/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 17, 2013

.

ငှက်ပျောသီးနှင့်ပေါင်းတင်ကြည့်ပါ



မည်သို့သောအသားအရေ ပုံစံ မျိုးအတွက်မဆို ငှက်ပျောသီး ၏ ပိုတက်စီယမ်၊ ဘီတာကရိုတင်း၊ ဗီ တာမင် B အုပ်စုတို့ ကြွယ်ဝမှုကြောင့် အသားအရေအတွက် အထူးကောင်း မွန် စေသည်။


ပိုတက်စီယမ်သည် ရေဓာတ် ထိန်းသိမ်းခြင်း၊ မျက်အိတ် ကြီးခြင်း၊ မျက်ကွင်းမည်းခြင်းအတွက် အသုံးတည့် သည်။

ဘီတာကရိုတင်းက ခန္ဓာကိုယ်အား ဗီတာမင် ဗ ရရှိစေခြင်း၊ Free radical ဓာတ်တိုးပစ္စည်းကို ဟန့်တားခြင်း၊ နုပျိုသောဆဲလ်များကို ရရှိ စေခြင်းနှင့်အသားအရေကို ချောမွေ့ နူးညံ့စေခြင်းတို့ကို ပြုလုပ်ပေးသည်။

ပျားရည်နှင့်သံပရာသီးများက အသားအရေကို သန့်စင်စေခြင်း၊ ရောဂါပိုးကပ်ငြိစေသောအရာများကို တိုက် ထုတ်ပေးခြင်း၊ အရေပြား အက်ကွဲမှုကို ကာကွယ်ပြီး အသားအရေ တင်းရင်းစေခြင်းတို့ကို ဖြစ်စေသည်။

ပြုလုပ်နည်း

-ငှက်ပျောသီးမှည့်ကို အခွံခွာ၍ ခရင်းကိုသုံးပြီး ပန်းကန်လုံးထဲသို့ ချေထည့်ပါ။

-ပျားရည်နှင့်သံပရာရည်ကို လက် ဖက်ရည်ဇွန်းနှင့် (၁)ဇွန်းစီ ထည့်ပါ။

-မျက်နှာပေါ်တွင် မျက်လုံး၊ မျက်ခွံ ကို ရှောင်၍ ဖြန့်လိမ်းပါ။ (၁၅) မိနစ်ထားပါ။

-ရေနွေးနှင့်ဆေးပါ။ နောက်ဆုံး အဆင့်ကို ရေအေးနှင့်ဆေးချပါ။

-မျက်နှာအသားအရေ၏ထူးခြားမှု ကို တွေ့ရပါလိမ့်မည်။



Health Updates Journal

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။