/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 16, 2013

.

KIA ခေါင်းဆောင်များ ရခိုင်တပ်ရင်းကိုသွားရောက်စစ်ဆေး



မေလ ၁၅ ရက် ၂၀၁၃

KIA ဌာနချုပ်လိုင်ဇာအနီးရှိ ရခိုင်တပ်ရင်းသို့ မေလ ၁၃ ရက်နေ့က ဒုစစ်ဦးစီးချုပ် အက်စ်ဂွမ်မော် ဦးဆောင်ပြီး KIA ခေါင်ဆောင်များသွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ရခိုင်လူမျိုးတွေ အနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ရခိုင် တပ်မတော် တစ်ခုတည်ထောင်နိုင်ရန် အတွက် KIA တပ်တွေမှာ ၀င်ရောက် အမှုထမ်းနေခြင်းဖြစ်ပါသည်။


ရခိုင်လူမျိုး တွေရဲ့ အဓိကရန်သူဟာ မွတ်ဆလင် လူမျိုးတွေဖြစ်ကြောင်း၊ မွတ်ဆလင်များကို ရခိုင် ပြည်နယ်ကနေ မောင်းထုတ်ဖို့ အတွက် ရခိုင်လူမျိုးတွေအနေနဲ့ လက်နက် ကိုင်ဆောင်နေခြင်း ဖြစ်ကြောင်း၊ အရင်က KIA ခေါင်းဆောင်တွေနဲ့ ရခိုင် လူမျိုး တပ်ဖွဲ့ဝင်များ သင့်သင့်မြတ်မြတ် ရှိခဲ့ကြပြီး ရခိုင် တပ်မတော်နေ့ အခမ်းအနားများကိုပင် လိုင်ဇာဌာနချုပ်မှာ ကျင်းပပေးခဲ့ကြောင်း သိရှိရပါသည်။ KIA တပ်ဖွဲ့များတွင် ရိုဟင်ဂျာလို့ခေါ်တဲ့ မွတ်ဆလင်တွေကို လက်ခံထားသည့်နောက်ပိုင်းတွင် ရခိုင်တပ်ဖွဲ့ဝင် များနှင့် ကချင် တပ်ဖွဲ့ဝင်များ သင့်သင့်မြတ်မြတ် မရှိတော့ကြောင်း၊ KIA အနေနဲ့ အစိုးရကို တိုက်ခိုက်ရန် အတွက် လူအင်အားများ များစားစား ရှိမှဖြစ်မည်ဟု အယူအဆနဲ့ မွတ်ဆလင်ကုလားများကို လက်ခံထားခဲ့ တာဖြစ်ပါသည်။

ကိုယ့်တိုင်းရင်းသားချင်း အတူတူဖြစ်သည့် ရခိုင်တပ်ဖွဲ့ဝင်များ၏ ခံစားချက်ကို စာနမှုမရှိဘဲ မွတ်ဆလင် များကို လက်ခံခဲ့သည့်အတွက် အခု နောက်ပိုင်းမှာ ပြဿနာတွေဖြစ်လာသည့် အချိန်တွင် KIA ခေါင်း ဆောင်ပိုင်းက ရခိုင်တပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချခဲ့ ကြောင်း၊ ရခိုင်တပ်အား ဒုဦးစီးချုပ် စစ်ဆေးစဉ် KIA တပ်ဖွဲ့များအတွင်း တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုလျော့နည်းလာပြီး လူမျိုးရေးမုန်းတီးများ မဖြစ်ရန် နောက် နောင်မွတ်ဆလင်များနျင့် ပဋိပက္ခမဖြစ်ရန်၊ ပြဿနာဖြစ်ပွားပါက ထိထိရောက် ရောက် အရေး ယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု KIA မှ ရခိုင်တပ်ဖွဲ့ဝင် ကိုရှည်မှပြောဆို ခဲ့သည်။

Credit : http://www.kachindailynews.com/2013/05/kia_8692.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။