/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, March 8, 2013

.

သမ္မတကြီး ဦးသိန်းစိန်၏ အပြန်ခရီးအား ပြည်သူအများ သောင်းသောင်းဖြဖြ ကြိုဆို


ဒီခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို နိုင်ငံ တကာမိတ်ဆွေများက ပိုမို နား လည်ေ အာင် ရှင်းပြနိုင်ခဲ့သလို မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍနဲ့ ငြိမ်းချမ်းရေး တည်ေ ဆာက်မှု ဖြစ်စဉ်တွေမှာ အကူအညီပေးရေး၊ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်နိုင်ရေးတို့ အတွက် ခိုင်မာ တဲ့ ကတိက၀တ် များကို လည်းရရှိခဲ့ပါတယ်။

အရေးအကြီးဆုံးကတော့ မြန်မာနိုင်ငံသားများရဲ့ လူမှုစီးပွားဘ၀ဖွံ့ ဖြိုးတိုးတက်ရေးကို အဟန့် အတာြး ဖစ်ေ နသေးတဲ့ ဥရောပ သမဂ္ဂရဲ့ စီးပွားရေးပိတ်ဆို့ မှုများ လုံးဝဖျက်သိမ်းနိုင်ရေး နဲ့ အခြား ဖွံ့ ဖြိုးဆဲနိုင်ငံ များနည်းတူ GSP ကုန်သွယ် မှု အထူးအခွင့်အရေးများ ပြန်လည် ရရှိရေးတို့ နဲ့ပတ်သက်ပြီး ဒီကိစ္စများကို အီး ယူက ပြန်လည်သုံးသပ်ချိန်မှာ မြန်မာနိုင်ငံဘက်က ထောက်ခံပြောဆိုပေး မယ်ဆိုတဲ့ ကတိက ၀တ်များ ရရှိခဲ့တာပဲဖြစ်ပါတယ်။

ဥရောပဆောင်းရာသီမှာ မြန်မာနိုင်ငံနဲ့ အပူချိန်ကွာခြားမှု၊ အချိန်ကွာခြားမှုတွေကြားက ၁၁ ရက်အ တွင်း နိုင်ငံငါးနိုင်ငံကို သွားရောက်ပြီး မြန်မာပြည်သူများရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက် မှုအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ တဲ့ နိုင်ငံတော် သမ္မတကြီးရဲ့ စေတနာကို နားလည် နိုင်ကြမယ်ထင်ပါတယ်။

Ye Htut

အောက်က ပုံများကတော့ သမ္မတကြီး အလာကို ကြိုဆိုသူများရဲ့ ဓာတ်ပုံတွေပါ။ ကျွန်တော်ရိုက်ထားတာ တစ်ပုံမှ မပါပါဘူး။









Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။