/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, March 8, 2013

.

တပ်မတော်နှင့် ABSDF ကျောင်းသားရဲဘော်တို့၏ တစ်ချိန်က အခြေအနေ


ဒီလိုနဲ့ ကျုပ် ၁၉၉၂/၉၃မှာ(၁၀)တန်းအောင်တယ်။ ဂုဏ်ထူးတစ်ခုမှ မပါပေမဲ့ ကျုပ်ရဲ့(၁၀)တန်း အမှတ် (၄၁၅) မှတ်ရတယ်။ အဲဒီအချိန်က ဆေးနဲ့စက်မှု တစ်ခုခုမှီတယ်။ ဒါတွေကို ကျုပ်စိတ်မ၀င်စားဘူး။ ကျုပ် စစ် တက္ကသိုလ် တက်ဖို့ အမေ့နဲ့အဖေကို ပြောတယ်။ အမေက သဘောမတူဘူး။ ဒါနဲ့ ကျုပ် အိမ်ကလစ်ပြီး တပ် ထဲ ဇွတ်ဝင်ခဲ့တယ်။ ၁၉၉၃ ခုနှစ်ပေါ့။

အများသိတဲ့ သူရဲကောင်းတို့မွေးထုတ်ပေးရာမြေဖြစ်တဲ့ ပြင်ဦလွင်က လေ့ကျင့်ရေး(၂)ခေါ်တဲ့ကျောင်းမှာ သင်တန်း တက်တယ်။ သင်တန်းဆင်းတော့ တမခ(၅၅)လက်အောက်ခံ တပ်ရင်းတစ်ရင်း ကို ရောက်တယ်။ အဲဒီ တပ်မကိုရောက်တော့ ကျုပ်ပျော်တယ်။ ငါကြုံခဲ့ဘူးတဲ့ ကေအင်ယူစခန်းတွေ သိမ်းတဲ့အထဲ ပါရပြီပေါ့. ဒါေ ပမယ့် တပ်မက ကယားမှာ အရန်နေရတယ်။ ပြီးတော့ မှ ခွေးအိပ်တောင်လောက်သိမ်းရတယ်။ ကျေ နာ် ရဲဘော်ဆိုတော့ နာမည်တွေ သိတ်မသိဘူး။ တိုက်တော့တိုက်နေတာပဲ။ ကျုပ်သိတ်တော့ မကျေနပ်ဘူး။ နာမည်သိတဲ့။ နာမည်ကြီးတဲ့ ၀ါခလိုစခန်းသိမ်းပွဲကျတော့မပါခဲ့ဘူး။ ဘေးကနေအသံတွေပဲကြားနေရတယ်။ကျုပ်သူငယ်ချင်း ကျောင်းဆင်းဘက်တမခ(၄၄)ကကောင်တွေ ပါတယ်။ မနာလိုတောင်ဖြစ်ရတယ်။

ကျဆုံးကုန်တာလည်းမနည်းပါဘူး။ အဲဒီဘက်မှာ ကျုပ်အမှတ်တရ ပထမတစ်ခုက နေရာ က ခွေးအိပ်တောင် ပတ်ဝန်းကျင်ပဲ ကျုပ်သူငယ်ချင်းတစ်ယောက်နဲ့ ဟင်းရွက်ခူးအဖော်လိုက်တယ်။ ကျုပ်တပ်စုကနှ စ်လက်မ စိန်ပြောင်း ကိုင် စစ်သည်ကျသွားလို့ ကျုပ်ကို နှစ်လက်မစိန်ပြောင်းပေးထားတော့ ကျုပ်လည်း စိန်ပြောင်းေ လးထ မ်းပြီး ဟင်းရွက်ခူး လိုက်ခဲ့တယ်။ တောင်ကြားတစ်နေရာမှာ အမ်(၁၆)ကိုင် ငပွေးနှစ်ယောက် ဘွားက နဲတွေ့တော့ ကျုပ်လည်း ဘာလုပ်ရမှန်းမသိပဲ ကျုပ်လက်ထဲက စိန်ပြောင်းကို ရင်မှာပိုက် ထိုးချိ န်ပြီး ဟေ့ကောင်တွေရပ် လို့ အော်လိုက်တယ်။

