/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, November 7, 2013

.

ဗုဒ္ဓဂယာဗုံးခွဲမှု အသေးစိတ် ဖေါ်ထုတ်လိုက်ပြီ



• ၂ဝ၁၃ ဇူလိုင် (၇) ရက်နေ့ မနက်လင်းအားကြီး အချိန် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ရှိတဲ့ ဗုဒ္ဓ မြတ်စွာ ပွင့်တော်မူရာ မဟာဗောဓိညောင်ပင်၊ စေတီတော်ကြီးနဲ့ ဘုးန်းကြီးကျောင်းတွေမှာ ဗုံးတွေဆက်တိုက်ဖေါက်ခွဲခဲ့တဲ့ တရားခံအစစ်တွေ ကို ၄-၁၁-၂ဝ၁၃ နေ့က ဖေါ်ထုတ်နိုင်လိုက်ပြီ ဖြစ်တယ်လို့ အိန္ဒိယဗဟိုစုံစမ်းစစ်ဆေးရေးဌာန NIA ကနေ မနေ့က ထုတ်ဖေါ် ပြောကြား လိုက်ပါတယ်။ • NIA ကနေ အိန္ဒိယနိုင်ငံ (ရန်ချီ) မြို့၊ (ဟင်းဒ်ပီဒိ) ဧရိယာကနေ အထောက်အထား စာရွက်စာတမ်းတွေကို သိမ်းယူနိုင်ရာကနေ ဗုဒ္ဓဂယာမှာ ထောင်ခဲ့တဲ့ ဗုံး ၁၃ လုံးရဲ့ အသေးစိတ် အချက်အလက်တွေကို သိလာရတာ ဖြစ်ပါတယ်။ • ဗုဒ္ဓဂယာမှာ ဘယ်နေရာတွေကို ဘယ်သူတွေက ဗုံးထောင်တယ်ဆိုတဲ့ အသေးစိတ်တွေပါပါရှိပါတယ်။ • Indian Mujahideen (အိန္ဒိယ-မူဂျာဟီဒင်) အဖွဲ့ကTehsin Akhtar (တက်ဆင် အက်ထား) နဲ့ Haidar Ali (ဟိုက်ဒါ အလီ) တို့ကနေ စီစဉ်ခဲ့တာလို့ သိလာရပါတယ်။ • ဒီအကြမ်းဖက် မွတ်ဆလင်တွေကဘဲ ၂၇-၁ဝ-၂ဝ၁၃ နေ့က ပတ္တနားမှာ ဗုံးခွဲခဲ့ကြာတာ ဖြစ်ပါတယ်။ • ပတ္တနားမှာ ဗုံးခွဲခဲ့သူတွေထဲက Imtiaz Ansari (အမ်တစ်ဇ် အင်ဆာရီ) ဆိုသူကို ဖမ်းမိထားပြီးဖြစ်ပါတယ်။ သူကနေ ဗုဒ္ဓဂယာဗုံးခွဲတာကို (တက်ဆင် အက်ထား) ကလုပ်ခဲ့တာလို့ ဖြောင့်ချက်ပေးပါတယ်။ • ဖမ်းဆီးရမိထားတဲ့ ဇယားထဲမှာ ဗုဒ္ဓဂယာ၊ ထိုင်းဘုန်းကြီးကျောင်းမှာ (အမ်တစ်ဇ် အင်ဆာရီ) ကဗုံးထောင်ခဲ့တယ်။ Ainul alias Tarique (အိုင်နူးလ်) ခေါ် (တားရစ်) က Targhar Monastery (တာရ်ဂါး) ဘုန်းကြီးကျောင်းမှာ ထောင်တယ်။ ဒီလူကတော့ ပတ္တနားမှာဗုံးထောင်ရင်း ဒဏ်ရာရပြီး သေသွားပြီဖြစ်တယ်။ • စီးနင်းခဲ့တဲ့ ဟော်တယ်မှာ တည်းနေတဲ့ Mujib (မူဂျစ်) ဆိုသူလဲ ဗုဒ္ဓဂယာမှာဗုံးထောင်ခဲ့သူတွေထဲက တယောက် ဖြစ်တယ်။ အခုဖမ်းဆီးရရှိတာလဲ ဗုံးပေါင်း ၂၇ လုံးရှိပါတယ်။

ဒေါက်တာတင့်ဆွေ ၆-၁၁-၂ဝ၁၃

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။