/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 11, 2013

.

ပါတီဝင်ဟောင်းတစ်ချို့ကို အဖွဲ့ဝင်အဖြစ် လက်မခံကြောင်း NLD ညီလာခံမှ ဆုံးဖြတ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နှုတ်ထွက်သွားတဲ့ ပါတီဝင်ဟောင်းတစ်ချို့ကို လက်မခံနိုင်ကြောင်း ဆုံးဖြတ် ချက်ချခဲ့တယ်လို့ မတ်လ ၉ ရက်နေ့  ညနေမှာ ကျင်းပတဲ့ အန်အယ်လ်ဒီပါတီ ညီလာခံ သတင်းစာ ရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောလိုက်ပါတယ်။

အန်အယ်လ်ဒီပါတီဝင်ဟောင်းတွေဖြစ်တဲ့ ဒေါက်တာသန်းဝင်း၊ ဦးကြည်မြင့်၊ ဦးတင်အောင်အောင်၊ ဦးမြင့် သွင်တို့ကို ပါတီဝင်အဖြစ် ပြန်လည်လက်မခံနိုင်ကြောင်း ညီလာခံတက်ရောက်လာတဲ့ ကိုယ်စား လှယ်ေ တွက ဆုံးဖြတ်ခဲ့တယ်လို့ ညီလာခံကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဦးဥာဏ်ဝင်းက RFA ကို ပြောပါ တယ်။

နိုင်ငံလုံးဆိုင်ရာ ဗဟိုညီလာခံတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေရဲ့ အဆုံးအဖြတ်ကို ရယူရာမှာ ပါတီဝင်အဖြစ် ပြန်လည်ဝင်ရောက်ခွင့်ပြုဖို့ ရှိ၊ မရှိ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူ ၃၁၉ ဦး၊ ကန့်ကွက်သူ ၄၆၂ ဦးရှိတာကြောင့် လက်မခံကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီဟာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ခဲ့တာကြောင့် ပါတီဝင်ေ ဟာင်းတွေဖြစ်တဲ့ ဦးကြည်မြင့်၊ ဒေါက်တာသန်းဝင်း၊ ဦးတင်အောင်အောင်၊ ဦးမြင့်သွင်တို့ဟာ ပါတီကေ နနှုတ်ထွက်သွားခဲ့ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ဝင်ရောက်ခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ခဲ့ရာမှာ လက်ရှိ ပြည်သူ့ လွှတ်ေ တာ် ကိုယ်စားလှယ်တွေဖြစ်တဲ့ မြောက်ဥက္ကလာပမြို့နယ်က ဒေါက်တာသန်းဝင်း၊ လသာမြို့နယ်က ဦးကြည်မြင့်၊ မန္တလေးတိုင်းဒေသကြီးက ဦးတင်အောင်အောင်နဲ့ ဦးမြင့်သွင်တို့ဟာ ပါတီဝင်အဖြစ် ဝင်ေ ရာက် လိုကြောင်း လျှောက်လွှာတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။