ငပွေးနှစ်ကောင် အမ်(၁၆)ကလေးတွေ မြေကြီးချပြီး ရပ်နေတယ်။ ကျုပ်လည်းသူငယ်ချင်းကိုခေါ် သူတို့ နာြးေ ပး သေနတ်ကောက်ပြီး ပါတဲ့ ကြိုးနဲ့တုပ်လို့ တပ်စုမှူးဆီအပ်လိုက်တယ်။ အဲဒီကျမှ ကျုပ်ဖမ်းလာတာ ABSDF ကကျောင်းသားသူပုန်မှန်းသိရတဲ့အပြင်၊ စိန်ပြောင်းနဲ့ချိန်ပြီး ဖမ်းခဲ့တဲ့ ကျုပ်ကိုလည်း တပ်စုမှူးနဲ့ တပ်စု တပ်ကြပ်ကြီးတို့က သြဘာပေးတော့တာပဲ။ တကယ်တမ်းကျတော့ ကျုပ်စိန်ပြောင်းကြီးက ခုလို အနီး ကပ်မှာ ဘာမှ သုံးလို့ အဆင်မပြေတာ ကျုပ်အရေးပေါ် သတိမထားမိတဲ့အပြင်၊ ABSDF ကကျောင်းသား သူ ပုန် နှစ်ယောက်ကိုလည်း အတော်လေး လေးစားမိသွားပါတယ်။

အဲဒီကျောင်းသား သူပုန်နှစ်ယောက်ဟာလည်း ပြစ်ဒဏ်ကျခံပြီး ခုချိန်ထိခင်မင်စွာဆက်ဆံနေကြဆဲ ပါပဲ။ နောက် အမှတ်တရတစ်ခုကတော့ ကေအင်ယူရဲ့ကာကင်း စခန်းတစ်ခုကို သိမ်းဖို့ စခန်းရှေ့ရေချောင်းေ လးကို ဖြတ်ပြီးပြေးအတက် ပေါင်လယ်လောက် ရှိတဲ့ ချောင်းရေမှာ ကျုပ် ခြေထောက်ကို လာညှိတဲ့ အမှိုက် တစ်စကို ကျုပ် သိမ်းဖယ်လိုက်မိချိန် ပေါင်မှာရစ်နေလို့ လက်ထဲမှာ ဆွဲမိတာက ကျနော်နဲ့ ရွယ်တူလော က်ရှိ မဲ့ ဗမာရုပ်သန့်သန့်အမျိုးသမီးတစ်ယောက်ရဲ့ (၃)ပေလောက်ရှိတဲ့ ဆံနွယ် အရှည်ကြီးနဲ့ သွေးတွေ စွန်းေ န တဲ့ အသက်မဲ့ ခန္ဓာကိုယ်လေးပါပဲ။ ကျုပ်လည်း တစ်ဖက်ပစ်ခတ်နေတဲ့ ကျည်ဆံတွေကို ဂရုမစိုက်နို င်ပဲ အလောင်းကို ကမ်းစပ်ရောက်တဲ့အထိ ဆွဲလာခဲ့တယ်။

သူတင်မက ချောင်းထဲမှာရော စခန်းကုန်းပေါ်မှာရော ဗမာကျောင်းသူ ကျောင်းသားလေးတွေရဲ့ အေ လာင်းေ တွ အများကြီးပဲ။ ကျုပ် စိန်ပြောင်းနဲ့ ချိန်ပြီး ဖမ်းတာတောင် လက်မြောက်အဖမ်းခံတဲ့ ဘာမှ မသိေ သး တဲ့ ကျောင်းသားသူပုန်ဆိုတာတွေကို ရှေ့တန်းအကျဆုံး ခံတပ်တွေမှာ ထားပြီး တိုက်ခိုက် ခိုင်းရက်ကြ တယ်ေ နာ်။ အော် ABSDF ရယ် ဖြစ်ရလေတယ်ဗျာ။ —

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။