/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 17, 2013

.

နိုင်ငံရေး ဆွေးနွေး ပွဲ၌ “ဒေါ်စု” နှင့် အခြား ခေါင်းဆောင်များ ပါဝင်ရန် UNFC လိုလား



ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် အစိုးရ တို့အကြား နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ပေါ် လာပါက ပြင်ပ နိုင်ငံကြီး များနှင့် အထင်ကရ မြန်မာ့ နိုင်ငံရေး ခေါင်းဆောင် များ ပါဝင် နိုင်ရန် UNFC မှလိုလားကြောင်း UNFC ၏ လုပ်ငန်း အထောက် အကူပြု အဖွဲ့ ခေါင်းဆောင်ပဒိုမန်းမန်းက ပြောသည်။


ထိုသို့ ပါဝင် ရာတွင်လည်း UNFC ဘက်မှ လေ့လာ စောင့်ကြည့်သူ အဖြစ်သာမဟုတ်ပဲ ကြားဝင်ဖြန်ဖြေ ပေးသူအဆင့်ကို အစိုးရမှ ခွင့်ပြုပေးသွားရန် ဆက်လက်ညှိနှိုင်းသွားမည်ဟုလည်း ဆိုပါသည်။

“ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးတို့ အပါအဝင် NBF ခေါင်းဆောင်တွေ၊ နောက် မွန်၊ ရခိုင်အပြင် တခြား အထင်ကရ ခေါင်းဆောင်တွေ ဖိတ်ဖို့ အဓိက စဉ်းစား ထားတဲ့ အထဲမှာ ပါပါတယ်။ တစ်ဘက်ကို တစ်ဘက် ယုံကြည်မှုရဖို့ ယုံကြည်မှု တည်ဆောက် ဖို့က နှောင့်နှေး ကြန့်ကြာမှုကိုဖြေလျော့ဖို့ အတွက် ကြားဝင် ဖြန်ဖြေ မှုက မဖြစ်မနေလိုအပ်တယ်လို့ ကျနော်တို့ လက်ခံတယ်” ဟု ပဒိုမန်းမန်းမှ ဆိုပါသည်။

UNFC မှ ဒေါ်အောင်ဆန်းစုကြည်အား အထင်ကရ ပုဂ္ဂိုလ်အဖြစ်၎င်း၊ လူထု ဒီမိုကရေစီ ခေါင်းဆောင်အဖြစ် ၄င်း၊ ၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရပါတီ တစ်ဦးအဖြစ်၎င်း လက်ခံယုံကြည်ထားပါသည်။

ထို့ပြင် လက်ရှိ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲ ရေးကို ဆောင်ရွက် နေသည့် သမ္မတ ဦးသိန်းစိန်၏ အစိုးရ အဖွဲ့ နှင့်လည်း နားလည်မှုအတိုင်းအတာတစ်ခုအထိရထားပြီးဖြစ်ကာ လွှတ်တော်၌လည်း ပါဝင်လာနိုင်ပြီ ဖြစ်ကာ ယခု ငြိမ်းချမ်းရေး ကိစ္စရပ်များ၌လည်း ပါဝင်စွမ်းဆောင် နိုင်မည်ဟု UNFC မှ သုံးသပ်ထားပါသည်။

ထို့ပြင် တိုင်းရင်းသား အဖွဲ့များမှ ယခင်ကတည်းကပင် ဒေါ်အောင်ဆန်း စုကြည်နှင့် စာအဆက်အသွယ် ရှိကြကာ ဒေါ်အောင်ဆန်းစုကြည်မှနှုတ်အရနှင့် စာအရ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား အခန်း ကဏ္ဍများနှင့်ပတ်သက်၍ တတ်စွမ်းသမျှ ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့မှုမျိုး ရှိခဲ့သည် ဟု ပဒိုမန်းမန်းမှ ပြောသည်။

“ကျနော်တို့ ဖိတ်ခေါ်ချက်ကို ငြင်းဖွယ်ရာ မရှိဘူးလို့ ယုံကြည်တယ်။ သူအနေနဲ့ ဝမ်းမြောက် ဝမ်းသာ ကြိုဆို လိမ့်မယ်လို့ ယုံကြည်တယ်” ဟု ၄င်းမှ ဆိုပါသည်။

ထပ်မံ၍လည်း တတိယ အင်အားစု၌ ပါဝင်မည့် နိုင်ငံများ အဖြစ် ထိုင်း ၊ တရုတ်၊ အိန္ဒိယ၊ US၊ UK၊ Canada၊ Japan ကဲ့သို့ နိုင်ငံများကိုလည်းနိုင်ငံရေးဆွေးနွေးပွဲ၌ ပါဝင်တက်ရောက်နိုင်ရန် ဖိတ်ကြားသွားရန် ရှိနေပါ သည်။ သို့မှသာလျှင် ဆွေးနွေးပွဲ၌ နိုင်ငံတစ်ခုခု၏ သြဇာလွှမ်းမိုးမှုကို ထိန်းညှိနိုင်မည်ဟု ဆိုပါသည်။

