၂၀၀ ကျပ်တန် ထီလက်မှတ်များအား ၁-၁၂ ၂၀၀၈ ရက်နေ့မှ စတင် ရောင်းချပေးခဲ့ပြီး ကျပ်သိန်း ၁၀၀၀ ဆုအား ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလမှ စတင် ဖွင့်လှစ် ပေးခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ မှ စတင်ကာ ကျပ်သိန်း ၁၅၀၀ သို့တိုးမြှင့် ပေးခဲ့သည်။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ မှစ၍ ကျပ်သိန်း ၁၅၀၀ ဆုကြီး၏ အက္ခရာနှင့် ရှေ့ဂစန်း နှစ်လုံး အစဉ်လိုက်တူ ဆုများကို တစ်ဆုလျှင် ကျပ်ငါးသောင်း သတ် မှတ်ပေးခဲ့သည်။ ၂၀၁၃ မတ်လ၊ ထီဖွင့်ပွဲတွင် “က” အက္ခရာမှ “အ” အက္ခရာ အထိ ဗျည်း ၃၃ လုံးကို ဖွင့်လှစ်ပေး သွားမည် ဖြစ်ပြီး ဆုမဲပေါင်း ၂၅၁၂၅ ဆု ခွဲဝေပေးသွားမည်ဖြစ်သည်။
ရှေးယခင်က သိန်းထီ တစ်စောင်လျှင် ငွေ ၂ ကျပ်ဖြင့် ထိုးခဲ့ရသော်လည်း၊ ထီတစ်စောင် ၂၀၀ ကျပ် အထိ ဖြစ်လာသည်။ ထီတစ်စောင် ၂၀၀ ကျပ်အား အခွန်ရုံးများ တွင်သာ ၀ယ်ယူ ရရှိပြီး၊ ပြင်ပတွင် ထီ တစ်စောင်လျှင်အနည်ဆုံး၃၀၀ ကျပ်ပေးဝယ် နေရပြီး၊ အချို့သော နေရာများတွင် ငွေကျပ် ၄၀၀ အထိ ပေးဝယ် နေရကြောင်း၊ ၄င်းအပြင် အချို့သော ထီဆိုင်ကြီးများ၏ လက်ဝါးကြီးအုပ် ချုပ်ကိုင်မှုများလည်းရှိနေခြင်းကြောင့် ထီလက်မှတ်ဈေးနှုန်းများ မြင့်နေခြင်း ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်း ရှင်များမှ သုံးသပ် ကြသည်။
ထီလက်မှတ် ရောင်းချရငွေ၏ ၄၀ ရာခိုင်နှုန်းသည် နိုင်ငံတော် ဘဏ္ဍာငွေဖြစ်သည့်အတွက် ပညာရေး ကျန်းမာရေးများတွင် သုံစွဲမည် ဖြစ်သောကြောင့် လှူသည်ဟုလည်း သဘောထား၍ ရသည်။ လက်ရှိတွင် ထီဆုကြီးသည် ကျပ်သိန်း ၁၅၀၀ ဖြစ်သည့်အပြင် ထပ်မံတိုးဦးမည်ဟုလည်း ကြားသိရသည့် အတွက် သိန်းထီ ထိုးပြည်သူများမှမျှော်လင့်ချက်များ တိုးပွားလာကြောင်း သိရှိရသည်။
Channelnewsmyanmar
Credit : Here

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။