/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 11, 2013

.

ထောပတ်သီးက လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်

ထောပတ်သီးစားသုံးခြင်းသည် ကိုယ်ခန္ဓာ အတွက် လိုအပ်သော အာဟာရများကိုဖြည့် တင်းပေးနိုင်ရုံ သာမက သဘာဝမှ ရသောသကြား ဓာတ် ကိုထောက် ပံ့ပေးခြင်း ၊ ကိုယ် အလေးချိန်ကျ ဆင်းစေခြင်း ၊အကျိုး ပြုကိုလက် စတီရောကို တက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရ ရှိစေနိုင်သည် ဟုသိရသည်။ယခု လေ့လာမှု တွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကို ပါ ထောပတ်သီးက ကာကွယ်ပေးနိုင်ကြောင်း ဖော် ထုတ် နိုင်ခဲ့သည်။

ယခုလေ့လာမှုသည် အမျိုးသား ကျန်းမာရေးနှင့် အာဟာရဆိုင်ရာစစ် တမ်း(National Health and Nutrition Examination Survey, NHANES) မှရရှိခြင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၀၈ခုနှစ် အတွင်း လေ့လာခဲ့သည်။အမေရိကန် နိုင်ငံသား အသက် ၁၉နှစ်အထက်ရှိသူ ၁၇၅၆၇ဦး ကို လေ့လာခဲ့သော ယခုလေ့လာမှုတွင် ၃၄၇ဦးသည် နေ့စဉ်ထောပတ်သီးကို စားသုံးပေး သူ များဖြစ်ကြောင်းေ ဖာ် ထုတ်နိုင်ခဲ့သည်။ အဆိုပါ ထောပတ်သီး နေ့စဉ် စားသုံးပေးသူများ၏ ကျန်းမာရေး အခြေအနေကို မေးခွန်းများ မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများ ဖြင့်လေ့လာခဲ့သည်။

ထောပတ်သီးနေ့စဉ် စားသုံးသူ များသည် ကျန်းမာရေးနှင့်ညီညွတ်သောစားသုံးမှုပုံစံ အညွှန်းကိန်းဖြစ် သည့် healthy eating index,HEI နှင့်အနီးစပ်ဆုံးသူများဖြစ်လာ ကြောင်း၊ ထောပတ်သီးနေ့စဉ်စားသုံး သူများသည် မစားသုံးသူများထက်နေ့ စဉ်ထောပတ်သီး မှ အမျှင်ဓာတ်၃၆%၊ ဗီတာမင်အီး ၂၃%၊ မက်ဂနီစီယမ် သတ္ထုဓာတ်၁၃%၊ပိုတက်စီယမ် ၁၆%နှင့်ဗီတာမင်ကေ ၄၈%ပိုမိုရရှိ ကြောင်း သုတေသန တွင်ဖော်ပြထားသည်။

ထို့ပြင်ကျန်းမာရေးအတွက် သင့်တော်သောအဆီဓာတ်များကို ထောပတ်သီးနေ့စဉ်စားသုံးပေးပါက မစားသုံးသူများထက် ၁၈%ပိုမိုရရှိ ကြောင်းလည်းဖော်ပြထားသေးသည်။ ယခုလေ့လာမှုကပြဆိုသော ရလဒ်မှာကိုယ်ခန္ဓာဇီဝဖြစ်စဉ်ချို့ယွင်းမှု (metabolic syndrome)ကြောင့်ဖြစ် ရသောလေဖြတ်ခြင်းကို လည်း ၅၀% လျှော့ချပေးနိုင်ကြောင်းပင်ဖြစ်သည်။

ယခုလေ့လာမှုကို National Nutrition Journal တွင်ပုံနှိပ်ဖော် ပြထားခြင်းဖြစ်သည်။

သန့်စင်
Health Updates Journal

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။