/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 11, 2013

.

အစိုးရနှင့်ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ဆွေးနွေးမှု

အစိုးရနှင့်ကချင် လွတ်မြောက်ရေး အဖွဲ့တို့သည်တ ရုတ်နိုင်ငံရွှေလီမြို့ရှိ Jing Cheng ဟိုတယ်တွင် ယနေ့ နံနက် ၉နာရီ မိနစ်၂၀မှ စတင် ကာတွေ့ ဆုံဆွေးနွေးနေကြ ပြီဖြစ်သည်။ အစိုးရဘက် မှ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင်ေ သာ အဖွဲ့တွင် ကချင်ပြည်နယ် စစ်ဆင်ရေးဆိုင် ရာစစ်ဆင်ရေးအထူးအဖွဲ့ ၁ မှူး ဒုတိယ ဗိုလ် ချုပ်ကြီးမြင့်စိုးအပါအ၀င် စစ်ဘက် ဆိုင်ရာအကြီး အကဲများ ပါဝင်လာပြီး ကေအိုင်အိုဘက်မှ တပ်ပိုင်း ဆိုင်ရာထိပ်တန်း တာဝန်ရှိသည့် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်နှင့် တပ်ပိုင်း ဆိုင်ရာ အကြီးအကဲများလည်းတက်ရောက်သဖြင့် ယခုဆွေးနွေးပွဲတွင် တပ်နှင့်ပတ် သက်သည့် ကိစ္စများ ဆွေးနွေးသွားနိုင်လိမ့်မည်ဟု နှစ်ဘက်လုံးက သုံးသပ်ပြောကြားသည်။

7Day News Journal

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။