/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, January 2, 2015

.

စစ်ကိုင်း တက္ကသိုလ်များတွင် စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း မီးရှို့ဆန္ဒထုတ်ဖော်



အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သည့် အပြင် လက်ပံတောင်း ဒေသရှိ ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ် နှိမ်နင်းခဲ့ မှုအပေါ် ကန့်ကွက်ရှုတ်ချသည့် ဆန္ဒထုတ်ဖော်မှုကို စစ်ကိုင်း ခရိုင် ကျောင်းသားများ သမဂ္ဂ က ဦးဆောင်ပြီး စစ်ကိုင်းမြို့ရှိ တက္က သိုလ် ကျောင်းများရှေ့၌ ဒီဇင်ဘာ ၂၉ ရက်တွင် စစ်ကျွန် ပညာရေး အလိုမရှိကြောင်း ဗီနိုင်း စများကို မီးရှို့၍ ဆန္ဒထုတ်ဖော်မှု များ ပြုလုပ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ဒီဇင်ဘာ(၂၉)ရက်နေ့၊ နေ့လယ် (၁၂)နာရီခန့်အချိန်တွင် စစ်ကိုင်းခရိုင် ကျောင်း သားများသမဂ္ဂအဖွဲ့ဝင်များက ဦးဆောင်ကာ မန္တလေး၊ ကျောက်ဆည်၊ မုံရွာတို့မှ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် များပါဝင်သော အင်အား (၁၅)ဦးခန့်က စစ်ကိုင်းသမ၀ါယမ တက္ကသိုလ်၊ စစ်ကိုင်းနည်းပညာ တက္ကသိုလ်၊ စစ် ကိုင်း ၀ိဇ္ဇာသိပ္ပံတက္ကသိုလ် ရှေ့တွင် လည်းကောင်း စစ်ကျွန်ပညာရေးစနစ် အလိုမရှိ၊ လူသတ်အစိုးရ အလိုမရှိ၊ အမျိုးသားပညာရေးဥပဒေ အလို မရှိစသောကြွေးကြော်သံများ ဟစ်ကြွေးကြကာ အမျိုးသားပညာရေး ဥပဒေ ကို ကန့်ကွက်သည့် စာရွက်စာတမ်းများ ကို ကျောင်းရှေ့ ၀င် ပေါက် တံခါးများ၊ ကျောင်းဆိုင်းဘုတ်များပေါ်တွင် ကပ်၍ စစ်ကျွန် ပညာရေးအလိုမရှိ စာသားပါရှိသော ပိတ်စဗီနိုင်း ကိုကျောင်းရှေ့ မျက်နှာစာတွင် မီးရှို့ဖျက်ဆီး သရုပ် ပြကြကာအမျိုးသား ပညာရေးဥပဒေကို ကန့်ကွက် ရှုတ်ချခဲ့ ကြခြင်းဖြစ်သည်။…

““ကျွန်မတို့အနေနဲ့ အခု အသစ်ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို လက်မခံနိုင်ပါဘူး။ ကျွန်မ တို့ ကျောင်းသားထုတွေ၊ ဆရာ၊ ဆရာမတွေ၊ နယ်ပယ်အသီးသီးက အသိပညာရှင်၊ အတတ် ပညာရှင်တွေ ပါဝင်မှုမရှိဘဲနဲ့ လွှတ်တော်ကနေ သမ္မတ ဦးသိန်းစိန် အစိုးရက ဇွတ်အတင်းရေးဆွဲပြီး ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေပဲ၊ အဲဒါကို စစ်ကိုင်းခရိုင် ကျောင်း သားများ သမဂ္ဂအနေနဲ့ လက်မခံတဲ့ အတွက်ကြောင့် အခုလို ဆန္ဒပြရ တာပါ။ နောင် လည်း ဆန္ဒထုတ်ဖော်မှုတွေ ဆက်တိုက်လုပ် သွားဖို့ရှိသေးတယ်”” ဟု စစ်ကိုင်း ခရိုင်ကျောင်းသားများ သမဂ္ဂအတွင်းရေးမှူး မပုံ့ပုံ့သူက မြန်မာသံတော်ဆင့်သို့ပြောသည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှုကို ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ ကျောင်းသားများ ရာဇသံပေးထားသည့် ရက်ပေါင်း ၆၀ အတွင်း ညှိနှိုင်းမှု မပြုလုပ်ပါက တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် သပိတ်မှောက် တောင်းဆိုသွားမည်ဖြစ်ကြောင်းလည်း စစ်ကိုင်း ခရိုင် ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင်များက ယခုကဲ့သို့ပြောသည်။

““ကျွန်တော်တို့ ကျောင်းသားတွေရဲ့သမိုင်းကိုပြန်ကြည့်ရင် ဆန္ဒထုတ်ဖော်ဖို့ စာတင်တာ၊ ခွင့်တောင်းတယ် ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး၊ နောက်ပြီး အမျိုးသားပညာရေး ဥပဒေကို သက်ဆိုင်ရာအနေ နဲ့ ပြန်လည် ပြင်ဆင်ပေးဖို့ ကျွန်တော်တို့ ကျောင်းသားထုက ရက်ပေါင်း (၆၀)အချိန်ပေးထားတယ်။ အကယ် ၍ ပြင်ဆင်မပေး ဘူးဆိုရင်တော့ ကျွန်တော်တို့ကလည်း တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ သပိတ်ဆင်နွှဲ သွားဖို့ရှိပါတယ်””ဟု ကိုမင်းထက်စိုး က ပြောသည်။

စစ်ကိုင်းမြို့ရှိ စစ်ကိုင်းခရိုင် ကျောင်းသားများ သမဂ္ဂအနေဖြင့် အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက် သည့် ယခုအကြိမ် ဆန္ဒထုတ်ဖော်မှုမှာ တတိယအကြိမ်မြောက်ဖြစ်ပြီး စစ်ကိုင်းခရိုင်ကျောင်းသားများသမဂ္ဂမှ ကိုမင်းထက်စိုး၊ ကိုနွေဦးကို၊ ကိုနိုင်ဝင်း၊ မအိသဉ္ဇာမောင်၊ကိုရဲသီဟအောင်၊ ကိုဇော်မျိုး၊ ကိုဖြိုးအောင်ကျော်၊ ကိုဖြိုးမင်းလှိုင် တို့၊၊မှာ ပုဒ်မ(၁၈)ဖြင့် အမှုဖွင့်ခံထား ရသည်။

အောင်ကိုဝင်း
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။