/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 17, 2013

.

အာဇာနည်နေ့ကို ရန်ကုန်မြို့တွင် ကားဟွန်း တီး၍ ဂုဏ်ပြုမည်



ဇူလိုင် ၁၆၊ ရန်ကုန်

၆၆နှစ်မြောက်အာဇာနည် နေ့ကို ဂုဏ်ပြုသော အားဖြင့် ရန်ကုန်မြို့တွင်း ၃၅မြို့နယ်ရှိ လူ စည်ကား ရာ နေရာများတွင် တက်္ကသိုလ်ကျောင်းသားသမဂ်္ဂ မှ ဦးဆောင်၍ ကားဟွန်းတီး ခြင်းကို နံနက် ၁၀း၃၇ မိနစ်တွင် တစ်ပြိုင်တည်းပြုလုပ်သွားမည် ဖြစ်သည်။


အာဇာနည်ခေါင်းဆောင် ကြီးများအား ဂုဏ်ပြု လိုသည့် ပြည်သူများ၏ဆန်္ဒကို အစိုးရမှ ဖြည့်ဆည်းပေးရန်ပျက်ကွက် သည့်အတွက် ကျောင်းသားများ မှ ပြည်သူလူထုနှင့်ပူးပေါင်းကာ ပြည်သူတို့၏ဆန်္ဒကို ဖြည့်ဆည်း ပေးခြင်းဖြင့် အစဉ်အလာ ကောင်းတစ်ရပ်ကို ပြန်လည်ဖော် ထုတ်ရန် ပြုလုပ်သွားမည်ဖြစ် သည်ဟု ရန်ကုန်စီးပွားရေး တက်္ကသိုလ်ကျောင်းသားများ သမဂ်္ဂ အထွေထွေအတွင်းရေး မှူး ကိုဇေယျာလွင်ကပြော သည်။

အစိုးရအနေဖြင့် အာဇာ နည်နေ့ကို ဥသြဆွဲဂုဏ်ပြုသည့် အစီအစဉ်အားမလုပ်သော် လည်း တ.က.သမှ ဦးဆောင် လုပ်ခြင်းသည်လည်း ဆန့်ကျင် ခြင်းမဟုတ်ဘဲ ကျောင်းသားနှင့် ပြည်သူပေါင်းပါက ဘယ်အတိုင်း အတာထိဖြစ်နိုင်သည်ဆိုခြင်းကို ပြသလိုခြင်း ဖြစ်ကြောင်း၎င်းင်းက ဆိုသည်။

““ဒီနှစ်မှာလုပ်လို့အောင် မြင်ခဲ့ရင် နောက်နှစ်တွေမှာ အစိုးရကိုဖိအားတစ်ခုပေးနိုင် မယ်လို့ထင်ပါတယ်။ ဒီအတွက် အစိုးရဘက်က ပုဒ်မ ၁၈၊ဟွန်း ဥပဒေတွေနဲ့ စွဲလာရင်လဲခံနိုင်မှု ရှိမှာဖြစ်တယ်””ဟု ကိုဇေယျာ လွင်က ပြောသည် ။

တ.က.သများအနေဖြင့် အာဇာနည်နေ့တွင် ဥသြဆွဲဂုဏ် ပြုသည့်အစဉ်အလာကို အစိုးရ မှပြန်လည် တာဝန်ယူ ဆောင် ရွက်ပေးစေချင်ကြောင်းနှင့် ပြည် သူလူထုအနေဖြင့်လည်း ပူး ပေါင်းပါဝင်စေချင်ကြောင်း တိုက်တွန်းထားသည်။ ဟွန်းတီး ဂုဏ်ပြုခြင်းကို ရန်ကုန်မြို့အပြင် မအူပင်မြို့နယ်တွင်လည်း ပြု လုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

http://www.yeyintnge.com/2013/07/blog-post_4860.html#.UeYJj6y9YpM

3 comments:

  1. ကြိုဆိုပါတယ်။

    ReplyDelete
    Replies
    1. ကျုပ်မှာကားမရှိတော့ဘာနဲကြိုဆိုရပါလိမ်!!!သြော် လက်ခေါတ်မှုတ်ကြိုလို့ရလား???

      Delete
    2. အာဇာနည်နေ့မှာအမိမြန်မာနိုငံတော်ကို
      မျိုးချစ်စိတ်ဓာတ်အပြည့်အဝထားပြီး
      မိမိအသက်နဲ့ထက်တူရင်ဝယ်သားပမာ
      ကာကွယ်စောင့်ရှောက်တော်မူသာသန
      အာဇာနည်အမျိုးသားအာဇာနည်အဖြစ်
      ဆရာတော်ဦးဝီရသူအားဂုဏ်ပြုအပ်ပါ
      သည်ဘုရား
      ဆရာတော်သက်တော်ရာကျော်ရှည်ပါစေ။

      ဆရာတော်ကိုအသက်ပေး၍ကာကွယ်
      စောင့်ရှောက်မည့်
      မန္တလေးဗကကျောင်းသားများအဖွဲ့

      Delete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။