/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 16, 2013

.

''ဝ” ပြည်နယ်တောင်းဆိုမှု လွှတ်တော်ကသာ ဆုံးဖြတ်ရမည်ဟုဆို

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ လက်နက်နှင့် စီးပွားရေး အထောက်အပံ့များ ရယူထားသော “ဝ”ပြည် သွေး စည်း ညီညွတ်ရေး ပါတီက “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆိုမှုသည် လွှတ်တော် နှစ်ရပ် ကသာ အဆုံးအဖြတ်ပေးရမည့် ကိစ္စဖြစ်ကြောင်း အစိုးရက ဖွဲ့စည်းထားသည့် မြန်မာငြိမ်းချမ်းရေး စင်တာမှ အကြီး တန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။


မေလ ၁၁ရက်နေ့က ပြုလုပ်ခဲ့သည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေး ပါတီနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ေ ဆာင်မှု လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်တို့ တွေ့ဆုံစဉ် ယင်းပါတီဒုတိယ ဥက္ကဋ္ဌ ဦးေ ကျာက် ညီလိုင်က အခြေခံဥပဒေ ပြင်ဆင်ရာတွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တစ်ခု ထည့်သွင်း ပြင် ဆင်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“ဝ” က ပြည်နယ်တောင်းတယ် ဆိုတာ "အစိုးရမှာလည်း တောင်းလို့မရဘူး။ ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီမှာလည်း တောင်းလို့မရဘူး၊ လူထုရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အဆုံးဖြတ် ပေါ် မူတည်တယ်" ဟု အဆိုပါ ငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ “ဝ” ပြည်သွေးစည်းညီညွတ် ရေးပါတီ၏ ပြည်နယ်တောင်းခံမှုကို လက်မခံကြောင်း ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ် ပါတီ၏ ဗဟို အလုပ်အမှု ဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြား သည်။

ထိုပြည်နယ်တောင်းခံမှု အပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက "ဒီပြဿ နာ ဟာ အတော် ထိလွယ်ရှလွယ်တဲ့ ပြဿနာ၊ တပ်မတော်အစိုးရ ရေးတဲ့ အခြေခံဥပဒေ ထဲမှာက သူတို့ကို ကိုယ် ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ထားတာ။ အခုအခြေခံ ဥပဒေပြင်ရင် ပြည်နယ် ပေး မပေး ဆို တာလည်း ဗိုလ်ချုပ်ဟောင်းတွေပေါ် မူတည်နေတယ်" ဟု သုံးသပ် ပြောကြားသည်။

အခြေခံဥပဒေက သတ်မှတ်ထားသော နယ်မြေအကျယ် အဝန်း၊ လူဦးရေအရ တောင်းခံပိုင်ခွင့် ရှိပြီး မြန် မာနိုင်ငံ တွင်းရှိ လူမျိုးတစ်မျိုး၏ နိုင်ငံရေး အခွင့်အရေးအရ လွှတ်တော်တွင် တောင်းခံပိုင်ခွင့် ရှိကြောင်း နိုင်ငံရေးေ ဆာင်းပါးများ သုံးသပ်ရေးသားသူ စာရေးဆရာ နေသန်မောင်က ဆိုသည်။ "Political Right အရ တောင်းခွင့်ရှိတာမှန်ပေမယ့် အခြေခံဥပဒေတိုင်းပဲ သွားသင့်တယ်၊ အစိုးရဆီမှာ ပြည်နယ် သွား တောင်း လို့မရဘူး" ဟု ၄င်းက ထောက်ပြ သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဉာဏ်ဝင်းကမူ ယင်းကိစ္စကို လူထုဆန္ဒ ခံယူပြီးမှ ဆုံးဖြတ်သင့်ကြောင်း အကြံပြု သည်။

အခြေခံဥပဒေ စာမျက်နှာ (၁၈) ပုဒ်မ ၅၆ (စ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ ဖွဲ့စည်းပုံဆိုင်ရာ ပုဒ်မတွင် ရှမ်းပြည် နယ် ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်မြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း မြို့နယ် တို့ကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ပေးထားသည်။

The Voice

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။