/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ
Tuesday, July 30, 2013
.
နိုင်ငံတကာ ပညာရှင်များ လေ့လာထားသည့် ပြည်တွင်းစစ် ဖြစ်ရသည့် အကြောင်းရင်းများ ဖြစ်ပေါ်ခဲ့ဟု ဒေါ်ခင်မမမျိုး ပြောကြား
နိုင်ငံတကာ ပညာရှင်များ လေ့လာထားသည့် ပြည်တွင်းစစ် ဖြစ်ပွားရခြင်း အကြောင်းရင်းများ အားလုံး သည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ ခန်းမ၌ ဇူလိုင် ၂၈ ရက်၊ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ ပြုလုပ်ခဲ့သည့် ပြည်တွင်းစစ် ဖြစ်ပွားရခြင်း အကြောင်းရင်းများ ဟောပြောပွဲတွင် နိုင်ငံ ရေး သိပ္ပံပါရဂူဘွဲ့ အတွက် စာတမ်းပြုစုနေသည့် နိုင်ငံရေး လှုပ်ရှားသူ ဒေါ်ခင်မမမျိုးက ပြောကြားသည်။
ပြည်တွင်းစစ် ဖြစ်ပွားရသည့် အကြောင်းများစွာ ရှိသည့်အထဲမှ အချက်အချို့မှာ လွတ်လပ်ရေးရပြီးစ နိုင်ငံ များ တွင် လည်းကောင်း၊ ကိုလိုနီခေတ် တစ်လျှောက်တွင် ကျူးကျော်သူများက လူမျိုးစုတစ်ခု သို့မဟုတ် လူမျိုးကြီး တစ်ခုကို နေရာပေးခဲ့သဖြင့် အလိုအလျှောက် သွေးခွဲခံရကာ လွတ်လပ်ရေး ရပြီးချိန်တွင် အဖိ နှိပ်ခံရသူတို့ ဘက်က လက်စားချေမှုများ စတင်ကာ ပြည်တွင်းစစ် ဖြစ်ပွားလာရခြင်း၊ လူမျိုးစုငယ်များ၏ ယဉ်ကျေးမှု၊ စာပေများအား လူမျိုးကြီးတို့မှ ၀ါးမျိုကာ လူမျိုးစု လက္ခဏာများအား ဖျောက်ဖျက်ခံခဲ့ရခြင်း၊ နယ်မြေခွဲဝေရာတွင် လူမျိုးစုတို့၏ သဘာတူညီမှု မပါဝင်ခြင်းများ စသည့် အချက်များကြောင့် ပြည်တွင်းစစ် များ ဖြစ်ပွားရသည်ဟု ဒေါ်ခင်မမမျိုး က ပြောကြားသည်။
ထို့အပြင် ပြည်တွင်းစစ် ဖြစ်ပွားရခြင်း အကြောင်းရင်း များထဲတွင် အသွင်ကူးပြောင်းစဉ် ကာလအတွင်း အ စိုးရအနေနှင့် အုပ်ချုပ်မှုစွမ်းရည်ရှိရန် အရေးကြီးကြောင်းနှင့် အုပ်ချုပ်မှုစွမ်းရည် မရှိပါက တရားဥပဒေ စိုး မိုးမှု လျော့နည်းလာတတ်ပြီး တရားဥပဒေစိုးမိုးမှု လျော့နည်းလာပါက မတရားမှုများ များပြားလာကာ ပုန် ကန်ခြားနားမှုများလည်း ဖြစ်ပေါ်လာနိုင်သည်ဟု ပြောကြားသည်။
နိုင်ငံတကာ ပညာရှင်များက ပြည်တွင်းစစ်အဖြစ် သတ်မှတ်ထားချက်မှာ ပြည်တွင်း အခြေစိုက်သည့် အ ဖွဲ့နှစ်ဖွဲ့ တိုက်ပွဲဖြစ်ပွားရမှာဖြစ်ပြီး ထိုတိုက်ပွဲအတွင်း ကျဆုံးသူ ၂၅ ဦးထက် ကျော်ပါက ပြည်တွင်းစစ် ဖြစ်ပွားသည်ဟု သတ်မှတ်ကြောင်း ပြောကြားခဲ့သည့်အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်တွင် အဖွဲ့ပေါင်း မြောက်မြားစွာ ရှိနေပြီး ကမ္ဘာပေါ်တွင် နှစ်အရှည်ကြာဆုံး ပြည်တွင်းစစ် ဖြစ်ပွားနေခဲ့သည့် နိုင်ငံတစ်ခုဖြစ် ကြောင်း ၎င်းက ဆိုသည်။
ပြည်တွင်းစစ်များ ဖြစ်ပွားခြင်းကြောင့် တိုင်းပြည်၏ စီးပွားရေးအပေါ် သက်ရောက်ခြင်းများရှိပြီး ကုန်သွယ်မှု ရပ်ဆိုင်းခြင်း၊ ငွေကြေးဖောင်းပွခြင်း၊ စိုက်ပျိုးရေး ကဏ္ဍများ ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်လာကာ အလုပ် လက်မဲ့ ပြဿနာများလည်း ကြီးထွားလာသည်ဟု ပြောကြားသည်။
