/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, January 2, 2015

.

MPT မိုဘိုင်းဖုန်းဖြင့် ယာဉ်စီးခပေးချေခြင်းကို မကြာခင် ပြုလုပ်နိုင်မည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ မိုဘိုင်းဖုန်းများကို အသုံးပြု၍ ယာဉ်စီးခပေးချေခြင်း ကို ပြုလုပ် ဆောင်ရွက်နိုင်ရန် စီစဉ်နေသည်ဟု ကစ္ဆပနဒီလီမိတက်မှ အထွေထွေ မန်နေဂျာ ဒေါ် နီနီခင်က ပြောသည်။

Seed kyat ဟု အမည်ပေးထားသည့် မိုဘိုင်းဖုန်းမှတစ်ဆင့် ပေးချေခြင်းကို ပြုလုပ်ဆောင်ရွက်လိုပါက *669# ကို ခေါ်ဆို၍ စာရင်းပေးသွင်းရမည်ဟု သိရသည်။ “နောက်နှစ်လလောက်ဆိုရင် အသုံးပြုလို့ရပါပြီ” ဟု ကစ္ဆပနဒီလီမိတက်မှ ကိုသော်ဇင်က ဆိုသည်။

မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ နှစ်မျိုးစလုံး အသုံးပြုနိုင်မည်ဖြစ်သည့် Speed Kyat ဝန်ဆောင်မှုကို Android မိုဘိုင်းဖုန်းအားလုံး၌ အသုံးပြုနိုင်မည်ဖြစ်ပြီး ငွေပေးချေခြင်းပြုလုပ်ရန် ကြိုတင် ငွေပေးသွင်းခြင်းကို ကစ္ဆပနဒီနှင့် ပူးပေါင်းထားသည့် အေးဂျင့်များ ပြုလုပ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

“ကိုယ်ရဲ့မိုဘိုင်းနံပါတ်က ကိုယ့်အကောင့်တစ်ခုပဲ။ ဒီတော့ လုံခြုံစိတ်ချရမှုလည်း ရှိတယ်။ ငွေပေးချေ တဲ့ နေရာမှာ ကိုယ်ပိုင်မိုဘိုင်းဖုန်းနံပါတ်ကို တခြားဘက်မှာ မပေါ်စေချင်ရင် လည်းရတယ်”ဟု ကစ္ဆပနဒီ လီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ Speed Kyat ဝန်ဆောင်မှုကို ယာဉ်စီးခပေးချေခြင်းအတွက် ပထမဦးဆုံးဝန်ဆောင်မှု ပေးအပ်မည်ဖြစ်သော်လည်း အစီအစဉ်အရ အခြားသော ငွေပေးချေခြင်း ဝန်ဆောင်မှု အများအပြားကို ဆက်လက်အကောင်အထည် ဖော်ဆောင်သွားမည်ဟု သိရသည်။

မိုဘိုင်းဖုန်းဖြင့် ငွေပေးချေခြင်းကို အကောင်အထည် ဖော်ဆောင်ရာ၌ ဇန်န၀ါရီလ ၁ ရက်တွင် ပြေးဆွဲမည့် ယာဉ်လိုင်းအသစ်ဖြစ်သော အမြဲစိမ်းယာဉ်လိုင်း၌ အသုံးပြုသွားမည်ဟု သိရသည်။ မိုဘိုင်းဖုန်းဖြင့် ယာဉ်စီး ခပေးချေနိုင်သော အမြဲစိမ်းယာဉ်လိုင်း၌ မြင်သာထင်သာသော မိုဘိုင်းနံပါတ်တစ်ခု ထားရှိသွားမည်ဖြစ်ပြီး အသုံးပြုသူသည် အဆိုပါနံပါတ်ထံသို့ SMS ဖြင့် ယာဉ်စီးခကို ပေးချေရမည်ဖြစ်သည်။

ငွေပေးချေခြင်း စနစ်မှန်ကန်ခြင်းအတွက် ငွေပေးချေသူနှင့် ယာဉ်နောက်လိုက်ထံသို့ ပြန်လည်ပေးပို့ မည် ဖြစ်ကြောင်း၊ အသုံးပြုသူအနေဖြင့် SMS အတွက် ကျသင့်သော ကုန်ကျငွေကို ပေးဆောင် ရန် မလို အပ်ကြောင်း ကစ္ဆပနဒီလီမိတက်က ကြေညာထားသည်။ မိုဘိုင်းဖုန်းဖြင့် ငွေပေးချေခြင်းကို ယာဉ်စီး ခပေးချေခြင်းအတွက် စတင်အသုံးပြုခြင်း ဖြစ်သော်လည်း အခြားသော ငွေပေးခြင်းများ အတွက်ပါ ဆက် လက် အသုံးပြုမည်ဖြစ်သည့် အတွက် ၅၀၀ ကျပ်နှင့်အထက် ငွေပေးချေသည့်အခါ လျှို့ဝှက်နံပါတ်များ အသုံးပြုသွားမည်ဟု သိရသည်။

Speed Kyat ၏ အစီအစဉ်အရ ငွေသားများကို Agent များထံ၌ ကြိုတင်ထည့်သွင်းထား ရမည် ဖြစ်သော်လည်း ငွေကြေးလွှဲပြောင်းသည့်အခါ ငွေသားအဖြစ် လက်ခံသူများသည် အေးဂျင့်ထံမှ ပြန် လည် ထုတ်ယူနိုင်မည်ဟု သိရသည်။ လက်ရှိအချိန်၌ Speed Kyat အတွက် အေးဂျင့်ပေါင်း ၂၀၀ ဝန်းကျင် ထားရှိသည်ဟု ကစ္ဆပနဒီမှ ကြေညာထားသည်။

internet journal
ကြေးမုံသတင်းစာ

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။