/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 16, 2013

.

Mahasen မုန်တိုင်းရဲ့ ပြည်တော်ဝင်ခရီး(၂) (၁၆-၅-၂၀၁၃)ရက် နေ့(၁း၁၇)နာရီအချိန်။



Mahasen ဆိုင်ကလုန်းမုန်တိုင်းဟာ ကြိုခန့်မှန်းထားတဲ့အတိုင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ကမ်းခြေကို ဒီကနေ့ မနက် ပိုင်းကတည်းက စတင်ဝင်ရောက် နေ ပြီး၊ မုန်တိုငးရဲ့ ဗဟိုချက်ကတော့ ညနေပိုင်းမှာ စစ်တကောင်းမြို့အနီးက ဖြတ်ကျော် ၀င်ရောက်တော့ မှာ ဖြစ် ပါတယ်။ ဒီထက်လည်းစော ၀င်ရောက် နိုင်ပါတယ်။


(၁) မုန်တိုင်းဟာ ဘင်္ဂလားပင်လယ် အော်ရဲ့ မြောက်ဖက်ကမ်းခြေ(အိန္ဒိယ နိုင်ငံ အရှေ့မြောက်ပိုင်းကမ်းခြေ)အနီး ကပ်ခါ အရှေ့မြောက်ဖက်ကိုရွေ့နေတာကြောင့် မုန်တိုင်းရဲ့ အ၀န်းအ၀ို်င်း (periphery) ဟာ ကုန်းတစ်ဝက် ရေတစ်ဝက် ဖြစ်နေပါတယ်။

(၂) ဒါဟာ မုန်တိုင်းဗဟို ကမ်းကို မဖြတ်သေးသော်လည်း မုန်တိုင်းစက်ကွင်းကတော့ စတင်ဖြတ်နေပြီ ဖြစ်ပါတယ်။

(၃) မုန်တိုင်းဟာ အရှေ့မြောက်ဖက်ကို ရွေ့လျှားရင်း ဘင်္ဂးဒေံရှ်နိုင်ငံအတွင်းကို အနောက်တောင်ဖက် အပိုင်းမှ စတင်ဝင်ရောက်မှာဖြစ်ပါတယ်။

(၄)ဗဟိုချက်ကတော့ ည နေပိုငးမှာ ဘင်္ဂလားဒေ့ရှင်္နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့ အနီးက ဖြတ်ပါ လိမ့်မယ်။ ဗဟိုချက်အနီးမှာ လေတိုက်နှုန်း တစ်နာရီ မိုင(၆၀) နဲ့ လေပုန်း တစ်နာရီ(၇၅)မိုင်နှုန်း တိုက်ခတ်နိုင်ပါတယ်။

(၅) မုန်တိုငးရဲ့ အချင်းဝက်အကျယ်အ၀န်းဟာ မိုင်(၇၀-၈၀)အထိ ရှိနိုင်တဲ့အတွက် မောင်တော ဟာ မုန်တိုင်းစက်ကွင်းအတွင်း ကျရောက်နိုင်ပါတယ်။ ဒါပေမယ့် အစွန်အဖျားပိုင်းမှာ ဖြစ်မှာမို့ လေတိုက်နှုန်း တစ်နာရီ ၄၀-၅၀ မိုင်နှုန်းသာ အများဆုံး ရှိနိုင်ပါတယ်။

(၆) လက်ရှိခန့်မှန်းလေတိုက်နှုန်းအရ မုန်တိုင်းဒီရေ ၁ ပေခန့်သာ တက်နိုင်ပါတယ်။

(၇) ပင်လယ်ရေလှိုင်းအမြင့် ဗဟိုချက်အနီးမှာ ၁၂ ပေခန့်ရှိနိုင်ပါတယ်။ မြန်မာ့ရေပိုင်နက် အတွင်းမျာ လှိုင်းအမြင့် ၅ ပေမှ ၇ ပေခန့်သာ အများဆုံးရှိနိုင်ပါတယ်။

(၈) မုန်တိုင်းရဲ့ အပြင်ဖက်မှာ ခရုပတ်တိမ်(Spiral Band) ဖြစ်နေတဲ့အတွက် ရခိုင်ပြည်နယ်၊ မကွးတိုငး၊ ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်းတို့မှာ ယနေ့နေ့လည်မှ နောက်(၂၄)နာရီ အတွင်း နေရာစိပ်စိပ် မိုးရွာ နိုင် ပါတယ်။

ဒေါ်က်တာထွန်းလွင် (MCCW)

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။