ထို့အပြင် ပြည်တွင်းစစ် ဖြစ်ပွားနေသော နိုင်ငံများအား ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို အများအားဖြင့် ပြု လျပ် လိ့ခြင်း မရှိသော်လည်း ရေနံ၊ သဘာဝဓာတ်ငွေ့ ကဲ့သို့သော တိုင်းပြည်၏ သယံဇာတကို အချောင် ရယူခဲ့သည့် အဖြစ်အပျက်များကို အင်ဂိုလာ နိုင်ငံအား ဥပမာပေးကာ ပြောကြားသည်။
ထို့အပြင် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ ပြည်သူများအကြား လူမှုရေး ပဋိညာဉ်များ တည်ဆောက်ရန် လိုအပ် ကြောင်းနှင့် လူမှုရေးပဋိညာဉ် ဆိုသည်မှာ နိုင်ငံသားများ၊ လုပ်ငန်းရှင်များနှင့် အစိုးရများရဲ့ ပြုမူဆောင် ရွက်ချက်များအား လမ်းညွန်ပြထားကာ ပဋိပက္ခများအား ဖြေရှင်းရာတွင် အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းအား အထောက်အကူပြုသော စည်းမျဉ်းများဟု အဓိပ္ပာယ် ဖွင့်ဆိုထား ဖြစ်သည်။ ထို့အပြင် လူမှုပဋိညာဉ် များရှိရန် လိုအပ်ပြီး မထားရှိပါက အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံရသူများ အကြား ပဋိပက္ခများ၊ အငြင်းပွားမှုများ ဖြစ်ပွားလာ နိုင်သည်ဟု ပြောကြားခဲ့သည်။
Eleven Media Group
15 comments:
  1. မှန်ပါတယ်။ဦးနု အစိုးရလက်ထက်မှာ
    ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်
    လုပ်ဆောင်လိုက်ကတည်းက တိုင်းရင်းသားများနှင့်
    စိတ်ဝမ်းကွဲပြားခဲ့ရသည်။ထိုမှစတင်ကာ
    ဗုဒ္ဓဘာသာ ဗမာလူမျိုးစုကြီး စိတ်ဝင်သွားရာ
    ဗုဒ္ဓဘာသာဝင်မဟုတ်သော တိုင်းရင်းသားများ
    နေရာ မရတော့ပါ။
    ထို့အပြင် ဗမာလူမျိုးအရေး
    ရှေ့ တန်းတင်ခဲ့ကြသည်မှာ အစိုးရ အဆက်ဆက်မှ
    ယခုတိုင်အောင်ဖြစ်ပေသည်။
    ပြည်နယ်များမှ ထွက်ရှိသည့် သယံဇာတ စွမ်းအင်များ
    ကို ထိုပြည်နယ်များနေ တိုင်းရင်းသားများ လုံးဝ မခံစားရ ဗမာသည်သာ ပထမ ဆိုသည်မှာ သူတို့ရင်ထဲ
    အလိုလို ခံယူကျင့်သုံးပြီး ဖြစ်နေသည်။
    တိုင်းရင်းသားများနှင့် နားလည်မှုရရန်မှာ
    ထိုအစွဲကိုဖြုတ်ရန်လိုသည်။
    အကယ်၍ တိုင်းရင်းသားများသဘောမပါဘဲ
    ဗုဒ္ဓဘာသာဗမာလူများစု ရှိကြောင့် ဗုဒ္ဓဘာသာ
    ကို နိုင်ငံတော်ဘာသာအဖြစ် ပြဌါန်းလိုလျှင်
    သဘောမတူသော ထိုတိုင်းရင်းသားများ၏
    ပြည်နယ်များအား ခွဲထွက်ခွင့်ပေးသင့်သည်။
    အဘယ်ကြောင့် ဆိုသော်
    ပြည်ထောင်စုမြန်မာနိုင်ငံဆိုရာတွင်
    ပြည်နယ် ခုနှစ်ခု ပါဝင်သောကြောင့်ဖြစ်သည်။
    သူတို့အရေး သူတို့ခံစားမှုကို စာနာ နားလည် ထောက်ထား ခြင်းမရှိ သူတို့အသံကို နားထောင်ခြင်း
    မရှိ ငါ့တကော ကောလုပ်နေပြီး သူတို့ပြည်နယ်ကို
    မြန်မာနိုင်ငံထဲ သွပ်သွင်းထားခြင်းသည်
    တရားမျှတမှု လုံးဝမရှိပေ။
    လူများစုမို့ ကိုယ်လုပ်ချင်တာလုပ်နေရင်
    လူနည်းစုသူတို့တွေကိုလည်း သူတို့လုပ်ချင်တာ
    ပေးလုပ်သင့်သည်။ အတူယှဉ်တွဲနေထိုင်ချင်ရင်တော့
    ဟာမိုနီ ဖြစ်ဖို့ လိုပြီ။
    ReplyDelete
    Replies
