/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 16, 2013

.

ကြားဖြတ်သတင်း(မြန်မာ့လေကြောင်းမှ လေယာဉ်တစ်စီး မိုင်းဆတ်မြို့တွင် ပြေးလမ်းချော်)

မြန်မာ့လေကြောင်းမှ လေယာဉ်တစ်စီး မိုင်းဆတ်မြို့တွင် ပြေးလမ်းချော်

Thursday, May 16, 2013


ယနေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် မြန်မာ့ လေကြောင်းမှ ခရီးသည်တင်လေယာဉ် ဖော်ကာ အမှတ် XY-AIQ သည် ဟဲဟိုးမှ ထွက်ခွာလာပြီး မိုင်းဆတ် လေယာဉ်ကွင်းသို့ဆင်းသက်ရာတွင် ဘရိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် အရှိန်လွန်၍ လေယာဉ်ပြေးလမ်းကို ကျော်ပြီး ကိုက် ၂၀၀ အကွာရှိ ခြံစည်းရိုးတွင် ရပ်တန့် သွားခဲ့ကြောင်း၊ လေယာဉ်၏ ဝဲဘက်တောင်ပံနှင့် ဝဲဘက် ဘီးများ ပျက်စီး သွားခဲ့ကြောင်း ခရီးသည် ၅၅ ဦးပါရှိပြီး အမျိုးသမီး ၂ ဦး လက်ကျိုးပြီး ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း၊ မစိုးရိမ်ရကြောင်း၊ ဒဏ်ရာရသူများအား မိုင်းဆတ် ကုတင် ၁၀၀ တပ်မတော် ဆေးရုံးသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း ခရီးစဉ်အား ဆက်လက် ပို့ဆောင်နိုင်ရေး လေယာဉ် အစားထိုး ပြေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။



No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။