/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 11, 2013

.

မီဒီယာများရဲ့မေးမြန်းချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်ဖြေကြားချက်များ

ညီလာခံမှာဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောအပြီး ထမင်းစားခေတ္တနားကာ နေပြည်တော်သို့ မပြန်ခင် မီဒီယာတွေနဲ့ တွေ့ဆုံပြီးသတင်းစာရှင်းလင်းပွဲတစ်ခု လုပ်ခဲ့ပါတယ်။ အဲ့သည့် သတင်းစာရှင်းလင်းပွဲမှာ မီဒီယာများက မေးခွန်းများမေးမြန်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှပြန်လည်ဖြေကြားခဲ့ပါတယ်။ဒေါ်အောင်ဆန်းစု ကြည်ရဲ့ အဖြေများ အားလုံးကိုပြန်လည်ဖေါ်ပြလိုက်ပါတယ်။

မီဒီယာများရဲ့မေးမြန်းချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်ဖြေကြားချက်များ

အားလုံးသိတဲ့အတိုင်း ဗဟိုကော်မတီကိုရွေးချယ်တယ်။အဲဒီ့ကတဆင့် ဗဟိုအလုပ်အမှုဆောင် ဥကဌကိုရွေးချယ်တယ်။ ဥကဌက အလုပ်အမှုဆောင်အဖွဲ့ဝင်တွေကိုရွေးလိုက်တယ်။ အတွင်းရေးအဖွဲ့က ပထမဆုံး cec အစည်းအဝေးမှ ဆုံးဖြတ်မှာပါ။ ဘယ်လိုတာဝန်ခွဲမလဲဆိုတာ ဆုံးဖြတ်မယ်။ ဂျပန် ကိုဧပရယ်မှာ သွားမယ်။ လေးယောက်ကိစက ကျွန်မနဲ့မဆိုင်ဘူး။ သူတို့မဲနည်းရွေးတာ အများစုသဘောထားပဲ။ ကျွန်မဘက် ကကြည့်မယ်ဆိုရင် သဘောထားကြီးတဲ့ဘက်မှာရှိပါတယ်။ ဒါပေမဲ့လည်း နောက်ဆုံးတော့ အများရဲ့ဆုံးဖြတ် ချက်ပဲဖြစ်ပါတယ်။ နောက်တစ်ခုက ဒီတစ်ခါအယူခံဝင်လို့မအောင်မြင်ဘူးဆိုပေမဲ့ နောင်အခါမ၀င်ရဘူးလို့ စဉ်းမျဉ်းစည်းကမ်းလည်း မရှိပါဘူး။ ဒါဟာလုံးဝလမ်းကိုပိတ်လိုက်တဲ့သဘောမျိုးမဟုတ်ပါဘူး။

ပါတီဝင်က အချိုးအစားတွက်လို့မရသေးပါဘူး ဒါမျိုးတွက်လို့မရပါဘူး။ ပါတီဝင်တွေဟာလည်း တသဲသဲ ၀င်နေတာပဲ အဲဒီဟာတွေမှာ ဘယ်ဟာအဟောင်းတွေလဲ အသစ်တွေလဲခွဲပြီးလုပ်တာမှမဟုတ်တာပဲ အားလုံး အသစ်ရောအဟောင်းရောပုံတူ ဖောင်တွေဖြည့်ပြီးလျှောက်တာပဲ တယောက်ချင်းလိုက်မေးမှသာ ဒီဟာအဖြေ ပေါ်မှာပဲ။ ကယားပါတီဝင်တစ်သောင်းထွက်တယ်ဆိုတာမသိဘူး။ တစ်သောင်းတောင် ရှိပါ့မလား မေးစရာဖြစ် နေတယ်။ ကယားမှာပါတီဝင်တစ်သောင်းထွက်တာ ဘယ်သူက ဘယ်လို ကိန်းဂဏန်းကို ဘယ်ကရသလဲမသိ ဘူး။ သိသလောက်တော့ ကယားမှာ တစ်သောင်းတောင် ရှိမယ့်ကိစဟာ တော်တော်ခက်မဲ့ကိစပါ။

လက်ပံ တောင်းတောင်နဲ့ပက်သက်လို့ အစီရင်ခံစာထွက်တဲ့အထိစောင့်ပါ။ cc ထဲမှာ လူငယ်တွေ အများကြီးပါတယ်။ cec မှာ လူငယ်နည်းတာဟုတ်တယ်။ cec လုပ်ဖို့ အတွေ့အကြုံလိုတယ်။ အတွေ့အကြုံမှာ ပါတီအတွေ့ တွင်သာမက အလုပ်အတွေ့အကြုံပါလိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပါတီ၂၅ နှစ်တာလျှောက်လှမ်းခဲ့တဲ့ကာလ တစ်လျှောက်မှာ ဒီလူတွေဘယ်လောက် လုပ်နိုင်လဲ၊ ဘယ်လိုအနေအထားရှိတယ်ဆိုတာကို သိတဲ့သူက အမှန် ပြောရရင် ၀ါရင့်ပါတီဝင်တွေပဲဖြစ်တယ်။

