/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 16, 2013

.

အသောက်မတော် တစ်ခွက် နှင့် အသွားမတော် တစ်လှမ်း



ယနေ့ 16-5-2013 မနက်ခင်း ၇ နာရီ ခန့်တွင် လမ်း၄၀ နှင့် ၇၉ သံလမ်း ထောင့်ရှိ ယခင် ကြိုးလိမ် ရေတွင်း တွင် လူလတ်ပိုင်း တစ်ဦး ပြုတ်ကျ သေဆုံးနေသည်။ ယခင်က အသုံးမပြုခဲ့တာ ကြာပြီ ဖြစ်သောကြောင့် အမှိုက်များနှင့် အဖုံးပိတ်ထား သည်မှာလည်း ကြာခဲ့ပြီး ၊ ယခု နွေရာသီတွင်သာ အနီးနား အိမ်များမှ အေးမြသော သုံးရေ ရရှိရန် ၀ိုင်းဝန်း ဆယ်ပြီး ပြုပြင်ထားကြသည်။ နေ့စဉ် ရေချိုး ရေခပ် သုံးစွဲနေကြသည်မှာ မနေ့ညပိုင်းက အထိဖြစ်ကြောင်း သိရှိရသည်။

ပတ်ဝန်းကျင်မှ ပြောချက်အရ ညနက်ပိုင်းမှသာ အမူးလွန်ပြီး ရေတွင်းပေါ်သို့ ထိုင်၍သော်လည်းကောင်း၊ ငုံကြည့်ရာမှ အရှိန်လွန်ပြုတ်ကျ ၍သော်လည်းကောင်း သေဆုံးခြင်းဖြစ်သည်ဟု ခန့်မှန်းရပြီး မည်သူမည်ဝါ မရှိရသေးကြောင်းနှင့် မဟာအောင်မြေမြို့နယ် အပိုင် စခန်းမှုး လာရောက်စစ်ဆေး၍ ချမ်းမြသုခ အသင်းမှ တင်ဆောင်၍ ရေခဲတိုက်သို့ ပို့ဆောင်လိုက်သည်။

မတော်တဆ သေဆုံးမှုလား၊ ရိုက်နှက်၍ တွန်းချမှုလား ၊သတ်ဖြတ်ပြီး လာရောက် စွန့်ပစ်မှုလား ဆိုသည် များကို ရဲစခန်း မှ သေမှု သေခင်း ဖွင့်၍ ဆက်လက် စုံစမ်း စစ်ဆေးနေကြောင်း မန္တလေးနေပြည်သူများ သတင်းအဖြစ် သိရှိနိုင်ရန် ရေးသားလိုက်ပါသည်။

Credit to:မန္တလေး သတင်းပုံ ရိပ်များ

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။