/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 11, 2013

.

မွတ်ဒေါင်းနှင့် နှိုင်းပြီး ဆုံးမပေးခဲ့သည့် ဆရာတော် ဦးဝိစိတ္တာဘိဝံသ(၀ီရသူ)၏ ရခိုင်ပြည်နယ်လေးမြို့နယ် တရားပွဲများ အထူးအောင်မြင်မှုရှိ


မိုးထိမြင့်မား အမျိုးစောင့်တရားဖြင့် ထင်ရှားသော ရခိုင်လူမျိုးတို့အပေါ် အထူးစိတ်ဝင်စားပြီး ထေရ၀ါဒ ဗုဒ္ဓ သာသနာတော် အရှည်သဖြင့် တည်တံ့ထွန်းကားရေးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်နေသော မန္တေ လး မြို့ မစိုးရိမ် တိုက်သစ် ဓမ္မသဟာယကျောင်း ဆရာတော် အသျှင်ဝိစိတ္တာဘိဝံသ(၀ီရသူ)သည် ဖေဖော် ၀ါ ရီ လ ၂၈ ရက် နေ့မှ မတ်လ၈ရက်နေ့ထိ ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ မြို့ နယ် များသို့ကြွရောက်ကာ အမျိုးဘာသာ၊သာသနာ စောင့်ထိန်းခြင်း၏ ဂုဏ်ကျေးဇူးဆိုင်ရာ တရားတော် များ ကို ဟောကြားခဲ့ရာ အထူးအောင်မြင်မှုရှိကြောင်း ဒေသခံ ဆရာတော်များက မိန့်ကြားကြသည်။

“ဆရာတော်ဝီရသူရဲ့တရားပွဲက အောင်မြင်ပါတယ်။ ရခိုင်သူရခိုင်သားတွေ အားလုံးသဘောကျကြတယ်။ ဒဲ့ဒိုး ဟောရင် နားမခံသာဖြစ်မဲ့နေရာမှာ ပညာရှင်ပီသစွာပဲ ဥပမာလေးတွေ ထည့်ပြီးဟောသွားတယ်။ အဲဒီ လို ဟောတာ ကိုလည်း တရားနာသူတွေက အလွယ်တကူနားလည် လွယ်ကြတယ်။ အဓိကဟော တာ ကတော့ အမျိုးဘာသာ၊ သာသနာကို ညီညီ ညွတ်ညွတ်စောင့်ထိန်းကြရေးပါပဲ။သံတွဲပရိတ်သတ်ကတော့ တရားပွဲတစ်ပွဲကို သောင်းနဲ့ ချီပြီးတောင် ရှိမယ်ထင်တယ်”ဟု သံတွဲမြို့မှ ရခိုင်သမိုင်းသုတေသီ ဆရာတော် အသျှင် ကောသလ္လ(ဂဝေသီ) က အမိန့်ရှိသည်။

ဆရာတော်ဝီရသူသည်ဖေဖော်ဝါရီလ၂၈ ရက်နေ့မှမတ်လ ၃ရက်နေ့ထိ သံတွဲမြို့တွင် လေး မျက်နှာကုန်း ဓမ္မာရုံ၊သရက်ပင်ကွင်းရွာ၊ကြာညိုရွာ၊ေ ရွှလှေရွာ၊ဂျိတ္တောရွာတို့၌လည်းကောင်း၊မတ်လ ၄ရက်နေ့တွင်ေ တာင် ကုတ်မြို့ ဖောင်တော်ဦးဘုရားကြီးသိမ်တော်၌လည်းကောင်း၊ မတ်လ၅ ရက်နေ့နှင့် ၆ရက်နေ့တို့တွင် ရမ်းဗြဲမြို့ တန့်သျှင်ပင် ဘုရားအနီး ကွင်းပြင်၌လည်းကောင်း၊ မတ်လ ၇ ရက်နေ့ညတွင် ကျောက်ဖြူမြို့ ဓမ္မာ ရုံ ၌လည်းကောင်း ဟောပြောခဲ့ကြောင်းသိရသည်။

