/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 11, 2013

.

တရုတ်နယ်စပ် မူစယ်၊ နမ့်ခမ်းတွင် ကျပ်ငါးထောင်တန်ငွေစက္ကူ အတုများ ပျံ့နှံ့နေ


သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် နမ့်ခမ်းမြို့တွင် ယခု တစ်ပတ်အတွင်း ကျပ်ငါးထောင်တန်ငွေစက္ကူ အတု များ နေရာတိုင်း ပျံ့နှံ့နေကြောင်း စုံစမ်းသိရှိရသည်။

“ကျနော့် ဆိုင်မှာ လွန်ခဲ့တဲ့ နှစ်ရက်က သစ်ခုတ်သမား ၂ ယောက်က ဆိုင်ကယ်လာဝယ်တာ။ ငါးထောင် တန် အတု ငါးရွက်ပါလာတာ။ ၀ယ်တဲ့သူပြန်သွားမှ တွေ့တယ်။ လာဝယ်တုန်းက ငွေရေစက်နဲ့ ပဲရေတွ က် တာ ဆိုတော့လေ။ ရွက်ရေပြည့်၊ မပြည့်လောက်ဘဲ ဂရုစိုက်မိတာကိုး။ ခါတိုင်းဆို အတုမှမရှိတာ ။ အခု တစ် ရွက် ချင်း စီပြန်စစ် ကြည့်မှ အတုဖြစ်မှန်း သိတော့တယ်” ဟု နမ့်ခမ်းမြို့မှ ဆိုင်ကယ်အရောင်းဆိုင် ပိုင် ရှ င်တစ်ဦး က ပြောသည်။

တရုတ်ဖြစ် ငွေစက္ကူ ရေတွက်သည့်စက်မှာ တရုတ်ငွေအတု ကိုသာ စစ်ဆေးသိရှိနိုင်ကြောင်း၊ အဘယ်ေ ကြာင့် ဆိုသော် တရုတ်ငွေစက္ကူသည် အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ် ထားသောေ ကြာင့် ဖြစ်ကြောင်း၊ မြန်မာငွေစက္ကူများ ကိုမူ အဆိုပါတရုတ်စက်များမှ အတုအစစ် မစစ်ဆေးနိုင်ကြောင်း ၄င်းက ဆိုသည်။

အလားတူ နမ့်ခမ်းမြို့မှ ကုန်စိမ်းသည် ပါ့နွမ်းက “မနေ့က ပိုက်လိုင်းစီမံကိန်း က တရုတ်တွေ ကျမဆီက ဟင်းရွက် စိမ်းတွေလာဝယ်တာ ငါးထောင်တန် အတုပါတယ်။ ကျမက ကိုင်ကြည့်လိုက်တော့ အတုမှန်း ချက်ချင်းသိလို့ ပြန်လဲပေးခိုင်းတယ်။ စီမံကိန်းက လူတွေ တကယ်မသိလို့ သုံးနေတာလား။ ဒါမှမဟုတ် သိသိကြီးနဲ့ သုံးနေကြတာလား မသိတော့ဘူး” ဟု ပြောသည်။

ငါးထောင်တန် အတု နှင့် အစစ် ခြားနားပုံများမှာ “မြန်မာနိုင်ငံတော်ဗဟိုဘဏ်” အစား “မြန်မာနိုင်ငံတော် ဗ ဟို တဏ်” ဟု ရေးသားရိုက်နှိပ်ထားပြီး ငွေစက္ကူ မှာလဲ ဖယောင်းသုတ် ထားသကဲ့သို့ ချောမော မာကြော နေခြင်း၊ ငါးထောင်တန်၏ညာဘက် ဆင်ပုံ အရိပ်အောက်တွင် ၅၀၀၀ ဂဏန်း က စောင်းနေခြင်းနှင့် ငွေေ ရာင် လုံခြုံရေးမျဉ်းကလည်း ငွေစက္ကူနှင့် ကပ်မနေခြင်း စသည် တို့တွေ့ရကြောင်း ဘဏ်နှင့် နီးစပ်သူတစ်ဦး ကဆိုသည်။

အဆိုပါ ငါးထောင်တန် ငွေစက္ကူအတုများသည် တရုတ်ပိုက်လိုင်းစီမံကိန်းနှင့် ပတ်သက်နေသူများ၊ မီးသွေး နှင့် သစ်ကုန် သည်များထံမှ ထွက်လာကြောင်း ဒေသတွင်း သတင်းရပ်ကွက် များက ပြောဆိုနေကြသည်။

သျှမ်းသံတော်ဆင့်

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။