/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, March 8, 2013

.

အများပြည်သူများ လေယာဉ်တစ်စင်းအား အနီးကပ် လေ့လာနိုင်ရန် ပြည်သူ့ဥယျာဉ် ၌ စီစဉ်လျက်ရှိ


ပို့ဆောင်ရေး ၀န်ကြီးဌာန ၊ မြန်မာ့လေကြောင်း ဦးစီးဌာန နှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော် မတီတို့ ပူးပေါင်း စီစဉ်မှုဖြင့် အများပြည်သူ နှင့် ကျောင်းသား ကျောင်းသူ လူငယ်များ အနီးကပ် လေ့ လာ နိုင်စေရန် စက်အစိတ်အပိုင်များ အပါအ၀င် လေယာဉ် တစ်စင်းအား ရန်ကုန်မြို့ ၊ ပြည်သူ့ဥယျာဉ်ရှိ နက္ခတာရာ ပြခန်းအနီး၌ လာမည့် မတ်လ ၁၅ ရက်နေ့တွင် စတင်ပြသ ထားရန် စီစဉ်လျက် ရှိကြောင်း သိရ သည်။

အဆိုပါ လေယာဉ်မှာ XY - ADZ F-27 ဖော်ကာ MA-4 R 600 အမျိုးအစား ဖြစ်ပြီး သက်တမ်း ၂၅ နှစ်ကျော် တာဝန်ထမ်းဆောင် ခဲ့ကာ သတ်မှတ်ချက် အရ မြန်မာ့ လေကြောင်း ဦးစီးဌာနက ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၅ ရက်တွင် အနားပေး ခဲ့သော လေယာဉ် ဖြစ်သည်။ ထိုလေယာဉ်အား ပို့ဆောင်ရေး ၀န်ကြီးဌာနက ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီသို့ လှူဒါန်းပြီး လေယာဉ် တစ်စင်းလုံး စက်အပြည့်အစုံ အပါအ၀င် လေယာဉ် တစ်စင်းတွင် ရှိသော စက်အင်္ဂါ အစိတ်အပိုင်း အားလုံးကို တပ်ဆင်၍ ပြင်ဆင်မှု ရက် ၂၀ နှင့် အပြီး ဆောင်ရွက် သွားမည် ဖြစ်သည်။

မြန်မာ့ လေကြောင်း ဦးစီးဌာနမှ ပြင်ဆင်မှုများ ပြီးစီးသွားပါက ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော် မတီသို့ အပြီးအပိုင် လွှဲပြောင်း၍ ပြည်သူ့ ဥယျာဉ်တွင် အများပြည်သူ များအား အနီးကပ် လေ့ လာ နိုင် ရန် ပြသသွားမည် ဖြစ်ကြောင်း သိရှိရသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။