    1. နိုင် ငံရေကိုဗုဒ္ဓဘာသာကိုဆွဲမထည့်ပါနဲ ဗမာကိုမ ကျေနပ် ရင် ဒဲ့ပြေားကွာတိုင်းရင်းသားတွေလဲဗုဒ္ဓဘာသာတွေအများကြီးပဲ ဘာသာရေးမပါတဲ့နိုင် ငံရေမင်းတို့မပြေားတက်တော့ဘူးလား
      Delete
    2. ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြုလုပ်
      ချင်တဲ့ ဒီးတုတ်ဦးဘချိုကို
      ဗိုလ်ချုပ်ပြောသွားတဲ့ စကားရှိတယ်။
      အဲဒါ မင်းပြန်ရှာ ဖတိကြည့်။ မင်းတို့ကို
      ဗိုလ်ချုပ် ပြောတဲ့ ခွေးလောက်တောင်
      သောက်သုံးမကျတဲ့လူတွေ ဖြစ်အောင်
      ( ဗိုလ်ချုပ်ပြောတာနော် )
      ဦးနုက သူ့အတွက်လုပ်စားသွားခဲ့တယ်။
      အဲဒီအချိန်ထဲကစပြီး မြန်မာပြည်နိုင်ငံရေး
      ဟာ ဘာသာရေးပါ ရောသွားပြီ။
      Delete
    3. မင်းပြောသလိုဆိုခွေးလောက်မှစောက်သုံးမကျတဲ့လူတွေကြီးစိုးနေတဲ့နိုင်ငံတွေတော်တော်များတာပဲ
      ဒီကောင်တွေကိုဖအေတွေလိုအားကိုးပြီးလက်ရှိနေနေတဲ့နိုင်ငံကိုဆော်ကားနေတဲ့ခွေးလောက်မှစောက်သုံးမကျခွေးကတောင်သားအဖြစ်ခိုးကြောင်ခိုးဝှက်လက်ခံရတဲ့ကောင်တွေတော်တော်များတာပဲ
      Delete
  2. မှန်တယ်တိုင်းရင်းသားညီညွတ်ေ၇းလို့သာပြောနေတာ
    တကယ်တမ်းသူတို့ပဲချယ်လှယ်နေကြတာပါ
    ReplyDelete
  3. မှန်တယ်တိုင်းရင်းသားညီညွတ်ေ၇းလို့သာပြောနေတာ
    တကယ်တမ်းသူတို့ပဲချယ်လှယ်နေကြတာပါ
    ReplyDelete
  4. အပေါ်ဆုံးကကွန်မန့်ရေးတဲ့ကောင်ကတိုင်းရင်းသား
    အချင်းချင်းစိတ်ဝမ်းကွဲပြီးမညီညွတ်စေချင်တဲ့ခွေးစိတ်ရှိတဲ့ကောင်မှမဟုတ်ရင် တိုင်းရင်းသားမဟုတ်တဲ့အမျိုးယုတ်ခွေးပဲဖြစ်ရမယ်
    ဗုဒ္ဓတရားရဲ့လမ်းစဉ်ကသူတပါးကိုစာနာဖို့မေတ္တာထားဖို့ပါ
    ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာလုပ်လို့ ဘယ်သူတွေကိုဒုက္ခပေးလို့လဲ
    တခြားဘာသာရဲ့ဘာသာရေးပွဲတော်တွေကျင်းပခွင့်ပိတ်လို့လား
    ဆော်ဒီနိုင်ငံလို့ကိုယ့်ဘာသာကလွဲပြီးဗုဒ္ဓပုံတော်လေးတွေ့တာနဲ့ဖမ်းဆီးအရေးယူတာမျိုးမြန်မာနိုင်ငံမှာရှိလား
    ဗုဒ္ဓဘာသာဝင်တွေကကိုယ့်ဘာသာကိုဇွတ်မယုံကြည်ခိုင်းဘူး
    ဇွတ်မဝင်ခိုင်းဘူး ဒါကိုအခွင့်အရေးယူပြီးဆော်ကားလာရင်
    ဗုဒ္ဓဘာသာကိုဝါးမြိုဖို့ ကြံစဉ်ရင်တော့ရန်သူလိုဆက်ဆံတာသဘာဝကြပါတယ်
    မြန်မာဆိုတာတိုင်းရင်းသားတွေနဲ့တသားထဲပါ
    စနစ်ဆိုးတွေအောက်မှာတိုင်းရင်းသားတွေမှမဟုတ်ပါဘူး
    မြန်မာတွေလဲအဖိနှိပ်ခံနေရတာပါခေတ်နောက်ကျပြီးမဖွံ့ ဖြိုးသေးတဲ့ဒေသတွေအများကြီးပါ နလံထမယ်ကြံခါစမြန်မာနိုင်ငံကိုတစစီဖြစ်အောင်တော့ဝိုင်းမကိုက်ကြပါနဲ့အမျိုးယုတ်ခွေးတွေရယ်
    ReplyDelete
    Replies
    1. မင်းကိုမေးချင်တယ်။
      ရွာလုံးကျွတ် မြေလှန်မီးရှို့ လို့
      မိသားစုတွေ တကွဲတပြားထွက်ပြေးကြရတဲ့
      အမိုးအကာမရှိဘဲ ရက်ပေါင်းများစွာ
      နေခဲ့ကြရတဲ့
      ဒုက္ခတွေ မင်းတို့ခံဘူးလား။
      နေ့ အခါတောထဲမှာ သွားပုန်း ဖြစ်သလိုစား
      ညကျမှ ရွာထဲပြန်လာရဲတဲ့ ဒုက္ခတွေ
      မင်းတို့ ခံစားဘူးလား။
