/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 16, 2013

.

မုန်တိုင်း ဘင်္ဂလာဒေခ်ျ့ အနောက်တောင်ပိုင်းကို ၀င်ရောက်၊ လူစတင် သေဆုံး



မဟာဆန် ဆိုင်ကလုန် မုန်တိုင်း ဘင်္ဂ လာဒေခ်ျ့ကို ၀င်ရောက် တိုက်ခတ် နေပြီ ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့ အနောက်တောင်ပိုင်း ပေါတ၀ါခါလီ ခရိုင်ရှိ ခေပူပါရာ မြို့နယ်ကို စတင် တိုက်ခတ်နေပြီ ဖြစ် သည်။ အဆိုပါ မြို့နယ်တွင် အိမ်ပေါင်း ၄၀ ပြိုပျက်သွားခဲ့ပြီ ဖြစ်သည်။

ဘိုလာ ခရိုင် လာမဟိုနဲ မှ လူတစ်ဦး သစ်ပင်ပြိုလဲရာမှ သေဆုံးသွားခဲ့ကြောင်း ရုပ်မြင်သံကြားမှ ထုတ်လွှင့် ကျေညာသည်။


ပေါတ၀ါခါလီ ခရိုင် တစ်ခုလုံးတွင် အိမ် ၂၀၀ ကျော်ပြိုပျက်သွားခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။


အိမ်ပြိုသွားသွားသောကျေးရွာများမှာ အဆိုပါ ခရိုင်အတွင်းရှိ ခါဆူဇူရာ ရွာ၊ ခါဝါဂေါရာ၊ မေလာပါရာ၊ ခေါင်ကာ မောတီ၊ ကေ၀ါ စသည့် ကျေးရွာများမှ ဖြစ်သည်။

ဘိုလာခရိုင် အတွင်းရှိ ကူကရီ မိုကရီ ပေါ်ကျွန်းမှာ ရေအောက် (၅) ပေသို့ ရောက်ရှိသွားပြီဟု ဆိုသည်။

လေပြင်းတိုက်ပြီး မိုးအဆက်မပြတ် ရွာသွန်းနေသဖြင့် ပေါတ၀ါခါလီ၊ ဘိုလနှင့် မောင်လခရိုင်တို့တွင် လျှပ်စစ် မီး ပြတ်တောက်သွားပြီဟု သိရသည်။

narinjara

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။