ပါတီဝင် အသစ်တွေက အရည်အချင်း အသစ်တွေယူလာတာ သဘော ကျတယ်။ သူတို့တွေ ပါတီရဲ့လုပ်ငန်းတွေ၊ ပါတီရဲ့အခြေအနေသမိုင်းနဲ့ပိုပြီးရင်းနှီးဖို့လိုပါတယ်။ ဒါကြောင့် cec မှာ လူငယ်တွေနည်းတယ်ပေါ့။ အရန်ထဲမှာ တတ်နိုင်သလောက်လူငယ် ၂ /၃ ယောက်လောက်ထည့်ထားပါ တယ်။ နောက်ဆုံးကျတော့ အလုပ်အတွေ့အကြုံအတွက်အချိန်ပေးဖို့ပါပဲ။ လူငယ်တွေရဲ့အရည်အချင်းမြှင့် ဖို့ လိုတယ်။ ဒါက nld မှာတင်မဟုတ်ဘူး။ တတိုင်းပြည်လုံးပါပဲ ။

ဘယ်သူကိုမှ ကျွန်မ ရန်ဘက်အသွင်မဆောင်ပါ ဘူး။ ရန်ဘက်အသွင်ဆိုတာ လူကြီးလူငယ်မှ မဟုတ်ဘူး။ စိတ်ထားပေါ်မှာပဲတည်ပါတယ်။ ရန်ဘက်ပုံစံရပ်တည် တာလား။ ပြေလည်ရေးဘက်က ရပ်တည်တာလား လူတစ်ဦးစီရဲ့ သဘောထားအတွေ့အကြုံအမြောင်အမြင် ပေါ်မှာတည်တာပေါ့။

cec ရွေးတုန်းက မူ၃ခု ချပြထားတယ်။ တစ်ခုက ဆက်စပ်မှုရှိရမယ်။ အတိတ်၊ ပစပန်၊ အနာဂတ်ကို ဆက်သွားနိုင်မယ့်အခြေအနေရှိရမယ်။ ဒါကြောင့် လူဟောင်းတွေကို ဘယ်လိုမှပစ်ပယ်လို့မရဘူး။ တကယ် လည်း ကျွှမ်းကျင်မှုလိုတယ်။ အသက်ကြီးပိုင်းတွေမှာကျွှမ်းကျင်မှုပိုများနေတယ်။ ကျွှမ်းကျင်မှု လိုတယ်။ သွေးသစ်တွေလည်း ထည့်နိုင်ဖို့ကြိုးစားနေတယ်။ အဲဒီ့ထဲမှာ တိုင်းရင်းသားတို့အမျိုးသမီးတို့ ပိုပြီး ဦးစားပေးနိုင် ဖို့ကြိုးစားနေတယ်။

ဘာပဲဖြစ်ဖြစ် cec ထဲမှာ အမျိုးသမီး ၂ဦးကနေ ၄ဦးဖြစ်သွားတယ်ဆိုတော့ တစ်စတိုးသွား တာပေါ့။ မူဝါဒ- အမြဲပြောင်းနေရမှာပဲ အခြေခံကိုတော့ကိုင်ထားရမှာပဲ။ ဒီလိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတွေအတွက် အခြေခံမူကလိုမယ်။ ဒါပေမဲ့ အခြေခံမူပေါ်က ဒုတိယအဆင့်မူ တွေကတော့အခြေအနေအရ ပြောင်းသင့်ရင်ပြောင်းရမယ်။

အခုပြောလို့ရတာဆိုရင် အခြေအနေသစ်ထဲမှာ အလုပ်လုပ်နိုင်ရမယ်။ အရင်က အတိုက်အခံအုပ်စုလို လှုပ်ရှားရတယ်။ အခုကြတော့ ပိုပြီးတော့ တည်ဆောက် ရေး ပုံစံအသွင်ဆောင်ရမယ်လို့ ယုံကြည်တယ်။ သမတဖြစ်ဖို့မေးခွန်း- ပြည်သူရဲ့ထောက်ခံမှု ယုံကြည်မှုကို မူတည်ပြီး လုပ်သွားမယ်။ ဒီမိုကရေစီကို ယုံကြည်တယ် ဆိုရင်အခြား ဘယ်နည်းမှ မရှိပါဘူး။

လူထုထောက်ခံမှုအခြေအနေ- တနေ့နဲတနေ့အပြောင်းအလဲတွေရှိနေမှာပဲ။ ဒါပေမဲ့ ဘယ်လိုပြောင်း လဲ ပြောရ ခက်တယ်ပေါ့။ ဥပမာ- ကော့မှူးမှာ အခြေအနေတိုးတက်တယ်ပေါ့။ အချို့နေရာတွေမတိုးတက် ဘူးပေါ့။ အဲဒီ့ တော့ ၂၀၁၂နဲ့ ၁၃ တူသလားဆိုတော့ မတူဘူးပေါ့ တနေ့နဲ့တနေ့တောင် မတူတာပဲ။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။