      ကိုယ့်မျက်စိရှေ့ မှာ သားချင်းညီအမတွေကို
      မုဒိန်းကျင့်တာ အံကြိတ်ပြီးသာနေခဲ့ရတဲ့
      အဖြစ်မျိုး မင်းရောက်ဘူးလား။
      လယ်ထွန်ရင်း ဘယ်ကလာမယ်မှန်း
      မသိနိုင်တဲ့ ကျည်ဆန် အမြောကိဆန်တွေကို
      ဘယ်အချိန်ရောက်လာမလဲ ဆိုတာ
      သတိကြီးကြီး ထားနေရတဲ့ အဖြစ်မျိုး
      မင်းကြုံဘူးလား။
      လယ်ထွန်သွား တောထဲသွားရင်း မိုင်းနင်းမိ
      တဲ့ ဘဝမျိုးမင်းကြုံဘူးလား။
      လုပ်စားစရာမြေမရှိ သုံးစရာငွေမရှိ
      စားစရာ အစာမရှိ အဲဒီကြမ်းတမ်းတဲ့
      ဘဝမျိုး မင်းတို့ ဘယ်လောက်ကြာကြာ
      ဖြတ်သန်းဘူးလဲ။
      စစ်ပွဲတွေကြား မြေဇာပင် ဖြစ်ခဲ့ရသူ
      ဘယ်လောက်များများ မင်းကြုံဘူးလဲ။
      မင်းတို့ ဖိနှိပ်ခံရ ဒုက္ခရောက်ကြရတယ်
      ဆိုပေမဲ့ နေစရာ အမိုးအကာရှိတဲ့အိမ်
      ဝင်ငွေရတဲ့ အလုပ်အကိုင် ပြီး မိုင်းမရှိတဲ့
      လမ်းပေါ်မှာ ကျည်ဆန် အမြောက်ဆန်တွေ
      ကိုကြောက်စရာမလို ကိုယ့်သားချင်း
      ညီအမ တွေကိုလဲ စော်ကားမဲ့သူမရှိ။
      အဲဒီတော့ ငါတို့နဲ့တထပ်ထဲလို့မပြောပါနဲ့။
      မင်းတို့ မစာနာတတ်ပါဘူး။
      ဥပမာလေးတခုပြောချင်တယ်။
      အဲဒီအချိန်တုံးက ကချင်မှာစစ်ပွဲတွေဖြစ်လို့
      အဲဒီကလူတွေ တကယ့်အတိဒုက္ခ
      ရောက်နေတဲ့ အချိန်မှာ မင်းတို့တွေ
      ရန်ကုန်မှာ( dec 31st /2012 ညမှာ)
      new year ကြိုပွဲကို ခြိမ့်ခြိမ့်သဲ
      လုပ်နေကြတယ်။ မူးရူးပြီးပျော်နေကြတယ်။
      တဘက်မှာအတိဒုက္ခရောက်နေချိန်မှာ
      မင်းတို့ ပျော်နေကြတယ်။
      မင်းတခု စဉ်းစားကြည့်စမ်း။ ဥပမာပေါ့
      မင်းရဲ့ဘေးအိမ်မှာ နာရေးဖြစ်နေတယ်။
      ဒါကို မင်းက မင်းအိမ်ထဲကနေ အရက်သောက်
      သီချင်းတွေ အကျယ်ကြီးဖွင့်။ ပြီး ပျော်ပါး
      ကခုန်ပြနေမလား။
      မလုပ်သင့်ဘူးလေ။ စာနာကိုယ်ချင်းစာစိတ်
      ပြသင့်တယ်မဟုတ်လား။
      ဒီလိုဘဲ ငါတို့တိုင်းရင်းသားတွေနေကြတဲ့
      ကချင်ပြည်နယ်မှာ ဒီလောက်အတိဒုက္ခ ရောက်နေတဲ့အချိန်မှာ ရန်ကုန် မန္တလေး
      အစရှိတဲ့ နေရာတွေမှာ မင်းတို့တတွေ
      (ဘယ်လို နှလုံးသားမျိုးနဲ့)
      ပျော်ရွှင်မူးရူးမြူးတူးစွာနဲ့ နှစ်သစ်ကို
      ကြိုကြသလဲဆိုတာ စဉ်းစားလို့မရဘူး။
      ဟိုမှာက မနက်ဖြန်မပြောနဲ့။ ဒီနေ့တောင်
      ဘယ်လိုအသက်ရှင်ရပ်တည်ရမလဲ
      ဆိုတာ မရေရာနေတဲ့အချိန်။
      ထပ်ပြီး ဥပမာလေး ပေးချင်တယ်။
      မလေးရှားနိုင်ငံဟာ နှစ်စဉ်နှစ်တိုင်း
      new year ကို နိုင်ငံတော် အခန်းအနား
      အနေနဲ့ ခြိမ့်ခြိမ့်သဲ ကျင်းပနေကြ။
      ဒါပေမဲ့ ဆူနာမီ ကျတဲ့နှစ်မှာ
      (ဆူနာမီက dec 26th) သူ့နိုင်ငံလည်း
      ဘာမှ အပျက်အစီးပြောပလောက်အောင်
      မရှိပါဘဲနဲ့ (ပြောရရင်တော့ ဆူနာမီ
      လွတ်တယ်ပေါ့) new year ကြိုဆိုပွဲကို
      ဖျက်သိမ်းလိုက်တယ်။ ဘာကြောင့်လဲဆိုတော့
      အိမ်နီးချင်း indonesia မှာ လူတွေ