ထိုသို့ နှစ်ဖက် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး နိုင်ရန်အတွက် ပထမအဆင့်နှစ်ဖက်လုပ်ငန်း အထောက်အကူပြု အဖွဲ့တို့သည် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ပြီးခဲ့သည့် ဇူလိုင်လ(၁၃)ရက်နေ့က တစ်ကြိမ် တွေ့ဆုံခဲ့ကြပြီး ဖြစ်သည်။ ထပ်မံ၍လည်း ဇူလိုင်လ(၂၀)ရက်နေ့ နောက်ပိုင်းတွင် တွေ့ဆုံဖွယ်ရှိသည်ဟု နှစ်ဖက်ထုတ်ပြန် ပြောကြား ချက်များအရ သိရသည်။

သို့ရာတွင် ပြီးခဲ့သည့် ဇူလိုင်(၁၃)ရက် နှစ်ဖက်လုပ်ငန်း အထောက်အကူပြုအဖွဲ့များ တွေ့ဆုံခဲ့ကြရာ၍ အစိုးရ ဘက်မှ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန် တင်ပြခဲ့သည်။၎င်းနောက်မှ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်နိုင်ရန် ဆက်လက်လုပ်ဆောင်သွားခြင်းမျိုး အစိုးရကိုယ်စားလှယ်များက တင်ပြခဲ့ကြ သည်။

နှစ်ဖက် အကြား အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးရန် ဆိုသည့် ကိစ္စသည် နှစ်ခုစလုံး အရေးကြီး သည့်အရာဖြစ်ကာ ထိုနှစ်ခုသည် တစ်ခုပြီးမှ အခြားတစ်ခုကို ဆောင်ရွက်သွားရန်ဆိုခြင်းထက် တစ်ပြိုင်နက် အကောင်အထည်ဖော်သင့်သည့်လုပ်ငန်း ဖြစ်သည်ဟုလည်း ပဒိုမန်းမန်းမှ ထောက်ပြကာ ပြောကြားသွား သည်။

Phophtaw News Association

3 comments:

  1. အမိမြန်မာနိုငံတော်ကြီးကိုအမှန်တကယ်တိုးတက်ရာ
    တိုတက်စေကြောင်းရည်ရွယ်ချက်ကောင်းဖြင့်ပြုပြင်
    စေလိုပါသည် လု့အခွင်ရေးဆိုသည်မှာ ဥပဒေမဟုတ်ပါ
    လု့အခွင့်ရေးမည်မျှလောက်ဆိုစေကာမှူ အမျိုးသားအရေး
    ကိုအဓိကထားထင်မြင်ပါ၏မြေပျိုရုံနဲ့လူမျုမပျောက်နှိုင်ပါ
    ဘူးလူမျိုရင်တော့ခင်မင်တတ်တဲ့သနားတတ်တဲပေးကမ်း
    တတ်တဲ့မြန်မာမိန်းခလေးများအဆင်အဆက်ထိမ်းသိမ်း
    လာခဲ့သည်ဂုဏ်သိက္ခာလို့ခေါ်တဲ့တရားကမ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ်ဘာပေါ်မှာ
    မကြာသေခင်ကအမြင့်မြတ်ဆုံးဘာသာအဖြစ်မှတ်တမ်း
    တင်ခဲ့ရာမြန်မာ့ယာဉ်ကျေးမှူတွေကိုကမ္ဘ္ဘ္ဘ္ဘာတည်သ၍
    လူမျိုတည်အောင်ထိမ်းသိမ်းစောင့်ရှောက်စေကာမူ
    ယာဉ်ကျေးမှူသည်ဘာသာရေးနှင်ဆက်နွယနေသော
    ကြောင့်ယာဉ်ကျေးမှူပျောက်လျှင်ဘာသာရေးလဲ
    ပျောက်မည်ဆိုစေကားမိမိတိုသည်နိုင်ငံရေးအစွန်းမ
    ရောက်စေဘဲမွန်မြတ်သည့်ဘာသာမပျောက်စေဘို့
    အရေသည်လု့အခွင်အရေးထက်အစပေါင်များအရေး
    ကြီးသည်ဟုထင်မြင်ပါ၏တက်နိုင်ရင်ရုပ်တရားတွေ
    တိုးတတ်ခြင်းထက်စိတ်တရားတွေတိုးတတ်စေလိုပါ၏
    သို့စေကာ ရုပ်တရားတွေတိုးတတ်စေကာမူသတ္တာဝါ
    တွေအကောင်းဆုံးစိတ်ချမ်းသာမှုကိုဘယ်မှာရှာကြ
    မလဲနောင်မျိုးဆက်တွေအတွက်ခေတ်မှီနည်းပညာ
    တွေကိုပဲပေးခဲ့မယ်ဆိုရင်အမျိုသားလုံခြုံရေးအတွက်
    လုံလောက်ပြီလား သာသနာနောက်ပိုင်းဆုပ်ခေတ်
    ကာလကြီးစိသို့တဖြေဖြေနဲ့ရိမ်းယိုင်ပြီအဖက်ဖက်က
    ရုပ်တရားတွေအစားထိုးဝင်ရောက်လာတော့မည်ကို
    ဝမ်းနည်းစွာဖြင့်လက်ခံရမည်လော ဓနအင်အားနဲခဏ
    တာစိတ်ချမ်းသာဘို့အတွက်ချို့ တဲ့နေသူအဖို့မျှော်လင့်
    ချက်လေးနဲခဏတာစိတ်ချမ်းသာဘို့အတွက်
    ပတ္တာန်မြားနဲ့ ယတတ်ရေပုတ်ကိုလဲစားတော့မှာလား
    မြန်မာတို့သည်အမှန်စင်စစ်မှာရုပ်ဝါဒများကိုတည်ထွင်
    ရန်အားမသန်ခြင်းသည်မွန်မြတ်သောဗုဒ္ဓဘာသာဝင်
    များဖြစ်သောကြောင့်တည် အမေစုလဲအမျှော်မြင်ကြီး
    စွာဖြင့်မြန်မာတိုင်းရင်းသားလူမျိုးတွေအပေါ်မှာ
    ရှေ့သံသရာအတွက်အနာဂါတ်စိတ်ရည်သန်းစေလိုပါသည်
    လူတစ်ယောက်၏နောက်ဆုံးအချိန်သည်။
    နောက်ကျနေခြင်း သေခြင်းဖြစ်သကဲသို့
    အရေးကြီးသောအချိန်မှာကလျာဏမိတ္တသူတော်
    ကောင်းတွေနဲ့ဆွေးနွေးတိုင်ပင်စေလိုပါသည်။။။။

