/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 16, 2013

.

MAI က လေယာဉ် စင်းလုံးငှားပေးတော့မယ်



မြန်မာ့လေကြောင်း (MAI) က စီးပွားရေး လုပ်ငန်း တွေ၊ ကုန်သွယ်ရေး လုပ်ငန်းတွေ နဲ့ ကုမ္ပဏီတွေ အတွက် လေယာဉ် စင်းလုံး ငှားတော့ပါမယ်။


ကုန်ပစ္စည်းတွေကို အချိန်တိုအတွင်း လေကြောင်းနဲ့ သယ်ယူလိုတယ် ဆိုရင်ဖြင့် တနာရီကို ကျပ်ငွေ ၃၃ သိန်း နှုန်းနဲ့ ပျံသန်းဝန်ဆောင်မှု ပေးမယ့်အကြောင်း ယနေ့ ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာ မှာ ဖော်ပြထားပါ တယ်။ 

MAI မြန်မာ့လေကြောင်းလိုင်းဆိုတာ ၁၉၄၆ ခုနှစ် က စတင်ပြီး Union of Burma Airways အမည်နဲ့ ထူထောင်ခဲ့တာဖြစ်ပြီး ၁၉၉၃ ခုနှစ်က စတင်ပြီး Myanmar Airway International ( MAI ) အဖြစ် ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ 

မကြာသေးမီကလည်း MAI အနေနဲ့ လေယာဉ်ငယ် အသစ်တွေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်အပါအ၀င် တရုတ်၊ ထိုင်ဝမ် စတာတွေကို လည်း ခရီးစဉ် တိုးချဲ့ ပြေးဆွဲသွားမယ့်အကြောင်း MAI ရုံးချုပ်မှာ ပြောဆိုခဲ့ပါသေး တယ်။ 

Credit : http://blog.irrawaddy.org/2013/05/mai.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။