      သေကျေပျက်စီး အတိဒုက္ခရောက်ကြရတာကို
      ကိုယ်ချင်းစာနာတဲ့အတွက်
      ဖျက်သိမ်းလိုက်ရခြင်းပါတဲ့။
      ကဲ မင်းပြော။ အပေါ်က ဥပမာ နှစ်ခုကို
      ဘယ်လို သုံးသပ်မလဲ။ မင်းတို့ ဘယ်လို
      အော်နေအော်နေ လုပ်ရပ်တွေက သက်သေ
      ပြနေတာဘဲ။ စာနာမှု မင်းတို့မှာ မရှိပါဘူး
      ကိုယ့်ထိမှ နာကြတဲ့ လူတွေပါ။
      တကယ်တော့
      တိုင်းရင်းသားအရေး မင်းတို့ ခေါင်းထဲ
      မရှိကြပါဘူး။
      Delete
  5. သူငယ်ချင်းမင်းမှန်တယ်ရှမ်းပြည်လဲဒုက္ခရောက်နေချိန်မှာ
    သူတို့ တတွေဟာဒါကိုဂရုမစိုက်သလိုပျော်နေကြတယ်
    ငါကြုံခဲ့သလိုပြောပြမယ်ဗမာပြည်တောရွာတွေဟာတို့ 
    တောင်ပေါ်တောရွာထက်အဆပေါင်းများစွာဆင်းလေတော့
    ငါတို့ ဒုက္ခရောက်ရင်သူတို့ ပျော်မှာပေါ့
    ပြောတော့တိုင်းရင်းသားတဲ့အခုထိစစ်ပွဲတွေဖန်တီး
    သတ်ဖျက်တာခံနေရတုန်းပါပဲ
    ဒါလဲသူတို့ ပျော်နေကြမှာပါ
    တိုင်းရင်းသားထဲမှာဘယ်သူမှစစ်မဖြစ်ချင်ကြဘူး
    ဒါပေမဲ့သူတို့ ကစစ်မဖြစ်ဖြစ်အောင်ပုံသွင်းနေကြတော့
    ဘယ်ခံမလဲ
    တကယ်လို့ သာတိုင်းရင်းသားလက်နက်ကိုင်မရှိခဲ့ရင်မင်းတို့ 
    ငါတို့ ရဲ့အစ်မညီမတွေဖာသယ်မတွေလိုမုဒိမ်းနေ့ တိုင်းကျင့်ခံ
    ရမှာမလွဲပဲ
    ReplyDelete
  6. အ​ပေါ်က ကချင်​​ကောင်​နဲ့ရှမ်း​ကောင်​ ကို​မေးချင်​တယ်​ လက်​ခုပ်​ဆိုတာတဖက်​ထဲတီးလို့မြည်​လား မင်းတို့​ခေါင်း​ဆောင်​​တွေရဲ့ချီးစားပြီးကြီးလာတဲ့​သောက်​သုံးမကျအမှု​တွေအများကြီးပါလို့စစ်​ဖြစ်​ရတာ မင်းတို့​တွေအမှန်​ကိုမြင်​တတ်​ပါ မိုင်း​ထောင်​တာဘယ်​သူလဲ ဘိန်းစိုက်​တာဘယ်​သူလဲ ဆပ်​​ကြေး​ကောက်​တာဘယ်​သူလဲ တကယ်​စစ်​ဖြစ်​ချင်​တာဘယ်​သူလဲ ဗုဒ္ဓဘာသာဆိုတာငြိမ်းချမ်းတဲ့ဘုရားရဲ့အဆုံးအမပါ ကံ၊ကံရဲ့အကျိးကိုလက်​​တွေ့ယုံကြည်​ကျင့်​သုံးရတယ်​ ငါတို့မှာဘုရားသခင်​ကဖန်​ဆင်းတယ်​ဆိုတဲ့ ဒိဌိအယူမရှိဘူး အရင်​ဘဝကအကုသိုလ်​များခဲ့လို့လက်​ရှိဘဝမှာမင်းတို့​တွေမမြင်​ချင်​တာမြင်​ရတယ်​၊မကြားချင်​တာကြားရတယ်​ အ​နေအစားဆင်းရဲရတာ​တွေကဗုဒ္ဓဘာသာ​တွေကိုအပြစ်​မတင်​နဲ့ ကိုယ့်​ကိုကိုယ်​ပြန်​အပြစ်​တင်​ နုင်​ငံတနုင်​မှာနိုင်​ငံ​တော်​ရဲ့ဘာသာ ဆိုတာရှိမှာဘဲ ဗုဒ္ဓဘာသာအများစု​မို့နိုင်​ငံ​တော်​ဘာသာပြဌန်းတာ မင်းတို့ခရစ်​ယာန်​အများစု​နေတဲ့အင်္ဂလန်​​မှာဘာ ဘာသာလဲ မွတ်​စလင်​​တွေ​နေတဲ့​ဆော်​ဒီမှာ​ရောဘာ ဘာသာလဲ အမှန်​ကိုမြင်​ပါ ငရဲပြည်​ရဲ့အ​ပေါ်ဆုံးသိဉ္ဇိင်းငရဲကငါတို့​နေတဲ့​မြေကြီးနဲ့ယူဇနာ ၁၅၀၀၀ ပဲ​ဝေးတာ​နော်​ ​လောကမှာ မိစ္ဆာဒိဌိ က​အပြစ်​အကြီးဆုံး​နော်​ ကမ္ဘာပျက်​လဲ​နောက်​ကမ္ဘာသစ်​မှာ အဝီစိငရဲမှာဆက်​ခံရမှာ အမှန်​တရားကိုမြင်​တတ်​ပါ​စေ
    ReplyDelete
    Replies
    1. အင်္ဂလန်က လူကိုတန်ဘိုးထားတဲ့
      နိုင်ငံကွ။ မူဆလင် အကြမ်းဖက်သမားတွေ
      သူတို့စစ်သားကို သတ်သွားတာကို
      အကြမ်းဖက်တွေကိုသာဆန့်ကျင်ဆန္ဒပြ
      ကြတာ ဗလီတွေ အိမ်တွေကို မီးမရှို့
