/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 16, 2013

.

16.5.2013 ရက် နံနက် (၁၁)နာရီ မုန်တိုင်းအခြေအနေ



၁၅.၅.၂၀၁၃ ရက်နေ့ ညဥ့် (၁၁)နာရီကတည်း မိုး သည်းထန်စွာရွာပြီး ၁၆.၅.၂၀၁၃ ရက် နံနက် (၁၁) နာရီထိ ရွာသွန်းလျှက်ရှိပါသည်။ လေမှာ မုန်တိုင်း အဆင့်ထိမဟုတ်ဘဲ၊ တချက်တချက် လေပြင်းတိုက် ခတ် မှုများရှိပါသည်။ စစ်တွေမြို့ မြို့မဈေး အပါ အ၀င် ဈေးဆိုင်များ အားလုံးကို ပိတ်ထားပြီ ဈေး သည်များမှ ပစ္စည်းများကို ဘေးလွတ်ရာသို့ သယ် ယူ မှုများကိုလည်း တွေ့ရှိရပါသည်။


လူသွားလူလာနည်းပြီး အစိုးရပိုင် ရေဒီယိုများမှ (၂)နာရီခြား တစ်ကြိမ်စီ မုန်တိုင်းသတင်းအား ကြော်ငြာ လျှက်ရှိပါသည်။ မုန်တိုင်းရှောင်ရန်အတွက် နယ်ဖက်မှ လူများ မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများ၊ စာသင် ကျောင်းများနှင့် တခြား လုံခြုံရာဒေသများသို့ တဖွဲ့တဖွဲ့ ဖြင့် လာရောက် ခိုလုံမှုများ ဆက်တိုက်ရှိနေ ပါသည်။

ထူးခြားချက်မှာ အစိုးရမှ ဘင်္ဂလီများအား ဘေးကင်းရာသို့ ပြောင်းရွေ့ပေးမည်ဆိုသော်လည်း ဘင်္ဂလီများမှ ငြင်းဆန်လျှက်ရှိပြီး ပြည်နယ်အစိုးရမှ “နောက်ကနေ ကြိုးကိုင်နေသူများရှိသည်ဟု” သုံးသပ်ပြောဆိုချက် များ ရှိနေပါသည်။ 

ယခုအခါ စစ်တွေမြို့ပေါ်တွင် ပြည်တွင်း ၊ ပြည်မှ သတင်းထောက်များ ၊ အများအပြားလာရောက် သတင်း ယူလျှက်ရှိသည်ကို တွေ့ရှိရပါသည်။



ဓာတ်ပုံ - ၁၆.၅.၂၀၁၃ ရက်နေ့ နံနက်ပိုင်းမြင်းကွင်း

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။