/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, January 2, 2015

.

လိုင်စင်မဲ့ကား နှင့် ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါလမ်းဆုံတွင် တပ်မတော် နှင့် ပူးပေါင်း စစ်ဆေးရေး အဖွဲ့ဝင် များက လမ်းကြောင်း လုံခြုံရေး ဆောင်ရွက်စဉ် ၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာ ၃ဝ ရက် မွန်းတည့် ၁၂ နာရီ တွင် ဆိုင်းတောင် မှ မန္တလေးဘက် သို့ ယာဉ်မောင်း ထွန်းမင်းလတ် ၃၃ နှစ် (ဘ) ဦးသိန်းထွန်း မောင်းနှင် လာ သည့်ယာဉ်အမှတ်၊ ၉ယ/၂၈၈၃ နက်ပြာရောင် ပါဂျဲရို လိုင်စင်မဲ့ယာဉ် အား ရပ်တန့်ရှာဖွေ စစ်ဆေးရာ ယာဉ်ပေါ်မှ တရားမဝင် တင်ဆောင် လာသော ကျောက်စိမ်းတုံး အရွယ်စုံ ၁၆ဝ တုံး ၊ အလေးချိန် ၂၅၃ ဒသမ ၁၁၅ ကီလိုဂရမ်ခန့် အား တွေ့ရှိ ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ တရားခံ၊ မော်တော်ယာဉ် နှင့် ကျောက်စိမ်းတုံး များအား ဖားကန့်ရဲစခန်းသို့ အပ်နှံ၍ ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

#PyiChitThar

1 comment:

  1. AyurHarsha is The Best Ayurvedic Hospital in Hyderabad, Kothapeta. It can cure Diseases in an effective way with effective Ayurvedic Medicines.

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။