/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, January 2, 2015

.

KIA အဖွဲ့မှ (၂) ပတ်အတွင်း ဆက်ကြေးငွေ (၈၉)သိန်းကောက်ခံပြီး လူသစ် (၅၁) ဦးဖမ်းဆီးခေါ်ဆောင်



ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်း ကချင် လွတ်မြောက်ရေးတပ်မတော် (KIA)အဖွဲ့မှ ဒီဇင်ဘာ ၄ ရက်မှ ၁၆ ရက်အတွင်း လူသစ် အဖြစ် ဖမ်း ဆီးခေါ်ဆောင်ခြင်းများနှင့် ဆက်ကြေးကောက် ခံခြင်းများ ပိုမိုလုပ်ဆောင် ခဲ့ ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးမှ ပြောသည်။

အဆိုပါဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်း ရှိ ကျေးရွာများဖြစ်သော မန်ဖွ၊ ပါတော်၊ ကျော်ခေါင်၊ ဟန်ထက်ကျေးရွာ အနီးရှိ ခပရာကျေးရွာ ၀န်းကျင်မှ ဒေသခံရွာသားများအား ဖမ်းဆီး ခေါ်ဆောင် ရာတွင် အသက် ၁၈ နှစ်အောက် လူငယ် ၁၃ ဦးနှင့် ၅၅ နှစ်အရွယ် လူကြီးတစ်ဦး ပါဝင်ခဲ့ကြောင်း ဗန်းမော်ခရိုင် အုပ်ချုပ်ရေးအရာရှိ တစ်ဦးမှပြောပြခဲ့ပါသည်။ ၎င်းမှဆက်လက်၍ ဖမ်းဆီးခံရသူများထဲတွင် ကချင်လူမျိုး (၄)ဦး၊့ ရှမ်းလူမျိုး ၃၇ ဦးနှင့် ဗမာလူမျိုး ၁၀ ဦး ပါဝင်ကြောင်းနှင့် ပြန် လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ပြောသည်။

ထို့အပြင် ဆက်ကြေး ကောက်ခံမှုများ အနေဖြင့်အစိုးရရုံး ဌာနများ သို့ ရောက်ရှိ လာသော စာရင်းများ၏ ဖော်ပြချက်အရ မန်စီမြို့နယ် ကုန်းတိန်ကျေးရွာမှ (၁၇)သိန်း၊ မန်ဝိန်းလေးကျေးရွာမှ (၁၀)သိန်း၊ ဟန်ထက် ကျေးရွာမှ (၂၅)သိန်း၊ ဂွေ့ကြီးကျေးရွာမှ (၁၅)သိန်း၊ မန်မကောက်ကျေးရွာမှ (၁၅)သိန်း၊ သစ်ဆုံးကျေးရွာမှ (၇)သိန်း KIA အဖွဲ့သို့ ဆက်ကြေးငွေ အဖြစ် ပေးသွင်း ခဲ့ရကြောင်း ကချင်ပြည်နယ် အစိုးရ အရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။

ယခုကဲ့သို့ KIA အဖွဲ့မှ လူသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်ခြင်းများမှာ မန်စီမြို့ နယ်တစ်ဝိုက်တွင်သာမက ၀ိုင်းမော၊် နောင်စီပေါနှင့် တနိုင်း ပယင်းမှော် များ တွင်လည်း လူသစ်အဖြစ်ဖမ်းဆီး ခေါ်ဆောင်ခြင်းများ ရှိခဲ့ကြောင်းအား KIA ခေါင်းဆောင်ပိုင်းများထံသို့ တိုင်ကြားစာပေးပို့မှုများကြောင့် အသက် အန္တရာယ် ခြိမ်းခြောက် မှုများ ရှိ ခဲ့ကြောင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ဝင် ဦးစိုင်း စန်းဝေ ဆက်လက်ပြောပြသည်။

၎င်းဖြစ်စဉ်များနှင့် ပတ်သက်၍ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့များမှ ဇန်န၀ါရီလ (၃) ရက်နေ့တွင် မြစ်ကြီးနားမြို့ တွင်ဖမ်းဆီးခံ လူငယ်များ ပြန်လည် လွတ်မြောက် လာရန် ဆုတောင်းပွဲ များပြုလုပ်သွားမည်ဖြစ်ပြီး ဆန္ဒ ဖော်ထုတ် သွား မည်ဖြစ်ကြောင်း သိရသည်။

Credit:ဇော်လတ် (မြစ်ကြီးနား)

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။