/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 16, 2013

.

၂၀၁၃ခုနှစ်၊ မေလ(၁၆)ရက်နေ့မြန်မာစံတော်ချိန်(၁၆း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန် (၁၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း တွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်(MAHASEN)သည်အရှေ့မြောက်ဘက် သို့ရွေ့လျား ခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်လျှက်ရှိပါသည်။


ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ အညိုရောင်အခြေအနေဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကိုဖြတ်ကျော်နေသည့်အခြေအနေဖြစ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)သည် ကမ်းခြေသို့ဖြတ်ကျော်စဉ် လေတိုက်နှုန်းမှာ တစ်နာရီ လျှင်မိုင်(၅၀)မှမိုင်(၆၀)ခန့်အထိ တိုက်ခတ်နိုင်ပြီး၊ မုန်တိုင်းကြောင့် မြင့်တက်နိုင်သော ရေလှိုင်းအမြင့်မှာ မောင်တောမြို့နယ်ကမ်း ခြေတွင်(၆)ပေမှ(၈)ပေခန့်နှင့် စစ်တွေခရိုင်ကမ်းခြေတွင်(၄)ပေမှ(၆)ပေခန့် မြင့်တက်နိုင်ပါသည်။ မုန်တိုင်းနှင့်အတူမိုး သည်းထန်စွာ ရွာသွန်းနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ ကွက်ပြီး မိုးကြီးနိုင်ပါသည်။

မြန်မာစံတော်ချိန်(၁၄း၃၀)နာရီ အချိန်တိုင်းထွာချက်များအရ မောင်တောမြို့တွင် အနောက်တောင် အရပ် မှ တစ်နာရီလျှင်မိုင်(၃၀)နှုန်းဖြင့်လည်းကောင်း၊ စစ်တွေမြို့တွင်အနောက်အရပ်မှ တစ်နာရီလျှင်မိုင် (၃၀) နှုန်းဖြင့်လည်းကောင်း၊ ကျောက်ဖြူမြို့တွင် အနောက်တောင်အရပ်မှတစ်နာရီလျှင်(၂၅)မိုင်နှုန်း ဖြင့် လည်းကောင်း၊ သံတွဲမြို့တွင် အနောက်တောင်အရပ်မှ တစ်နာရီလျှင်မိုင်(၂၀)နှုန်းဖြင့် တိုက်ခတ် လျှက်ရှိကြောင်းတိုင်းထွာရရှိပါသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက် လေပြင်း ကျစဉ်ရေပြင်/ မြေပြင်လေသည်တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၆၀)အထိတိုက်ခတ် နိုင်သည့် အတွက် ပင်လယ်မှငါးဖမ်းထွက်သည့် ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ၊ မုန်တိုင်းအန္တရာယ်ကို ကြိုတင် ရှောင်ရှားကြပါရန်အကြံပြုအပ်ပါသည်။

Popular Myanmar News Journal

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။