/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 16, 2013

.

မုန်တိုင်းသတိပေးချက် (မြန်မာစံတော်ချိန် ၁၂ နာရီ/ မိုးဇလ)

၂၀၁၃ခုနှစ်၊ မေလ(၁၆)ရက်နေ့မြန်မာစံတော်ချိန်(၁၂း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန်(၁၁း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက်-အနောက်မြောက်ဘက်မိုင်(၁၁၀)ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ(စစ်တကောင်းမြို့ )၏ အနောက်တောင်ဘက်မိုင်(၁၁၀)ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။


အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ တစ်နာရီလျှင် (၁၀)မိုင်မှ(၁၅)မိုင်နှုန်းဖြင့် ရွေ့ လျားလျှက်ရှိပြီး၊မုန်တိုင်းဗဟိုချက်သည်နောက် (၆)နာရီအတွင်းဘင်္ဂလားဒေ့ရှ်နိုင်ငံ(စစ်တကောင်းမြို့ )အနီးမှကုန်းတွင်းပိုင်းသို့ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏လက်ရှိအခြေအနေမှာအနီရောင်အရေးပေါ်အခြေအနေသို့ရောက်ရှိပြီး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်သို့ ဦးတည်ရွေ့လျားလျက်ရှိသည့် အခြေအနေ ဖြစ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)သည် ကမ်းခြေသို့ဖြတ်ကျော်စဉ် လေတိုက်နှုန်းမှာ တစ်နာရီ လျှင်မိုင်(၆၀)မှ မိုင်(၇၀)အထိတိုက်ခတ်နိုင်ပြီး၊ မုန်တိုင်းကြောင့်မြင့်တက်နိုင်သော ရေလှိုင်းအမြင့်မှာ မောင်တောမြို့နယ်ကမ်းခြေတွင် (၈)ပေမှ(၁၀)ပေခန့်၊ စစ်တွေခရိုင်ကမ်းခြေတွင် (၆)ပေမှ (၈)ပေခန့်နှင့် ကျောက်ဖြူခရိုင်ကမ်းခြေတွင်(၄)ပေမှ(၆)ပေ ခန့် မြင့်တက်နိုင်ပါသည်။ မုန်တိုင်းနှင့်အတူ မိုး သည်းထန်စွာ ရွာသွန်းနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ် နှင့်ရခိုင်ပြည်နယ် တို့တွင်မိုးရွာသွန်းမှုကြောင့်မြေပြိုခြင်း၊တောင်ကျရေများကြောင့်လျှပ်တစ်ပြက်ရေကြီးခြင်းအန္တရာယ်များ ကိုသတိပြုရှောင်ရှားသင့်ပါသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့်မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန် ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင်မိုင်(၆၀)မှ မိုင်(၇၀)အထိ တိုက်ခတ်နိုင်သည့်အတွက် ပင်လယ်မှငါးဖမ်းထွက်သည့် ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ၊ မုန်တိုင်းအန္တရာယ်ကို ကြိုတင် ရှောင်ရှား ကြပါရန် အကြံပြုအပ်ပါသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။