့် ပြုထားသော စည်းကမ်းချက်များကို ဖေါက်ဖျက် ကျူးလွန်ခဲ့ သောကြောင့် ဥပဒေအရအရေးယူပေးရန် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာနမှ တိုင်တန်း ခဲ့သဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း (ပ) ၂၁၃/၂၀၁၃ ၊ လ၀ကအက်ဥပဒေ ပုဒ်မ ၁၃(၁)ဖြင့်အရေးယူ ခဲ့ပါသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၂)ဦးအား အခကြေးငွေရယူ၍ မလေးရှားနိုင်ငံသို့ တရားမ၀င် ပို့ဆောင်ရန်အတွက် မင်္ဂလာဒုံလေဆိပ်မှ ကြိုဆို ခေါ်ဆောင်ခဲ့သူ မင်းနိုင်၊ (၃၅)နှစ်၊(ဘ)ဦးအာဇီစူမောက်၊ သာကေတမြို့နယ်နေသူနှင့် ၎င်း၏ဇနီးဖြစ်သူ မရင်ရင်ဝင်း(၂၇)နှစ်၊ (ဘ)ဦးမာမက်ဆူလတန် တို့(၂)ဦးသည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့တရားဥပဒေနှင့် ဆန့်ကျင်၍ ၀င်ရောက်စေရန် ကူညီပေးခဲ့ သောကြောင့် ဥပဒေအရအရေးယူပေးရန် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ တိုင်တန်းခဲ့သဖြင့်ပန်းဘဲတန်းမြို့မရဲစခန်း (ပ) ၂၁၄/၂၀၁၃ ၊ လ၀ကအက်ဥပဒေ ပုဒ်မ ၁၃(၅)ဖြင့်အမှုဖွင့် အရေးယူထားရှိကြောင်းသတင်းရရှိ ပါသည်။

Credit : http://www.yeyintnge.com/2013/07/blog-post_2933.html#.UeYJpqy9YpM

3 comments:

  1. အားလုံးရေးကိုကာကွယ်ဆောင့်ရှောက်နိုင်

    ကြပါစေ....

    ReplyDelete
  2. ဒါ ဘင်္ဂါးလား က ဗုဒ္ဓဘာသာဝင်တွေကွ
    သူ့နိုင်ငံမှာနေလို့ မရလို့ ပြေးလာတာ
    ဖြစ်မှာပေါ့။
    ဦးဝီရသူနဲ့ ၉၆၉ အဖွဲ့ က ကူညီကြပါဦး။

    ReplyDelete
    Replies
    1. ဘင်္ဂလီတွေက ဥာဏ်များတယ် ဗုဒ္ဓဘာသာဟင်ဆောင် လိုက် တိုင်းရင်းသားဟန်ဆောင် လိုက် ဒုက္ခသည်ဟန်ဆောင် လိုက်နဲ မြန်မာပြည်သူတွေကိုသွေခွဲးဖို့လုပ်နေတယ်ဆိုတာ hero ကသိနေတယ်သ ဘောပေါက် တစ်ခုတော့ပြေားပရ စေ မြန်မာတိုင် ရင် သားများခများ internet ပေါ်မှာ မြန်မာတိုင်းရင်းသားတွေကိုသွေးခွဲနေတာ ဘင်္ဂလီနဲအစွန်းရောက်မွတ်တွေပါပဲဆိုတာရိုးသားစွာပြေားပရ စေ။

      Delete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။