/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, March 8, 2013

.

7Day News Hero ဆုရှင် ဦးဌေးနိုင် လက်ထောက်စက်ခေါင်းမောင်း

ခုတ်မောင်းလာသည့် မီးရထားရထားအားကြောက် လန့် ကာ ချောင်းကူးတံတားရထားသံလမ်းပေါ် စုံရပ်နေသော မြေအဖွားနှစ်ဦး အား ရထားနှင့် တိုက်လုဆဲဆဲတွင် စက်ခေါင်းပေါ်မှခုန်ချကာ သက်စွန့်စံဖျား ကယ်တင်ခဲ့သူဖြစ် သည်။

၂၀၁၂ ဧပြီ ၁၁ရက်က ရန်ကုန်-မော်လမြိုင် (အစုန်ရထား) အမှတ် ၁၇၆ ကိုအောင်းနှင်လာစဉ် ဒါးပိန်ဘူတာအ ၀င်တွင်ဖြစ်ပွားခဲ့သည့် အက်ရှင် ကား ဆန်ဆန်ကယ်တင်မှုတစ်ခုဖြစ်သည်။ အသက် ၆၂ နှစ်အရွယ်အဘွားဖြ စ်သူနှင့် အသက် ၈ နှစ် အရွယ်မြေးဖြစ်သူတို့ရထားလမ်းဖြတ်ကူးစဉ် ရှေ့တည့် တည့်မှမောင်းနှင်လာသောရထားကိုတွေ့ ပြီးကြောက်လန့်ကာရောက်သည့်နေရာမှာပင်စုံရပ်နေခဲ့ကြခြင်းဖြစ် သည်။

စက်ခေါင်းမောင်းက အရေးပေါ်ဘရိတ်ကိုသုံးလိုက်သော်လည်း လုံးဝရပ်တန့်နိုင်ခြင်းမျိုးမဟုတ်သဖြင့် ဦးဌေးနိုင်သည် တစ်နာရီခုနစ်မိုင်နှုန်းမောင်းနှင်အားရှိနေသေးသည့် စက်ခေါင်းပေါ်မှခုန်ချပြေးဆင်းပြီး မြေး အဘွားနှစ်ဦးကို တွန်းထုတ် ဖယ်ရှားလိုက်သည်။

ထိုအခါ ၃ ဦးစလုံး ရထားလမ်းတံတားပေါ်မှ ချောင်းထဲသို့ပြုတ်ကျသွားခဲ့ပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

အသက်ကိုစွန့်၍ မြေးအဘွားနှစ်ဦး၏အသက်ကို ကယ်တင်ခဲ့သော ထိုလက်ထောက်စက်ခေါင်းမောင်း၏ သူရဲကောင်း စိတ်ဓာတ်ကို အခင်းသားမြင်တွေ့ရသည်။ ထို့ကြောင့် 7 Day News အယ်ဒီတာအဖွဲ့က လက်ထောက်စက် ခေါင်းမောင်း ဦးဌေးနိုင်အား 7Day News Hero အဖြစ်သူရဲကောင်းဆုပေး အပ်ရန်ု ရွေးချယ်လိုက်ခြင်းဖြစ်သည်။

ကိုဌေးနိုင်အား နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပေးအပ်ချီးမြှင့်ခဲ့သည်။

Credit : 7DaysNewsJournal

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။