/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 17, 2013

.

အလောင်းမင်းတရားကြီး၏ ရွှေစာချွန်လွှာ မြန်မာနိုင်ငံသို့ ပြန်လွှဲပေး ရန် ဂျာမနီအစိုးရ လုပ်ဆောင်နေ



ဂျာမနီနိုင်ငံဟန်နိုဗာမြို့ရှိ Leibniz စာကြည့်တိုက် တွင် နှစ်ပေါင်း ၂၅ဝ ခန့်ထိန်းသိမ်းထားသော အလောင်း မင်းတရားကြီး၏ ရွှေစာချွန်လွှာအား မြန်မာ နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးရန် လုပ် ဆောင် နေပြီး နေပြည် တော်ရှိ ဆောက်လုပ်ဆဲ အမျိုးသား ပြတိုက်ဖွင့်ပွဲအမီ လွှဲပြောင်းပေးနိုင် လိမ့် မည်ဟု ဂျာမနီနိုင်ငံခြားရေး ဝန်ကြီး ကော်နယ် လီယာပိုက်ပါက ပြောသည်။


''ဒီရွှေပေလွှာကို ပြန်လည်လွှဲ ပြောင်းပေးဖို့ ကျွန်မတို့ လုပ်နိုင်တာ အကုန်လုံး လုပ်ပြီးသွားပြီ''ဟု အထက်ပါ ဝန်ကြီးက ဆိုသည်။

ကုန်းဘောင်မင်းဆက် တည် ထောင်သူ အလောင်းမင်းတရားကြီး ဦး အောင်ဇေယျက ၁၇၅၆ ခုနှစ်တွင် ဗြိ တိန်အင်ပါယာပြည့်ရှင် ဒုတိယမြောက် ဂျော့ခ်ျဘုရင်ထံသို့ ပုသိမ်မြို့တွင် ဆိပ် ကမ်းဖွင့်ခွင့်ပြု မည့် အကြောင်း ရွှေသား အတိပြီးသော စာချွန်တော် ပေးပို့ခဲ့သည်။ အဆိုပါ ရွှေစာချွန်လွှာအား ဂျော့ခ်ျ ဘုရင်က ၄င်း၏ မွေးရပ်ဇာတိ ဖြစ်သော ဟန်နိုဗာမြို့Leibniz စာကြည့်တိုက်သို့ ပေးပို့၍ သိမ်းဆည်းထား စေခဲ့သည်ဟု သိရသည်။

သို့ရာတွင် မူရင်းရွှေစာချွန်လွှာကို ပြန်လည်လွှဲအပ်ပေးနိုင်ခြင်း ရှိ၊ မရှိသည် ဟန်နိုဗာပြည်နယ် အစိုးရနှင့် စာကြည့်တိုက်၏ သဘောထားအပေါ်တွင် မူတည်သည်ဟု ကော်နယ်လီယာ ပိုက်ပါက ဆိုသည်။

''မူရင်းကို ပြန်ပေးနိုင်၊ မပေးနိုင်ကတော့ ကျွန်မတို့ ပြည်ထောင်စုအစိုးရရဲ့ လုပ်ပိုင်ခွင့်ထဲမှာ မရှိပါဘူး'' ဟု သူမက ပြောသည်။

ရွှေစာချွန်လွှာမူရင်းကိုဖြစ်စေ၊ သိပ္ပံ နည်းကျပြုလုပ်မည့် မိတ္တူကိုဖြစ်စေ နေပြည်တော်တွင် ဆောက်လုပ် လျက်ရှိသော အမျိုးသားပြတိုက် ဖွင့်ပွဲအမီ ပေးပို့နိုင်မည်ဟု မျှော်လင့်ထားကြောင်း သူမက ပြောသည်။

ယခုကဲ့သို့ အလောင်းမင်းတရား ၏ ၁၈ ရာစု ရှေးဟောင်းလက်ရာ ကို ပြန်လွှဲပေးရေးသည် ဂျာမနီနှင့် မြန်မာ နှစ်နိုင်ငံကြား စာပေနှင့် ယဉ်ကျေးမှုဖလှယ်ရေး တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု သိရသည်။

''ကျွန်မတို့ မနေ့က (ဇူလိုင်လ ၁၅ ရက်) မြန်မာအစိုးရနဲ့ သဘောတူညီ ချက်တစ်ခုလက်မှတ်ရေးထိုးခဲ့ပါ တယ်။ စာပေ၊ ယဉ်ကျေးမှုတွေ အပြန် အလှန် ဖလှယ်ဖို့နဲ့ Goethe Institute ကို ရန်ကုန်မှာ ဖွင့်ဖို့တို့ ပါပါတယ်'' ဟု သူမက ပြောသည်။

ဂျာမနီစိုးရသည် ရန်ကုန်မြို့မှ Goethe Institute ကို ၁၉၆၅ ခုနှစ်တွင် ပိတ်ခဲ့ပြီး ယခုအခါ ပြန်လည်ဖွင့်လှစ် ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

''ဦးနေဝင်း လက်ထက်မှာ ကျွန် တော်တို့ ဘာမှ လုပ်လို့မရခဲ့လို့ ပိတ်ခဲ့ရတာပါ။ အခု ရုံးကိုတော့ ၂ဝ၁၄ ခုနှစ် အစောပိုင်းမှာ ဖွင့်မှာပါ မတ်လ မ တိုင်မီပေါ့'' ဟု Goethe Institute ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ Klaus Dieter Lehmann က ပြောသည်။

Popular Myanmar News Journal

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။