      မဖျက်စီး ကြဘူးကွ။
      နောက်ပြီး ငါတို့ နိုင်ငံဟာသီးခြားဖြစ်စဉ်
      တခုပါ။ ပြည်ထောင်စု ဆိုတဲ့စကားကို
      မင်းဘယ်လိုသဘောပေါက်လဲ။
      ပြည်နယ်တွေဟာ အရင်က ကိုယ့်မင်းကိုယ့်ချင်းနဲ့နေခဲ့ကြတာ။ သမိုင်းသက်သေရှိတာဘဲ။အဲဒါကို
      မြန်မာပြည်ထဲအတင်းသွပ်သွင်း ပြီး
      ငါတို့က လူများစုမို့ အုပ်ချုပ်မယ်။ လိုချင်တဲ့
      ဥပဒေတွေပြဌါန်းမယ်။ တိုင်းရင်းသားတွေက
      လူနည်းစုဆိုတော့လိုက်နာကြရမယ်။
      ဒီလိုသဘောမျိုးနဲ့
ှီုဦးနု နေဝင်း သန်းရွှေ တို့ လုပ်ချင်တာ
      လုပ်သွားခဲ့ကြတယ်။ လက်ရှိအစိုးရကလည်း
      သူတို့ရဲ့ လွှမ်းမိုးမှုအောက်မှာရှိနေတုန်းဘဲ။
      ကယားပြည်နယ်က လျှပ်စစ်မီးကို
      ရန်ကုန် နေပြည်တော် မန္တလေးတို့မှာ
      သုံးနေပေမဲ့ ကယားတပြည်လုံး မီးမလင်း
      ပါဘူး။ တိုင်းရင်းသားတွေရဲ့အရေး
      ဘယ်တုန်းကမှ ပြောဆိုတင်ပြခွင့်မရှိခဲ့သလို
      အစိုးရအဆက်ဆက်ကလည်း မျက်စိမှိတ်
      ထားခဲ့တာပါ။ဒါကြောင့်လဲ အစိုးရ လုပ်ချင်
      တိုင်း ပြန်စဉ်းစားနိုင်ဖို့
      တိုင်းရင်းသား
      လက်နက်ကိုင်တွေ ပေါ်လာရတာပေါ့။
      check and balance ကိုမင်းနားလည်မှာပါ။
      လူမျိုးစုလက်နက်ကိုင်တွေဟာ
      မင်းတို့ရဲ့ လူများစုကြီးဆိုတဲ့ မဟာစကားကြီး
      မပျောက်မချင်း ရှိနေကြဦးမှာဘဲ။
      ပြည်နယ်တွေဟာ ဗိုလ်ချုပ်ရဲ့ ဖယ်ဒရယ်မူ
      ကြောင့်သာ ပြည်မနဲ့ပေါင်းပြီး လွတ်လပ်ရေး
      တောင်းဆိုခဲ့တာပါ။ အဲဒါကို မင်းတို့တွေက
      အမွေ ရသလို
      (ပြည်နယ်တွေဟာ မြန်မာပိုင်ဆိုပြီးသတ်မှတ်ထားတယ်ဆိုရင်)
      သဘောထားနေရင်မှားမှာပေါ့။
      မင်းတို့ဟာ လူများစုမို့ လုပ်ချင်တာလုပ်မယ်
      ဆိုရင် ပြည်ထောင်စုဖြစ်အောင် ပေါင်းစည်း
      ပါဝင်ပေးထားတဲ့ ပြည်နယ်တွေကို
      သစ္စာဖေါက်ရာကြမှာပေါ့။
      တခုမင်းတို့ သတိထားရမဲ့ အချက်က
      ပြည်နယ်တွေဟာ မင်းတို့ပြည်မကြီး
      အတွက် အဖြည့်ဆည်းခံဘဝ မှာ
      အမြဲတန်း နေသွားမှာ မဟုတ်ဘူးဆိုတာဘဲ
      နောက်တခုက မင်း ခရစ်ယာန်ဘာသာ
      ကို ဒိဌိဆိုပြီး မစော်ကားနဲ့။ အပေါ်ကပြောနေ
      တာတွေဟာ ဗုဒ္ဓဘာသာကို နိုင်ငံတော်
      ဘာသာပြုလုပ်ခြင်း အပေါ်မှာ ပြောဆိုနေကြ
      တာ။ ဗုဒ္ဓဘာသာကို စော်ကားနေကြတာ
      မဟုတ်ဘူး။ နောက်ပြီး မင်းတို့လိုအတွေး
      အခေါ်ရှိကြတဲ့ လူတွေ များလာရင်
      ငါတို့ အတွက် မတွေးဝံ့စရာဘဲ။
      မင်းတို့ရဲ့ စိတ်ထားတွေဟာ
      အရမ်းကြောက်ဖို့ ကောင်းလာပြီ။
      ငါတို့လည်း ဒီ့ထက်ပိုပြီး ပြင်ဆင်မှုတွေ
      လုပ်ကြရတော့မယ်။
      လက်နက်ကိုင် တပ်ဖွဲ့အတွက် ရပ်တည်ဖို့
      အခွန်လိုတယ်လေ။
      အစိုးရ တခုလည်း အခွန်ပေါ်မှာရပ်တည်ရ
      တာဘဲမဟုတ်လား။
      အဲဒီတော့ အစိုးရကကောက်တော့ အခွန်
      အခြား လက်နက်ကိုင်တွေက ကောက်တော့
      ဆက်ကြေးပေါ့။