    ကိုယ့်ကျိုးမဖက် စွမ်းပကားလက်ဖြင့်
    တိုင်းပြည်အကျိုးဆထက်တိုး
    သယ်ဘိုးဆောင်ရွက်နှိုင်စေသော်။

    အများပြည်သူစွမ်းပကားယူ
    ကြည်ဖြူသဒ္ဓါရှိစေသော်
    သတ္တဝါဝေနေများဘိုခြေ
    အလျှင်ခစားရှိသော်
    ကောင်ကျိုးထွန်းဝေဒို့ဘာသာမြေ
    တက်ညီလက်ညီရှိစေသော် ။


    အမျိုးသားရေးဝါဒီ ရဟန်းရှင် လူများ
    အစဉ်ထာဝရ ရွှင်လန်းကျပါစေဟု
    တောင်းဆုရွှေ၏

    ReplyDelete
  2. တောင်းပန်းအပ်ပါသည်။
    ကျသောစာလုံးကြံသောစာလုံး
    ပြင်ဆင်ဖတ်ရှုပေးပါ ။

    ( အဆင်အဆက်ထိမ်းသိန်းလာခဲ့သည့်
    ဂုဏ်သိက္ခာလို့ခေါ်သည့်အချက်တရားကင်း
    မဲ့ခြင်း )

    လို့ပြင်ဆင်ဖတ်ရှုရန် ။

    ReplyDelete
  3. ယဉ်ကျေးမှုသည်ဘာဖြစ်သည်
    ခရစ်ယာန်ယဉ်ကျေးမှုသည်
    ခရစ်ယာဉ်ဘာသာဖြစ်သည်
    သူဘက်သူဂွေးပေါ်အောင်နေနေ
    ဖင်ပေါ်အောင်နေနေနို့ပေါ်အောင်နေနေ
    အဖုတ်ပေါ်အောင်နေနေအဲဒါသူတို့ရဲ့
    ယဉ်ကျေးမှုသူတို့ရဲဘာသာဖြစ်သည်
    အီဂျစ်မှာမတွေဘူလားအမျိုသမီးတွေ
    ဖင်တုံးလုံးအဝတ်စလစ်တွေနဲဆန္ဒပြ
    နေကျတာ အဲဒါသူတို့ရဲ့ယဉ်ကျေးမှုဗျ
    ရဲတောင်ဖြစ်ခြင်လိုက်တာနော်

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။