/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, March 8, 2013

.

7Day News Hero ဆုရှင် မစုပုံချစ်

ခြေထောက်တစ်ချောင်းသာ အကောင်းတိုင်းရှိသည့် မစုပုံချစ်ကို ၄င်းငယ်စဉ်ကပင် လူအများကသတိ ထားမိကြ သည်။ လက်နှစ်ဖက် နှင့်ခြေတစ်ဖက် မသန်စွမ်း ကလေးငယ်တစ်ဦးအဖြစ်မွေးဖွား လာ ခဲ့သော မစုပုံချစ်မှာ လုံ့လ၀ိရိ ယအားကောင်းသူ တစ်ဦးအဖြစ်၊ ကျောင်းသား လူငယ်များ အတုယူ စရာစံပြပုဂ္ဂိုလ်တစ်ဦးအဖြစ်၊ မသန်စွမ်းက လေးငယ် များ၏ လမ်းပြသူတစ်ဦးအဖြစ် မီဒီယာများမှ တဆင့် လူသိများ လာခဲ့ခြင်းဖြစ်သည်။

ခြေထောက်ဖြင့်စာရေးကာ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးလေးဘာသာဖြင့်ဖြေဆို အာင်မြင်ခဲ့သည်။ သတင်းနှင့် နည်းပညာအင်ဂျင်နီယာ ဘာသာ ရပ်ဖြင့်နည်းပညာ တက္ကသိုလ်တက်ရောက်ခဲ့သည်။ ယခု မဟာဘွဲ့အတွက်အတွက် နည်းပညာတက္ကသိုလ် တွင်ပင်တက်ရောက်နေဆဲဖြစ် သည်။

မဟာဘွဲ့တက်ရောက်နေဆဲမှာပင် ယခုလအတွင်းသူမ၏ကြိုးစားအားထုတ်မှု အဖြေရလဒ်ထွက်လာခဲ့ သည်။ ပြည်ပ ပညာတော်သင်ဆုရရှိသောမြန်မာနိုင်ငံ၏ ပထမဆုံးမသန်စွမ်းတစ်ဦးအဖြစ်မှတ်တမ်း ထူနိုင် ခဲ့ခြင်း ဖြစ်သည်။ သြစတြေလျနိုင်ငံ ဆစ်ဒနီမြို့တွင် သွား ရောက်သင်ယူရန်ပညာသင်ဆု ရခဲ့ သည်။ ခြေထောက်တစ်ချောင်းသာ အများသူငါနည်းတူရှိသည့်မသန်စွမ်း အမျိုးသမီးတစ်ဦးအတွက် အကြီးမားဆုံး သောအောင်မြင်မှုပန်းတိုင်လည်းဖြစ်သည်။ ထိုကဲ့သို့မစုပုံချစ်၏ စွမ်းဆောင်မှုများက ကျောင်း သားလူငယ် လူရွယ်များကြား နမူနာစံပြလူငယ်တစ်ဦးအဖြစ်ရှုမြင်ခံစားလာစေခြင်းကြောင့် 7 Day News အယ်ဒီတာအဖွဲ့က သူရဲကောင်းဆုချီးမြှင့်ရန်ရွေးချယ်လိုက်ခြင်းဖြစ်သည်။

Hero ဆုကို ပညာတော်သင်သွားရောက်နေသဖြင့် မစုပုံချစ်ကိုယ်စား ၄င်း၏မိဘနှစ်ပါးက တက်ရောက် လက်ခံခဲ့ပြီး မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပေးအပ်ချီးမြှင့်ခဲ့သည်။

Credit : 7DaysNewsJournal

1 comment:

  1. ကျွန်တော်တို့နိင်ငံအတွက်တကယ်ဂုဏ်ယူစရာအစစ်အမှန်ပါ ညီမလေးစုပုံချစ်ရေ ဆက်လက်ကြိုးစားပြီး စံပြပုဂိုလ်တစ်ယောက်အဖြစ် မိဘ နိင်ငံအတွက်ဂုဏ်ယူစရာဖြစ်ပါစေ ကျေးဇူးအများကြီးတင်ပါတယ် ညီမလေးရေ

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။