      တိုင်းရင်းသားတွေ ဘိန်းမစိုက်ရင်
      မင်းတို့က ထမင်းလာကျွေးမှာလား။
      အစိုးရရဲ့ policy တွေ လိုတယ်ကွ။
      ပြည်နယ်တွေမှာ ရှိသမျှ သယံဇာတ တွင်းင်္ထက် အားလုံး မင်းတို့ချည်း
      လက်ဝါးကြီးအုပ်ထားကြတာ
      တိုင်းရင်းသားတွေ ဘာသွားလုပ်ရမလဲ။
      Delete
    2. ပြည်ပအားကိုပုဆိန် ရိုး အသားထည်းလောက်ထွက်မင်းအတွက်ပေလိုက်ပါသည် ငါ့စာတည်။
      နိုင် ငံ့ခေါင်းဆောင်ယောင်တောင့့်ဘာလုပ် ရမန်းမသိပေါင်။
      နိုင်ရေးသမား လေကထွာ့း့တကယ်ဘေးရောက်သူလဲပြောက်။
      မီဒီယာသမားရန်တိုက်စာ့း့မြှောက်ပေးနှိုပ်ချသူတို့ဘဝ။
      စစ်တပ်+တိုင်ရးသားလက်နက်ကိုင် လူသက်ပြိုင်။
      တရုပ်ကအမြတ်ထုပ် သယံအလုပ်။
      ကုလားတစ်ဖန်အကောက်ကြံ့လူမျိုး မျိုရန်ကြံ။
      ဗမာလူးဆိုး အချင်းချင်းထိုး။
      ရှမ်းကဘိန်းစား ဘိန်စိုက်စီပွားကိုက်။
      ကရင် ဘီလူးအ သောက်စာကြူး တဇွတ်ထိုမာန်သူတို့ဟန်။
      ရခိုင် က ကလား မဒိန်းသမား။
      ကချင် ရစ်ထုပ် ကာမလုပ် ချင်းလည်းထိုအတူပဲ။
      မွန်က မှောင် ခို့လုပတိုင် လို။
      ကယားငအ လုပ်တိုင်းရ(ထင် တာပဲ)
      ဒီလိုပဲအတင်းအဖင်းတွေပြေားနေမလားအတ္တ အာဃာတ တွေ သူအမြင် ကိုယ့်အမြင်တွေနဲငြင်းခုံပြီအချိန်မဖြုန်းနဲ ကိုယ့်ရဲ့ခံယူချက်ကိုအလုပ်နဲအပြင် ထွက်ပြီးသက်သေပြကြားလား ငတိတွေ့။
      ပုံ အရူး ;0
      Delete
    ReplyDelete
    Replies
    1. အပေါ်က ကိုရခိုင်လဲ မမှတ်သေးဘူးဘဲ။
      မြွေပွေးနဲ့ရခိုင်ဆိုရင် ရခိုင်အရင်သတ်
      ဆိုတဲ့စကား ဘယ်ကပေါ်လာတာလဲ။
      မင်းမနာတတ်ဘူးလား။
      ခုလည်း မင်းတို့ ရခိုင်ကမ်းလွန်က
      ထွက်တဲ့ gas တွေကို တရုပ်ပို့နေတာ
      မင်းတို့ ဘယ်လောက် ခံစားခွင့်ရှိသလဲ။
      နောက်ပြီး ဘင်္ဂါလီတွေ ကိစ္စက
      မင်းပြောတဲ့ မင်းတို့အသိအမှတ်ပြုထားတဲ့
      အစိုးရတွေကဘဲ သူတို့အတွက်
      အသုံးချနေကြတာမဟုတ်လား။
      နောက်ပြီး သူတို့ ဝန်ထမ်းတွေရဲ့ အဂတိ
      လိုက်စားမှုတွေကြောင့်ပိုဆိုးလာခဲ့တာ။
      ဒါတွေကိုအခု မင်းတို့ ရင်စည်းခံနေကြရပြီ။
      ဒီကိစ္စမှာ အစိုးရ နဲ့သူ့ဝန်ထမ်းတွေ တာဝန်
      အရှိဆုံးဖြစ်တယ်။ သူတို့ အခုထိခေါင်းရှောင်တုံး။ ဒီလိုဘဲ ငါတို့
      အရှေ့ ဘက်မှာလဲ တရုပ်တွေ ကိစ္စဟာ
      အရမ်းသတိထားကြရတော့မယ်။
      ဒါတွေကို မင်းပြောတဲ့ လူတိုင်းထောက်ခံတယ်
      ဆိုတဲ့ အစိုးရ ဘာလုပ်နေလဲ။
      ဘိန်းစိုက်တဲ့တောင်သူတွေ မင်းပြောသလို
      လောဘကြီးကြတာမဟုတ်ပါဘူး။
      သူတို့လဲ မချမ်းသာကြပါဘူး။ ငါတို့တွေဟာ
      ဘဝကို ရိုရိုးအေးအေးနဲ့ နေချင်ကြတာပါ။
      ဘိန်းစိုက်တာ ရွေးစရာလမ်းမရှိလို့။
      ငါတို့ဆီမှာ မင်းတို့လို စိုက်ပျိုးစားရိတ်ချေးငွေတို့ လယ်ယာထောက်ပံ့ကြေးတို့ အစရှိတဲ့
      အစိုးရရဲ့ ကူညီမှု မရကြဘူး။
      တောင်ယာလုပ်ဖို့ ကိုယ်ပိုင်အရင်းအနှီးလဲ
