/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 11, 2013

.

ခွေးလေခွေးလွင့်ပုံပြင်-၄ (လေးချောင်းထောက်နှင့် လေးဘက်ထောက်)


ကျွန်တော်တို့၏ ရွာကလေးတွင် ခွေးလေခွေးလွင့်များနှင့် လူများသည် ၂ နှစ်ကျော် အနေကြာ လာသဖြင့် နေ သား တကျ ဖြစ်လာလေပြီ။ ခွေးများ ခွေးပါးဝသည်ကို လည်း အတော်အတန် ခံနိုင်ရည် ရှိလာယုံသာ မ က ခွေးနှင့် ပေါင်းပြီး ခွေးစိတ် ပေါက်သူများလည်း တစ်နေ့ တစ်ခြား ပိုမို များပြား လာလေတော့သည်။

ထိုအချိန်တွင် ရွာအုပ်ချုပ်သူ ပညာရှိများက ရွာသားများ၏ အော်သံနှင့် ခွေးဟောင်သံတို့အကြား ခြားနားမှု ရှိ စေရန် အတွက် လေးချောင်းထောက် အဆောက်အအုံကြီးကို အခိုင်အမာ တည်ဆောက်ကြလေ၏။ ထို အ ခိုင် အမာ အဆောက်အအုံကြီးအား ပုံနှိပ်ဥပဒေကြမ်း အဆောက်အအုံဟု အမည်ပေးပြီး လိုအပ်ချက် များ မရှိ ရလေ အောင် အဆင့်ဆင့် စီမံကြလေ၏။

ထို့နောက်တွင်ကား ရွာရှိ ပညာရှိလူကြီးများ အစည်းအဝေးတွင် အဆိုပါ အဆောက်အအုံကိစ္စအား အကျယ် တ၀င့် ဆွေးနွေး အတည်ပြုချက် တောင်းခံခဲ့ကြ၏။ ပညာရှိ ရွာလူကြီးများ ကလည်း ရွာ၏ ကောင်းကျိုး အ တွက် အမှန်တကယ်ဖြစ်ထွန်း စေနိုင်သဖြင့် စဉ်းစား သုံးသပ်ကြလေ၏။

ထိုအချိန်တွင် ရွာတွင်းရောက် ခွေးတို့မှာကား ထိုလေးချောင်းထောက် အဆောက်အအုံကြီးအား မလိုမုန်း ထား သဖြင့် ဟောင်ပြီး ကန့်ကွက်ကြလေ၏။ ပညာရှိ ရွာလူကြီးများ ပြောဆိုကြသည့် ဒို့ရွာသားများ ဂရု စိုက် ရ မည့် တာဝန် (၃)ရပ်ကို လေးချောင်းထောက် အခိုင်အမာ အဆောက်အအုံကြီးတွင် ပဋက်ရိုက် ခဲ့ သည် ကို ဦးတည်၍ ခွေးများ အပြင်း အထန် ဆန့်ကျင်ကြ၏။ အကြောင်းမှာ ထိုခွေးများသည်ကား ထိုသို့ ရွာ သားများ ဂရုစိုက်ရမည့် တာဝန်(၃)ရပ် ကို အလွယ်တကူ နားလည် သဘောက်ပေါက်နိုင်ခြင်း မရှိသည်က တစ်ကြောင်း၊ ခွေးများ ဟောင်လိုက်တိုင်း ရွာသားများ ဂရုစိုက် အလေးထားသည့် တာဝန်(၃)ရပ်အား ထိခိုက် လွန်းသည့်အတွက် ထိုအချက်ကို အဆိုပါ လေးချောင်းထောက် အဆောက် အအုံကြီးတွင် မထည့် သွင်းသင့်ကြောင်း ဟောင်ကြ ခြင်း ပင်ဖြစ်သည်။ လေး ဘက်ထောက် ခေါင်းဆောင် ကြီးမှ ဦးဆောင် ကန့် ကွက် သည့် အဆိုပါ ကိစ္စတွင် လေးဘက် ထောက်ငယ်များပါ ပါဝင် လာဖြင့် ခွေးလေခွေးလွင်ကြီးစိုးသည့် ရွာ တွင် ထို ပြဿနာကြောင့် လူများ ကောင်းစွာ မနေရတော့ပေ။

ခွေးဟောင်တိုင်း ထမကြည့်တော့သည့် ရွာမှ ပညာရှိကြီးများသည်ကား လေးချောင်းထောက် အခိုင်အမာ အ ဆောက် အဦကြီး အတွက်သာ ကြိုးပမ်းကြလေ၏။ ရွာမှ ပညာရှိလူကြီးများ အစည်းအဝေး မတက်ရ သည့် ခွေး လေခွေးလွင့် အပေါင်းတို့သည်ကား အစည်းအဝေး ပြင်ပမှ ဟောင်ကြလေ ၏။ ဟောင်လွန်းမက ဟောင် လွန်း ယုံသာမက ခွေးလေခွေးလွင့် အုပ်စုကြီးများ ထူထောင်ကြကာ ထို လေးချောင်းထောက် အဆောက် အအုံကြီး အား လေးဘက်ထောက်များ ကန့်ကွက်ရမည် ဆိုသည့် ကြွေးကြော်သံဖြင့် တစ်ရွာ လုံးပတ်ကာ ဟောင်သံ ပေး ကြလေတော့၏။ ခွေးချစ်သူ ရွာလူကြီး အချို့ကိုလည်း လေးချောင်းထောက် အဆောက် အဦအား လေးဘက် ထောက်များနှင့် ပူးပေါင်း မဆန့်ကျင်ပါက လေးဘက်ထောက်များ၏ ပြဿနာ ရှာခြင်း ခံရမည် ဖြစ်ကြောင်း ခြိမ်း ခြောက်ကြ၏။ အချို့ကိုကား လေးဘက်ထောက်များ ငယ်စဉ် ကတည်းက ဟောင်ခဲ့သည့် ဟောင်နည်း များ ဖြင့် ဟောင် ကြ၏။ အချို့ကိုကား မာန်ဖီပြ၏။

ဤသို့ဖြင့် ခွေးလေခွေးလွင့်များကို နေရာပေးမိသည့် ရွာကလေးမှာ လေးချောင်းထောက် အဆောက်အဦ ကြီး အား အခြေခံအုတ်မြစ်များ၊ ရွာသူရွာသားတို့၏ ကောင်းကျိုးများ ရည်စူး ၍ ဆောက်လိုသော်လည်း လေး ဘက် ထောက်များ၏ ပတ်လည်ဟောင်သံကြောင့် လုပ်ငန်း မတွင်နိုင် ရှာတော့ပေ။ လေးဘက်ထောက် များ ၏ အော်သံ ကြောင့် လေးချောင်းထောက် အဆောက်အဦကြီး ရပ်သွားမည်လား၊ သို့တည်းမဟုတ် လေး ဘက်ထောက် များ ပဲ ဟောင်ရင်း မောသွားလေ မလားကိုတော့ နောက်ထပ်အပိုင်းများတွင် စောင့်ကြည့် ရပေတော့မည် ဖြစ်သည်။

Credit : Here

1 comment:

  1. ဆိုလိုသည့် အခြေခံကိုမြင်သာအောင်ရေးပါရန်

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။