/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 16, 2013

.

ကချင်ပြည်နယ်အတွင်း ဥပဒေမဲ့လုပ်ရပ်များ ဖြစ်ပေါ်လျက်ရှိ



မေလ ၁၅ ရက် ၂၀၁၃

ကချင်ပြည်နယ်အတွင်း ဥပဒေမဲ့ လုပ်ရပ်များ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။ တနိုင်းမြို့ တုံမဏီရွှေမှော် ဈေးတန်း တွင် ဆိုင်ကယ်ခိုးယူမှု တစ်ခု မေလ(၇)ရက်နေ့မှာ ဖြစ်ပွားခဲ့ကြောင်း၊ ဆိုင်ကယ် ခိုးမှုနှင့် ပတ်သက်တယ်ဆိုပြီး သံသယ ရှိခြင်းခံရတဲ့ ဆလန်မင်းလွင်ကို သေနတ်ကိုင်ထားပြီး KIA ၀တ်စုံများ ၀တ်ဆင် ထားသည့် လူတစ်စုမှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရပါသည်။


“ဆလန်မင်းလွင်ကို ဖမ်းဆီးသွားပြီး ရိုက်နှိက်စစ်ဆေးခဲ့ရာမှ လက်လွန်ပြီး မေလ(၁၁) ရက်နေ့က သေဆုံးသွား တယ်လို့ ကြားတယ်.. ဒီမှာက ဘယ်အဖွဲ့တွေမှန်းမသိဘူး.. သေနတ်တကားကားနဲ့ လူတွေကို ကြောက်နေရတယ်.. ရဲတွေရှိပေမယ့် ဘာမှပြောဆို ထိန်းသိမ်းခြင်းလည်းမရှိ သလို ပြောဆိုရဲခြင်းမရှိဘူး” ဟု တုံမဏီရွှေမှော် ရွှေလုပ်သားတစ်ဦးက ပြောပြပါ သည်။ 

တရားဥပဒေစိုးမိုးမှုမရရှိသည့်အတွက် ဒီဒေသတွေမှာ သေနတ်ကိုင်ဆောင်ထားသော အဖွဲ့တွေက သာ သေနတ် ပြောင်းဝ ၏ အမိန့်အတိုင်း လုပ်ဆောင်နေကြောင်း၊ ဖမ်းချင်တဲ့သူကိုလည်း အကြောင်း ပြချက် အမျိုးမျိုးဖြင့် ဖမ်းဆီးသွားသော်လည်း ဖမ်းဆီးခံရသူအနေနဲ့ ပြန်လမ်းမရှိကြောင်း၊ စစ်တပ်နှင့် ရဲကို သွား တိုင်ရင်လည်း ဘာမှလုပ်ဆောင်ပေးခြင်းမရှိကြောင်း၊ သွားတိုင်တာ အဲဒီလက်နက်ကိုင်တဲ့အဖွဲ့က သိရင်လဲ အသတ်ခံရကြောင်း ရွှေမှော်လုပ်သား တစ်ဦးက ပြောပြ ခဲ့ပါသည်။

Credit : http://www.kachindailynews.com/2013/05/blog-post_5661.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။