/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, January 2, 2015

.

တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရသူ အမျိုးသမီး ထပ်မံလူကုန်ကူးမှု မန္တလေးတွင်ဖမ်းမိ

လူကုန်ကူးခံရပြီး တရုတ်ဇနီးမယားအဖြစ် ရောင်း စားခံရသူ အမျိုးသမီးက အခြား အမျိုးသမီးများ အား ပြန်လည်လူ ကုန်ကူးနေမှုကို ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ကြောင်း လူကုန်ကူးမှုတား ဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ (မန္တလေး)မှ သတင်းရရှိသည်။

တရုတ်နိုင်ငံ ဝူဟုမြို့နယ် အန်ဟွေ့မြို့နေ အမျိုးသမီးက မန္တလေးရှိ ၎င်း၏ ညီမများနှင့် ပူးပေါင်းကာ အမျိုး သမီးငယ်သုံး ဦးအား လူကုန်ကူးရန်ကြိုးစားနေ စဉ် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့နေ အသက် (၂၇)နှစ်အရွယ် အမျိုးသမီးနှင့် အသက်(၄၀)အရွယ် အမျိုးသမီး တစ်ဦးတို့က တရုတ်နိုင်ငံတွင် လစာကျပ်ခုနစ်သိန်းဖြင့် အလုပ် ရမည်ဆိုကာ မန္တလေးမြို့ခံအမျိုး သမီးငယ်အချို့အား စည်းရုံးနေ သည်ကို ရဲတပ်ဖွဲ့က သတင်းရရှိ ခဲ့ပြီး ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည် ဟု လူကုန်ကူးမှု တားဆီး ကာကွယ် ရေး ရဲတပ်ဖွဲ့ (မန္တလေး)မှ ရဲမှူး ဖေသိန်းကျော်က ပြောသည်။

‘‘ဒီအမျိုးသမီးက ပထမတစ် ကြိမ် လူကုန်ကူးပြီးပြီ။ အခု ဒုတိယအကြိမ် လူကုန်ကူးဖို့ ကြိုး စားတဲ့ အချိန် မှာ ဖော်ထုတ်နိုင်ခဲ့ တာ။ သူကိုယ်တိုင်ကလည်း လူ ကုန်ကူးခံရပြီး တရုတ်ဇနီးမယား အဖြစ် ရောင်းစား ခံထားရတာ။ အဲဒီအမျိုးသမီးက ဟိုမှာအနေ ကြာလာပြီး တခြားအမျိုးသမီး တွေပါ တရုတ်ဇနီးမယား အဖြစ် ရောင်းစားဖို့ကြိုးစားနေတာ’’ဟု ရဲမှူးဖေသိန်းကျော်က ပြော သည်။

တရုတ်နိုင်ငံသို့ လိုက်ပါမည့် သူများအဖြစ် အသွင်ယူထားသူ အမျိုးသမီးငယ်များကို မန္တလေး- မူဆယ် ကားဖြင့် ခေါ်ဆောင်လာ စဉ် (၁၆)မိုင်ဂိတ်တွင် ဖမ်းဆီးနိုင် ခဲ့ခြင်းဖြစ်သည်။

ယင်းအမှုအတွက် လူကုန် ကူးရန် ကြိုးစားသူတရုတ်နိုင်ငံနေ အမျိုးသမီးတစ်ဦး၊ မန္တလေးမြို့နေ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးကို ပုသိမ်ကြီးမြို့နယ် အုန်း ချောရဲစခန်း၌ လူကုန်ကူးမှုတား ဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်အရေး ယူထားသည်။

ယခုနှစ်တွင် မန္တလေးတိုင်း ဒေသကြီးအတွင်း ဖော်ထုတ်နိုင် ခဲ့သော လူကုန်ကူးမှုများမှ တရား ခံ ၂၇ ဦး ဖမ်းဆီးနိုင်ခဲ့ပြီး အမျိုး သမီး ၃၄ ဦးကို လူကုန်ကူးခံရမည့် အရေးမှ ကယ်တင်နိုင်ခဲ့သည်ဟု လူကုန်ကူးမှု တားဆီးကာကွယ် ရေး ရဲတပ်ဖွဲ့ (မန္တလေး)မှ သတင်းရရှိသည်။

http://7daydaily.com/story/28298#.VKT41HsfzIU

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။