/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 11, 2013

.

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များပါဝင်သည့် ပညာရေးပြပွဲ ရန်ကုန်နှင့်မန္တလေး၌ ကျင်းပမည်

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များပါဝင်မည့် Universities’ Fair2013 ပြပွဲအား မတ်လအတွင်းရန်ကု န်နှင့် မန္တလေးမြို့များ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

မတ်လ(၂၂) ရက်နေ့ ၌ရန်ကုန်မြို့Summit Parkview Hotel တွင်လည်းကောင်း၊မတ်လ(၂၄)ရက်နေ့တွင် မန္တလေးမြို့ မန္တလေးဟော်တယ်၌ စင်ကာပူ-ယူကေ-အမေရိကန်-မလေးရှား နိုင်ငံရှိ ကျောင်းများမှ တာဝန်ရှိသူများကိုယ်တိုင် ပညာရေးလမ်းကြောင်းများ၊ ကျောင်းဝင်ခွင့်များအကြောင်းကို ရှင်းလင်း အကြံညဏ်ပေး မည့်ပွဲဖြစ်၍မည်သူမဆို လာအခမဲ့လာရောက်လေ့လာနိုင်ပြီး ပညာသင်ဆုများလည်း လာရောက်လျှောက်ထားနိုင်ကြောင်းမြန်မာ့ပညာရေးဝန်ဆောင်မှုအသိုင်းအ၀ိုင်းကသိရှိရသည်။

“မြန်မာနိုင်ငံမှာ ကျောင်းသားတွေရော၊ ကျောင်းသားမိဘတွေရောတော်တော်များများ အထူးသဖြင့် အမေရိကန် ပညာရေးနဲ့ ပတ်သက်ပြီး အယူအဆလွဲနေတာလေးတွေ ရှိပါတယ်၊၊ ဥပမာ SAT ရမှတ်တွေ တင်ပြမှ၊ ၁၂ တန်း အထိပြီးမှအမေရိကန်တက္ကသိုလ်တွေ ၀င်ခွင့်ရမယ်လို့ ယူဆနေတာ လေးတွေ ရှိပါတယ်၊၊ အခုအမေရိကန် တက္ကသိုလ်က တာဝန်ရှိသူတွေကိုယ်တိုင် လာရောက် ရှင်းလင်းပြောကြား မှာဖြစ်လို့  ဗဟုသုတအဖြစ်ပဲ ဖြစ်ဖြစ် လာရောက်လေ့လာသင့်ပါတယ် ” Unviersities’ Fair 2013 စီစဉ်သည့် CROWN Education မှပညာရေး အတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ အကြံပြုပြောကြားသည်၊၊

လူငယ်များအနေဖြင့်ပညာရေး ရည်မှန်းချက်အလိုက် ၊တက္ကသိုလ်များ၊ ဘာသာရပ်များကို စနစ်တ ကျ ရွေးချယ်နိုင်ရန် ရည်ရွယ်ကြောင်းနှင့် နိုင်ငံတကာ ပညာရေးစနစ်များကို လည်း လေ့လာနိုင် ရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။

အမေရိကန် တက္ကသိုလ်များသို့တက်ရောက် မည့်သူများSAT/GMAT/GREရမှတ်များတင်ပြရန် မလို ပဲ လျှောက်ထားနိုင်သော အမေရိကန် ကျောင်းများ၊ PSBAcademy မှ အင်ဂျင်နီယာ ဘာသာရပ်များ အတွက် အမြင့်ဆုံးပညာသင်ထောက်ပံ့ကြေးမြန်မာ ငွေကျပ်သိန်း(၁၀၀) ကျော် အား လျှောက်ထားနိုင် မည့်အခွင့်အရေးများ၊ အင်္ဂလန်တက္ကသိုလ်များမှပေးအပ်မည့်(၅၀%) ပညာသင်ထောက်ပံ့ကြေးများ အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။

စင်ကာပူကျောင်းများ လျှောက်ထားလိုပြီး IELTS ရမှတ် မဖြေ ဆိုရသေးသူများEnglish Placement Test အား အဆိုပါ ပညာရေး ပြပွဲ၌ နာမည်စာရင်းပေးသွင်းဖြေဆိုနိုင်ရန် စီစဉ်ထားကြောင်းနှင့်အင်ဂျင်နီယာနှင့် စီးပွားရေးဘာသာရပ် လျှောက်ထားသူများအတွက် EngineeringFoundation Program ၊Business English Course များအား CROWN Educationမှအခမဲ့ ပို့ချပေးမည် ဖြစ်သည့်အတွက် အဆိုပါပွဲနေ့၌ စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရသည်။

(၁၀)တန်း ဖြေဆိုထားသူများနှင့် အသက်(၁၆-၂၀) နှစ်အတွင်းရှိလူငယ်များ ကမ္ဘာကျော် အောက် စဖို့တက္ကသိုလ်နှင့် စင်ကာပူ အမျိုးသားတက္ကသိုလ်(NUS)သို့သွားရောက်လေ့လာသင်ယူရမည့် Summer Campအစီအစဉ်များအတွက် လည်းလျှောက်လွှာများထုတ်ယူနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ပညာရေးပြပွဲသို့လာရောက်သူတိုင်းအား နိုင်ငံတကာပညာ ရေးလမ်းညွှန်စာအုပ်၂၀၁၃-၂၀၁၄ စာအုပ်သစ် အား အခမဲ့ပေးဝေသွားမည်ဖြစ်ပြီး ပြပွဲ၌စင်ကာပူမှ(၆)ကျောင်း၊ ယူကေမှ(၁၂)ကျောင်း၊ အမေရိကန်မှ (၆)ကျောင်းနှင့် မလေးရှားမှ(၁)ကျောင်းမှ ပါဝင်ရှင်းလင်းပြမည်ဖြစ်သည်။

Myit Makha Mediagroup

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။