/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 16, 2013

.

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် အိမ်ဖြူတော်သို့ လာရောက်လည်ပတ် မည့်ကိစ္စနှင်စပ်လျဉ်း၍သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး ၏ ထုတ်ပြန်ချက်

အိမ်ဖြူတော်
သတင်းထုတ်ပြန်ရေးအတွင်းရေးမှူးရုံး
(ချက်ချင်းထုတ်ပြန်ရန်)
၂၀၁၃ ခုနှစ် မေလ ၁၅ ရက်

သမ္မတအိုဘားမားသည် နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ၂၀၁၃ ခုနှစ် မေလ ၂၀ ရက်နေ့တွင် အိမ်ဖြူ တော်၌ ကြိုဆိုလက်ခံ မည် ဖြစ် သည်။


ပြီးခဲ့သည့်နိုဝင်ဘာလက ရန်ကုန်မြို့သို့ သွားရောက် ခဲ့သည့် သမ္မတအိုဘားမား၏ သမိုင်းဝင် ခရီးစဉ်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၊ အရပ်ဘက်လူ့အဖွဲ့အစည်းခေါင်းဆောင်များ၊ နိုင်ငံတကာ အသိုင်းအဝိုင်းတို့နှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်၍ သမ္မတဦးသိန်းစိန် အစိုးရ ဖော်ဆောင်ခဲ့သော ပြုပြင်ပြောင်းလဲမှုများ ဆက်လက် တိုးတက်ဖြစ်ပေါ်လာခဲ့သည်များအတွက် အမေရိကန်ပြည်ထောင်စု အနေဖြင့် ထောက်ခံ အားပေးမှုများ ဆက်လက်ဆောင်ရွက်ခဲ့သည်။ သမ္မတအိုဘားမားသည် မြန်မာနိုင်ငံ၌ ဒီမိုကရေစီဖွံ့ဖြိုးရေး၊ ဘာသာရေးနှင့် တိုင်းရင်းသားရေး ဆိုင်ရာ တင်းမာမှုများ ဖြေရှင်းရေး၊ ပြည်သူများ အတွက် စီးပွားရေးအခွင့်အလမ်းများ ဆောင်ကြဉ်းရေး စသည့် ကျန်ရှိနေသော စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ သမ္မတဦးသိန်းစိန်နှင့် ဆွေးနွေးနိုင်ရန်၊ အမေရိကန်ပြည်ထောင်စုအနေဖြင့် မည်သို့ကူညီနိုင်မည်ကို ညှိနှိုင်းရှာဖွေရန် မျှော်လင့်ထားသည်။

သမ္မတဦးသိန်းစိန်၏ အိမ်ဖြူတော်ခရီးစဉ် သည် ပြုပြင်ပြောင်း လဲမှုများ ဖော်ဆောင်ရေး အရေးပါ သည့် ဆုံးဖြတ်ချက်များ ချမှတ်ထားသည့် အစိုးရများအား ထောက်ခံမှုပေးရန်၊ ကူညီပံ့ပိုးရန် ပေးအပ်ထားသော သမ္မတအိုဘားမား၏ သန္နိဌာန်ကို အထင်အရှား ပြဆိုနေပြီး ထူးခြားလေးနက်မှုများ တည်ရှိနေသော မြန်မာ နိုင်ငံ၏ အလားအလာကောင်းများ အပြည့်အဝ ဖြစ်ပေါ်လာရေးကို မြန်မာပြည်သူများ ရရှိခံစားနိုင်စေရန် ကူညီပံ့ပိုးပေးမည့် အမေရိကန်ပြည်ထောင်စု၏ ကူညီပံ့ပိုးမှုကို သိသာမြင်သာစေမည် ဖြစ်သည်။

Credit To:Yangon Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။