/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 17, 2013

.

ကေတီဗွီအချို့ ပါတီအမည်ခံ ဖွင့်ထားကြောင်း တာဝန်ရှိသူပြောကြား



ကလေးမြို့၊တပ်ဦးသီတာ ရပ်ကွက် ပါတီအချို့ အမည်ခံများဖြင့် ဖွင့်လှစ်ထား သော ကေတီဗွီ များ ရှိနေ ကြောင်း၊ အဆိုပါ ရပ်ကွက်ရှိ တာဝန်ရှိသူ တစ်ဦး မှ ပြောကြားခဲ့သည်။


ကလေးမြို့ မူးယစ်ဆေးဝါး ကိစ္စ များနှင့် ပတ်သက် ၍ နေပြည် တော်မှ ဒုရဲချုပ်ဦးဆောင်သော အဖွဲ့ ကလေးမြို့သို့ ရောက်ရှိလာ ချိန်ကတည်း က တရားမ၀င်အမှု များအားလိုက်လံဖော်ထုတ်လျက် ရှိရာ ကလေးမြို့ ကေတီဗွီများ လည်းပိတ် ထားပြီးမြို့နယ်အုပ်ချုပ် ရေးရုံးမှလည်း ဇူလိုင်လ (၄) ရက် ကတည်းက တရားမ၀င် လုပ်ကိုင် နေသော ကေတီဗွီလုပ်ငန်းများအား သက်ဆိုင်ရာရပ်ကွက်အသီးသီးရှိ အုပ်ချုပ်ရေးမှူးများသို့ ဖမ်းဆီး အရေးယူရန် အကြောင်းကြား ထားပြီး ဖြစ်ကြောင်း သိရသည်။

““လက်ရှိ ကျွန်တော်တို့ ရပ် ကွက်မှာ ကေတီဗွီ သုံးခုရှိတယ်။ တစ်ခုက NLDပါတီစည်းရုံးရေးမှူး ကသူ့ အမည်နဲ့ ဖွင့်ထားတယ်။တစ်ခုက ကလေးဝက ၈၈မျိုးဆက်ကျောင်းသားဆိုတဲ့သူက လူတစ် ယောက် နာမည်နဲ့ ဖွင့်ထားတာ၊ အခု မိန်းမက မန်နေဂျာလုပ်နေ တယ်။အခုတော့ မလာတော့ဘူး။ အရင်ကတော့ တစ်ပတ်တစ် ခေါက်လာတယ်။ နောက်တစ်ခု ကတော့ ကျားဖြူပါတီ အမည်ခံနဲ့ပါ”” ဟု ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။ လက်ရှိအချိန်တွင် ကေတီဗွီများ ဖွင့်လှစ်ခြင်းမရှိ သော်လည်း တိတ်တဆိတ် ပြည်တန်ဆာ လုပ်ငန်းများ ဆက် လက်လုပ်ကိုင်နေကြောင်း ၎င်းကဆက်လက်ပြောကြား ခဲ့သည်။

Credit : http://www.mmdailystar.com/2013/07/blog-post_2216.html

3 comments:

  1. မြန်မာမိန်ကလေးများ

    အမျိုးဂုဏ်ဇာတိဂုဏ်ကို

    တက်နိုသလောက်ထိန်းကျပါ

    ဈေးရောင်း၍ သာ ပိုက်ဆံရှာကြပါ

    ReplyDelete
  2. ဈေး ရောင်း ပိုက် ဆံ ရှာ ရ အောင် အ ရင်း အ နှီး ထုတ် ပေး လေ

    ReplyDelete
  3. ပြန်ဆပါမှာမို့လား

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။