/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 11, 2013

.

ဘားအံမြို့အမှတ်၇ရပ်ကွက်မှာဧည့်စာရင်းတိုင်လျှင် သင်္ကြန်ကံစမ်းမဲ ၂၀၀၀တန်ဝယ်ရ


ကရင်ပြည်နယ်၊ဘားအံမြို့ အမှတ်(၇)ရပ်ကွက်၌ဧည့်စာရင်း စစ်ဆေးခြင်းများ တစ်လနှစ်ကြိမ် ခန့်ပြု လုပ်နေပြီ။ ဧည့်စာရင်း တစ်ကြိမ်တိုင်ကြားပါကလည်း မြန်မာ့ရိုးရာသင်္ကြန်ဖြစ်မြောက်ရေး ရန်ပုံငွေအတွက် ၂၀၀၀ကျပ်တန် ကံစမ်းမဲလက်မှတ်တစ်စောင်ကို ဆန္ဒမရှိဘဲဝယ်ယူနေကြရသဖြင့် ရပ်ကွက်နေပြည်သူများ ၀န်ထုပ် ၀န်ပိုးဖြစ်နေကြောင်းသတင်းရရှိ သည်။

အမှတ်(၇)ရပ်ကွက်သည် ၁၉၉၅ခုနှစ်ကမှ ဇွဲမာန်လွင် ရပ်ကွက် သစ်အဖြစ်တိုးချဲ့တည်ထားသော ရပ်ကွက်ဖြစ်ရာအခြေခံလူအများ စုတို့ အများဆုံးနေထိုင်လျက်ရှိကြ ပြီး အခြားရပ်ကွက်ကြီးများကဲ့သို့ စီးပွားရေးအခြေခံမခိုင်မာသေး သောရပ်ကွက်တစ်ခုဖြစ်ကြောင်း လည်းသိရှိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးတာဝန် ရှိသူများအနေဖြင့် ဥပဒေ၊နည်း ဥပဒေများ၊စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊အမိန့်ညွှန်ကြား ချက် Procedure များနှင့်အညီ လိုအပ်သလိုဧည့်စာရင်းစစ်ခြင်း သည် လုံခြုံရေးအရေ လူတိုင်း လက်ခံကြမည်ဖြစ်ကြောင်း၊အမှန် တကယ်လိုအပ်၍ဧည့်စာရင်းစစ် မည်ဆိုပါက လ.၀.က၊ရဲနှင့်မီး သတ်ဝန်ထမ်းများပါဝင်လျက် စစ် ဆေးသင့်ကြောင်း၊ဧည့်စာရင်းကို အကြောင်းပြုပြီး ရပ်ကွက်ပြည်သူ များဆန္ဒမပါသည့်ငွေကြေးကိစ္စများ ကင်းရှင်းရန်လိုကြောင်း၊ ရိုးရာသင်္ကြန် ဖြစ်မြောက်ရေး ကိစ္စကိုမြို့ပေါ် ရပ်ကွက်(၉)ခုလုံးဆောင်ရွက်ကြ မည်ဖြစ်သော်လည်း အမှတ်(၇) ရပ်ကွက်မှာသာ ယခုချိန်ထဲက အားထုတ်ပြုလုပ်နေသဖြင့် ရပ်ကွက် သူ/သားများဝန်ထုတ်ဝန်ပိုးဖြစ် နေသည်မှာ မသင့်တော်ကြောင်း ရပ်ကွက်နေပြည်သူတစ်ချို့က ဝေဖန်ပြောကြားနေသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။