/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, March 8, 2013

.

နံပါတ် ( ၁ ) Media ဖြစ်ချင်တယ်ဆိုရင် …


Eleven Media က ပြည်တွင်းမီဒီယာတွေ အားလုံးထဲမှာ သူ့ကိုယ်သူ နံပါတ် ( ၁ ) မီဒီယာကြီး ပါလို့ ကြွေးကြော် ခဲ့တယ်။

အဲဒီ နံပါတ် ( ၁ ) မီဒီယာကြီးကဘဲ .... အစိုးရ နဲ့ တပ်မတော် မကောင်းကြောင်း၊ အစိုးရ ဝန်ကြီးဌာနတွေ မကော င်းကြောင်း၊ သူကိုယ်တိုင်ကလွဲရင် ဘယ်သူမှ မကောင်းကြောင်း အမြဲတမ်း ထပ်ခါတလဲလဲ ဖော်ပြေ နတယ်။ အဲဒါဘာကြောင့်ပါလဲ ... ။

ရှင်းပါတယ်။ Eleven က ပိုက်ဆံသာရမယ်ဆိုရင် မီဒီယာနဲ့ ပါတ်သက်သမျှ အကုန်လုပ်ချင်တယ်။ အဲဒီလို သာလုပ်ချင်တယ် ... မီဒီယာနဲ့ ပါတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဘာတစ်ခုမှ နားမလည်။ သူ လုပ်ချင် တာ လုပ်ရဖို့ဆိုရင် မီဒီယာ ဥပဒေရေးတဲ့သူမှန်သမျှကို ပြသနာရှာ။ ကန့်ကွက်။ တခြား ဒီယာတွေကိုလဲ ကန့်ကွက်လာအောင် အတို့အထောင်တွေ လုပ်ပေး ...။

ဟို မီဒီယာကတော့ ဘာဖြစ်တယ် ... ဒီ မီဒီယာကတော့ ညာဖြစ်တယ်နဲ့ အပြစ်ရှာ။ အဲဒီအထဲမှာ အမှားကြီး မှားနေတဲ့ သတင်းတစ်ခုကတော့ … အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပ ပုံတွေကို Myanmar International ( MI ) TV Channel ကနေ တိုက်ရိုက် ထုတ်လွှင့်မလေးဘာလေးနဲ့ ... အရူးကွက်နင်းပြီး ပြည်သူတွေ ထင်ယောင်ထင်မှား ဖြစ်စေမဲ့ သ တင်းတွေ ရေးခဲ့တာပါဘဲ။

နံပါတ် ( ၁ )ပါလို့ပြောတဲ့ Eleven မီဒီယာကြီးကို မေးချင်တာက …နိုင်ငံပိုင် မီဒီယာတွေက ဘယ်ခေတ် ဘယ်အခါ ဘယ်အချိန်ကများ မီဒီယာ စည်းမျဉ်းစည်းကမ်း ကျင့်ဝတ်တွေကို ဖောက်ဖျက်ပြီး လွှင့်ချင်တာတွေ လွှင့်ခဲ့ပါသလဲ။ ဒါတွေကို Eleven က သိပုံမရ။ မသိတာလဲ မဆန်းပါဘူး။ Eleven ဂျာနယ်ဆိုတာက.. အရင် ဘောလုံးဂျာနယ်ကနေ သတင်းဂျာနယ် ဖြစ်လာရတာဆိုတော့ ..

အဲဒါကြောင့် Eleven ကို … သတင်းဂျာနယ်နဲ့ လုပ်စားချင်တယ်ဆိုရင်လဲ …

ကိုယ်ဖော်ပြတဲ့သတင်းတွေက တိကျ မှန်ကန်မှု ရှိရဲ့လား … ? အခြေအမြစ်ရှိတဲ့ သတင်းတွေရော ဟုတ်ရဲ့ လား .. သတင်းအချက်အလက် data တွေ မှန်ကန်ရဲ့လားစသဖြင့် … သက်ဆိုင်ရာ မီဒီယာဌာနေ တွကို အရင် စုံစမ်းပြီးမှ သတင်းရေးပါလို့ အကြံပေးချင်ပါတယ်။

သတင်း ဖြစ်ရင်ပြီးရော၊ ဂျာနယ် ရောင်းရရင်ပြီးရော၊ Facebook မှာ Like လုပ်တဲ့သူများရင် ပြီးရောဆိုပြီး.. မဟုတ် မမှန် လုပ်ကြံသတင်းတွေနဲ့ ဝါဒမဖြန့်ပါနဲ့။

မြန်မာပြည် မီဒီယာလောကမှာ နံပါတ် ( ၁ ) အဆင့် ဂုဏ်သိက္ခာ ရှိတဲ့ Media ကြီး အနေနဲ့ ရပ်တည် ချင်ေ သး တယ် ဆိုရင်တော့… ရိုးရိုးသားသားနဲ့ သတင်းဇစ်မြစ်အမှန်ကို သက်ဆိုင်ရာ မီဒီယာတွေမှာ သေသေ ချာချာ စုံစမ်းပြီးမှ သတင်း ရေးသားဖော်ပြသင့်ပါကြောင်း …။

11 ချစ်သူ။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။