မြန်မာ ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်း ဖြစ် သော သီပေါမင်း၏ အရိုးအိုးကို ပြည်တော် ပြန် သယ် ယူ ရန် အတွက် သီပေါမင်း အနွယ်တော် များ က သဘော တူသော်လည်း ပြည်တွင်း ငြိမ်းချမ်းရေး တည်ေ ဆာက် ပြီးမှသာ ပြန်လည် သယ်ယူရန် အကြံပြု ပြောကြားကြောင်း သီပေါမင်း၏ မြေးတော် တစ်ဦးဖြစ်သူ ဒေါ်ဒေ၀ီ သန့်ဇင် က ပြောကြားသည်။
““ပြန်လည် သယ်ယူ မှာကိုတော့ သဘော တူပါ တယ်။ ဒါပေမဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို အရင် တည်ေ ဆာက် စေချင်ပါတယ်၊ ငြိမ်းချမ်းရေး ရှိမှ သယ်တော့ အဓိပ္ပာယ် ပိုရှိတာပေါ့””ဟု ၎င်းက ပြောဆိုသည်။
အဆိုပါ သီပေါမင်း၏ အရိုးအိုး ပြန်လည် သယ်ယူရန် အဖွဲ့ မဖွဲ့စည်း ရသေးကြောင်း၊ ယင်းကိစ္စမှာ ယဉ်ေ ကျး မှု ၀န်ကြီး ဌာနနှင့် မဆိုင်ကြောင်း ယဉ်ကျေးမှု ၀န်ကြီး ဌာနရုံး အဖွဲ့မှူးက ပြောဆိုသည်။ ထိုသို့ ပြန် လည် သယ်ယူရာတွင် အစိုးရ အဖွဲ့၏ စီမံချက် ဖြင့်သာ သယ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
ကုန်းဘောင် မင်းဆက်၏ နောက်ဆုံး မင်းဖြစ်သော သီပေါမင်းသည် တတိယ အင်္ဂလိပ် မြန်မာ စစ်ပွဲအပြီး ၁၈၈၆ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် အိနိ္ဒယ နိုင်ငံသို့ ပါတော် မူသွားပြီး ယင်းနိုင်ငံ ရတနာဂီရိ တွင်ပင် နတ် ရွာ စံတော် မူခဲ့သည်။ မိဖုရား ဖြစ်သော စုဖုရား လတ်မှာ မြန်မာပြည်သို့ ပြန်လာခဲ့ပြီး ရန်ကုန်မြို့တွင် နတ် ရွာ စံကြောင်း သိရသည်။
ယင်းသီပေါမင်း၏ အထိမ်းအမှတ် အုတ်ဂူနှင့် အိမ်တော်သို့ တာဝန် ရှိသူများ သွားရောက် ကြည့်ရှုခဲ့ပြီး နောက် ပိုင်းတွင် သီပေါမင်း၏ အရိုးအိုး ပြန်လည် သယ်ယူရေး ကိစ္စမှာ ပေါ်ပေါက် လာရခြင်း ဖြစ်သည်။
မြ၀တီ
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။