/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, July 30, 2013

.

သယံဇာတ ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရေး တွန်းအားပေးရန် UNFC နှင့် ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ တွေ့ဆုံမည်

ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းနှင့် စပ်လျဉ်း၍ ဒေသခံများအပေါ် ထိခိုက်နစ်နာမှုများ ဆက်လက် မဖြစ် ပေါ်ရေးနှင့် သယံဇာတ ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရေး တွန်းအားပေးနိုင်ရန် ညီ ညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့မှ ဦးဝင်းအောင်က ပြောကြား သည်။


မြန်မာနိုင်ငံ၏ မြို့ပေါင်း ၂၀ ကျော်အား ဖြတ်သန်းသွားသည့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှာ ပိုက်လိုင်း တစ်လျှောက်တွင် နေထိုင်သော ဒေသခံ မြန်မာပြည်သူများ၏ ထိခိုက်နစ်နာမှုများကို အပြီးသတ် ဖြေရှင်း ခြင်း မပြုရသေးမီ အချိန်တွင် ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့အား တရုတ်နိုင်ငံသို့ တင်ပို့နေပြီ ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း သယံဇာတ ထုတ်လုပ်မှုများနှင့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းကဲ့သို့ ဒေသခံ ပြည်သူလူထု အ တွက် နစ်နာသည့် စီမံကိန်းများ လုပ်ဆောင်ရာတွင် ယခုထက် ပိုမို၍ ပွင့်လင်းမြင်သာမှုရှိရေး လုပ်ဆောင် ရန် စီမံကိန်းများ တည်ရှိရာ ဒေသများမှ ဒေသခံ အဖွဲ့အစည်းများနှင့် ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ တို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေပြီး အဆိုပါ ဆွေးနွေးပွဲမှ ဒေသခံများ၏ တင်ပြချက်များကို ညီညွတ် သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ခေါင်းဆောင်များသို့ တင်ပြဆွေးနွေးသွားမည် ဖြစ် ကြောင်း ဦးဝင်းအောင်က ပြောကြားသည်။

''အခု ကျွန်တော်တို့ အဖွဲ့က စီမံကိန်း တစ်လျှောက်မှာ ရှိနေတဲ့ ဒေသခံ ပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေး နေပါတယ်။ ဒေသခံ ပြည်သူလူထုရဲ့ တင်ပြချက်တွေကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC) ရဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို တင်ပြသွားမှာပါ'' ဟု ဦးဝင်းအောင်က ဆိုသည်။

မြန်မာနိုင်ငံအတွင်း တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီမှ ၀င်ရောက်မြှုပ်နှံသည့် ရွှေသဘာဝဓာတ်ငွေ့ စီမံ ကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်တပ်တိုးချဲ့ ချုပ် ကိုင်လာမှုများအား ပြည်သူများ ခံစားနေရသည်။ ယင်းဓာတ်ငွေ့ ပိုက်လိုင်းသည် ဇီဝမျိုးကွဲများ ပေါကြွယ် ၀သည့် မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၂၁ မြို့နယ်အား ဖြတ်သန်းသွားသည့် အတွက် သစ်တောများကို နှစ်] ခြမ်းပိုင်းခြား ပစ်လိုက်သည့်အပြင် ပိုက်လိုင်းဖြတ်သန်းရာ ဒေသတစ်လျှောက်တွင် ကမ္ဘာပေါ်တွင် ၁၀ ခု မြောက် ထိခိုက်နစ်နာမှု အရှိဆုံးသစ်တော ဖြစ်လာစေသည့်အပြင် သစ်တောပြုန်းတီး မှုများလည်း ထပ်မံ ဖြစ်ပေါ်စေကြောင်း ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းပြဿနာအား ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ ခေါင်းဆောင်များသို့ အဓိကတင်ပြ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။