ကြမ်းတမ်းလှသည့် ခရီးစဉ်တလျှောက် နေ့တရားပွဲ၊ညတရားပွဲများ မနေမနား ဟောပြောခဲ့သော်လည်း ရခိုင် အမျိုးသားတို့၏ အမျိုးဘာသာ၊ သာသနာအပေါ်ထားရှိသည့် မျိုးချစ်စိတ်ဓါတ်ကို အထူး အလေးထား လျက် တရားရေအေး အမြိုက်ဆေးကို မောပန်းနွမ်းနယ်ခြင်းမရှိ ပကတိရွှင်လန်းစွာ တိုက်ကျွေးခဲ့သည်ဟု တ ရား ပွဲဖြစ်မြောက်ရေး ကူညီဆောင်ရွက်သူများ အနက်မှ တစ်ဦးဖြစ်သူ သံတွဲမြို့ရခိုင် လူမှုကွန်ယ က် အဖွဲ့ ၀င် ဦးမြင့်မိုးက ဆိုသည်။

“သံတွဲမှာ နေ့၊ညတရားပွဲစုစုပေါင်း ခြောက်ပွဲဆက်တိုက် ဟောတယ်။ ဒီဒေသမှာက လမ်းကြမ်းပြီး ခရီးဝေး ပေမယ့် အပြုံးမပျက်ဟောခဲ့တယ်။ေ ဟာတဲ့တရားတွေကလည်း ရည်ရွယ်ချက်ချင်းတူပေမယ့် တနေရာနဲ့ တနေ ရာခေါင်း စဉ်နဲ့အကြောင်းအရာတွေမတူဘူး။ တရားနာသူတွေကလည်း ကျနော်တွေ့ဖူး သမျှ တရား ပွဲတွေထဲမှာ အများဆုံးပါပဲ”ဟု ဦးမြင့်မိုးက ပြောသည်။

ဆရာတော်သည် တရားဟောရုံသာမက မိမိထံ၌ လာရောက်လှူဒါန်း ထားသည့် ၀တ္ထုငွေများကို ရခိုင် ပဋိပ က္ခ အတွင်း ကျဆုံးခဲ့သူများ နှင့် ဒုက္ခသည်များအတွက်လည်း လှူဒါန်းခဲ့သည်။

မတ်လ ၆ ရက်နေ့က ရမ်းဗြဲမြို့နယ်ကျောက်နီမော်ဒေသသို့သွားရောက်ကာ သပြေချောင်းရွာသူ မသီ တာထွေး အပါအ၀င် ပဋိပက္ခဖြစ်စဉ်နှင့်ဆက်စပ် ကျဆုံးခဲ့ရသော ဦးဟန်ရွှေ နှင့် ဦးသန်းတင်တို့၏ မိသား စုများ အတွက် မိသားစုတစ်စုလျင် ငွေကျပ် သုံးသိန်းစီကို လှူဒါန်းခဲ့ပြီး၊ မတ်လ ၇ ရက်နေ့မှာ ကျောက်ြ ဖူမြို့ သံဖြူကျောင်းတွင် ကျောက်ဖြူ ဒုက္ခသည်များ အတွက် ၅၂သိန်း၊ မြေပုံ အတွက် ၂၂သိန်း ၉ သောင်း၊ မင်းပြား အတွက် ၂၈သိန်း ၉ သောင်း၊ မြောက်ဦး အတွက် ၆၀ သိန်း ၁ သောင်း၊ ရသေ့တောင် အတွက် ၄ သိန်း ၈ သောင်း၊ ကျောက်တော် အတွက် ၃၂သိန်း ၆ သောင်း တို့ကိုလှူဒါန်းခဲ့ကြောင်းလည်း သိရသည်။

ဆရာတော်သည် အင်္ဂလန်နိုင်ငံ The NOX & Nan Amara Music Group မှ ယခုနှစ် ဖေဖော် ၀ါရီလ၂၄ရက် နေ့တွင် ဆက်ကပ်ချီးမြှင့်သော Freedom of Religion ဆုကို ခံယူခဲ့ပြီးနောက် ရခိုင်ဒေသ တရားေ ဟာ ခရီးစဉ်ကို စတင်ခဲ့ခြင်း ဖြစ်သည်။

ဇင်ကီး
Arakan Times

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။