      ချို့ တဲ့ကြပါတယ်။ ချေးငွေ ထုပ်ပေးတဲ့
      သူတွေကလည်း ဘိန်းစိုက်မှ ထုပ်ချေးချင်ကြတယ်။ ငါတို့ ဘဝရပ်တည်မှု
      အတွက် ရွေးစရာလမ်းမရှိကြတော့
      လုပ်ကြရတော့တာပေါ့။
      ဒါပေမဲ့ ငါတို့ဘဝတွေဟာ ဘာမှပြောင်းလဲ
      တိုးတက်မလာပါဘူး။
      တကယ်ချမ်းသာသွားတဲ့ သူတွေက
      ဘိန်းကို ကူးသန်းရောင်းဝယ် ထုပ်လုပ်
      ရောင်းချနေတဲ့ သူတွေပါ။ ခွန်ဆာတို့
      လော်စစ်ဟန်တို့ ကို မင်းသိမှာပါ။
      တခုထူးဆန်းတာက မင်းပြောတဲ့ လူတိုင်း
      အသိအမှတ်ပြု တဲ့ မင်းတို့ အစိုးရတွေဟာ
      ဘိန်းကိုသာ တရားမဝင်အဖြစ် ကြေငြာ
      ထားတာ။ဒါပေမဲ့ အဲဒီလုပ်ငန်းက ရတဲ့
      ငွေတွေ ကိုတော့ တရားဝင်လက်ခံထား
      ပါလား။ဘိန်းဘုရင်တွေ ဖြစ်ကြတဲ့
      ခွန်ဆာ လော်စစ်ဟန်တို့ကို သူတို့ရဲ့
      ဘိန်းလုပ်ငန်းက ရတဲ့ ငွေတွေနဲ့
      မြန်မာပြည်ထဲမှာ တရားဝင်စီးပွားရေး
      လုပ်ခွင့်ပေးထားတာဘဲ။
      ပြီး ဘိန်းနှိမ်နှင်းဖို့ ထောက်ပံ့ထားတဲ့
      (နိုင်ငံတကာက) ငွေတွေကို ဘိန်းနှိမ်နှင်းမှု
      အတွက် ဟန်ပြလောက်သာ သုံးပြီး
      ကျန်တာအကုန် အိပ်ထဲထည့်နေကြတာ။
      အခုလည်းကြည့်။ ဘင်္ဂါလီကိစ္စ တာဝန်မဲ့
      သူတွေကို အပြစ်တင်ရမဲ့ အစား
      ငါတို့ကို မင်းက အပြစ်တင်ချင်နေတာလား
      နောက်တခုက လက်နက်ကိုင်တွေရဲ့
      သမိုင်းကိုလေ့လာကြည့်ပါ။ နိုင်ငံရေးအရ
      လက်နက်ကိုင်ကြသူတွေဟာ ဘိန်းကုန်
      မကူးကြပါဘူး။ ဘိန်းကုန်ကူးသူတွေဟာ
      နိုင်ငံရေး မလုပ်ကြပါဘူး။
      ငါတို့လည်း ငြိမ်းချမ်းတဲ့ ဘဝ ကိုမြတ်နိုး
      ကြတာပါဘဲ။ တိုင်းရင်းသားလက်နက်ကိုင်
      တွေနဲ့ အစိုးရ တပ်တွေကြား မြေဇာပင်
      ဘဝကလည်းလွတ်ချင်ပါပြီ။
      ဒါပေမဲ့ ပြည်မကလူတွေ သဘောထား
      မကြီးသမျှတော့ ငြိမ်းချမ်းရေးဆိုတာ
      ဖြစ်မလာနိုင်ဘူး။
      အဲဒီလို သဘောထားမကြီးခဲ့ကြလို့လဲ
      တိုင်းရင်းသား တပ်ဖွဲ့တွေ ပေါ်လာကြတာပေါ့
      သဘောထားကြီးမှုကို ပြည်မက အရင်ပြမှ
      ရမယ်။ ဘာဖြစ်လို့လဲဆိုရင် တခုခု
      အမှားအယွငိး ဖြစ်သွားခဲ့လို့ ရှိရင်
      ငါတို့ က ခံဖက်ကချည်းဘဲ။
      တကယ်လို့ ရခိုင် လက်နက်ကိုင်တွေ
      ရှိလာရင် သူတို့ကိုထောက်ခံမလား။
      အစိုးရကိုထောက်ခံမလား။ မင်းဟာမင်း
      ဆုံးဖြတ်။ မြန်မာပြည်က လူတွေဟာ
      မဆလ နဲ့ နဝတ ခေတ်တလျှောက်လုံးမှာ
      သူတို့ရဲ့ ဝါဒဖြန့်မှုတွေကြားမှာ ကြီးပြင်း
      လာကြရတာဆိုတော့ တကယ့်အမှန်တရား
      ဆိုတာကို ကိုယ့်ဟာကိုယ်ဘဲ
      ရှာကြရတော့မှာ။
      Delete
  8. ရခိုင်ကောင်ကိုမေးချင်တယ်မင်းတို့ အတိတ်သမိုင်းပြန်ကြည့်
    ဖို့ ကောင်းပြီမင်းတို့ ရဲ့လူမျိုးတွေကိုအရင်ကပျောက်ကွယ်လု
    သတ်တာဘယ်သူလဲမင်းကိုယ်သမိုင်းကိုမသိသေးတဲ့နလဗိန်းတုံး
    ဘဲ
    ReplyDelete
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။