မတ် ၁ရက်မှစပြီး ပစ်ကပ်ထရပ်ကားများကို တင်သွင်းရာတွင် စီးပွားရေးလုပ်ငန်းသုံးယာဉ်များ တင်သွင်းသည့် အခွန်နှုန်းထားအတိုင်း ငါးရာခိုင်နှုန်း သာ ကောက်ခံပေးလျက်ရှိကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ ပစ်ကပ်ထရပ်ကားများ အခွန်နှုန်းထားများ သက်သာစွာ တင်သွင်းနိုင် မည်ဖြစ်သော်လည်း တံခါးပေါက်နှစ်ပေါက်ပါ ပစ်ကပ်ကားများသာငါးရာခိုင်နှုန်း ဖြင့်တင်သွင်းခွင့် ပြုလိမ့်မည်ဖြစ်ကြောင်း ၊ တံခါးပေါက်လေးပေါက် ပါ ကားများမပါဝင်ကြောင်းသိရသည်။
လက်ရှိ ဂျပန်ထုတ်ပစ်ကပ်ထရပ်ကားအသစ်စက်စက်တစ်စီးလျှင်ဈေးကွက်တွင် အမေရီကန်ဒေါ်လာ ၁၅၀၀၀ မှ ၁၇၀၀၀ ကြားဈေးရှိကြောင်းကားတင်သွင်းရောင်းချသူ တစ်ဦးက ပြောကြားသည်။
ထိုသို့ ပစ်ကပ်ထရပ်ကားများအခွန်နှုန်းသက်သာစွာ တင်သွင်းလာနိုင်သဖြင့် ပစ်ကပ်ထရပ်ကား များဈေးနှုန်းကျဆင်း လာနိုင်ကြောင်း စီးပွားရေးကျွမ်းကျင်သူများက ခန့်မှန်းပြောကြားလျက်ရှိသည်။
တက္ကစီယာဉ်များ၊ ဘတ်စ်ကားများ၊ ကုန်ပစ္စည်းတင်ထရပ်ကားများကိုစီးပွားရေးလုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်ပြီး အခွန်ငါးရာခိုင်နှုန်းဖြင့် တင်သွင်းခွင့်ပြုထားသည်။ သို့ရာတွင် အိမ်စီးမော်ဒယ်မြင့် ကားများ ကို တင်သွင်းရာတွင် အခွန် ၈၀ ရာခိုင်နှုန်း ၀န်းကျင်ကောက်ခံကြောင်းသိရသည်။
Credit: TechSpace Journal
Credit : Here

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။