/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 11, 2013

.

၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်မှာမို့ NLD နိုင်ငံလုံးဆိုင်ရာညီလာခံကိုတက်ခဲ့တာမဟုတ်ကြောင်း ဦးဌေးဦးဆို


ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဌေးဦးမှ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုညီလာခံ ဒုတိယမြောက်ရက်၌ ပါတီခေါင်းဆောင်များဖြစ် သော ဦးသိန်းဇော်၊ သူရဦးအောင်ကို တို့နှင့်အတူ ညီလာခံ တက်ရောက် ခဲ့ခြင်းနှင့်ပတ်သက်၍ အင်တာ နက်သတင်းအချို့၌ ဖော်ပြ ရာ၌ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ တွင် သမ္မတဖြစ်ရန် အလားအလာ ရှိခြင်းကြောင့် ဦးဌေးဦးမှညီလာခံ သို့သွားရောက်ခဲ့ကြောင်း သတင်း အပေါ် ဦးဌေးဦးမှမဟုတ်ကြောင်း ငြင်းဆိုလိုက်သည်။

““ဒါမျိုးလုံးဝမရှိပါဘူး အဲသလိုမျိုးလည်း လုံးဝမဟုတ်ပါဘူးဗျာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း မိန့်ခွန်းပြောတဲ့ထဲမှာ အဲသဘောတိုက်ရိုက်ပါတာ တော့မဟုတ်ပါဘူး။ သို့သော်လည်းပဲ သူ့ရဲ့ပါတီ ၀င်တွေကို သူပြောတာရှိတယ်။ ကုလားထိုင်နေရာ တောင် မရှိသေးဘူး နေရာလုချင် ကြပြီ နေရာ လုတာတွေပေါ်လာပြီ ခု ညီလာခံလုပ်တဲ့အခါ နေရာ လေးတွေပေါ်လာတယ်။ ပိုပြီး နေရာလုလာ သလိုဖြစ်လာတယ် လို့ပြောတာပါ သူကိုယ်တိုင်လည်း ၂၀၁၅ဟိုဟာဖြစ်မယ်။ဒီဟာဖြစ် မယ်ဆိုပြီး ပြောတာ မျိုး မိန့်ခွန်း ထဲလုံးဝမပါပါဘူး။ကျွန်တော်ကို ညီလာခံတက်တာနဲ့ပတ်သက်ပြီး အင်တာဗျူးလုပ်တဲ့ထဲမှာ လည်း အဲဒါလုံးဝမပါဘူး။နောက်ကြမှ အင်တာနက်ပေါ်မှာ ဒီလိုသတင်း ကြီးပါလာတာ ဒေါ်အောင်ဆန်း စုကြည် ၂၀၁၅သမ္မတဖြစ်ဖို့ အလားအလာရှိလို့ ညီလာခံ လာတာလို့ပြောခဲ့တာမျိုးလုံးဝမရှိ ပါဘူး””ဟု ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌ ဦးဌေးဦးမှပြောကြားသည်။

အင်တာနက်သတင်းအချို့၌ဖော်ပြရာ၌ ဦးဌေးဦးမှ NLD ညီလာခံတက်ရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ သတင်းထောက်အများ ၏မေးမြန်းချက်အားဖြေကြားရာ၌ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ သမ္မတဖြစ်မှာ မို့လို့ လာတာပါဟု ပါရှိခဲ့ခြင်းများရှိနေပြီး ယင်း သတင်းအား ဦးဌေးဦးမှငြင်းဆိုကာ NLD ပါတီ ညီလာခံသို့တက် ရောက်ခဲ့ခြင်းမှာလည်း တစ်ဖက် မှတလေးတစားဖိတ်ကြားသည့်အတွက် မိမိတို့ အနေဖြင့်တလေး တစားသွားရခြင်းဖြစ်ကြောင်း၊ ပါတီတစ်ခု၏ ညီလာခံဆိုသည် မှာ အလွန်ဂုဏ်ယူဖွယ် ရာဖြစ် သည့်အတွက် အခြားပါတီမှတာ ၀န်ရှိသူတစ်ယောက်အနေဖြင့် ဂုဏ်ပြုသည့်အနေဖြင့်သွားရောက် ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။

Credit : http://www.hotnewsweekly.com/archives/18267

1 comment:

  1. ဖြစ်သွားပြန်ပြီ ဆိလစိတ်

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။