/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, March 8, 2013

.

ကမ္ဘောဇဘဏ်မှာ ၅၀၀၀ တန်အတုအား ကျပ် ၂၅၀၀ ဖြင့် လဲလှယ်နိုင်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်သည့်ကျပ် ၅၀၀၀ တန်များ ရွက်ရေမည်မျှ ရှိသည်၊ ကျပ် ၅၀၀၀ တန်အတုများ မြန်မာ့ စီးပွားရေး ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အသီးသီးတွင် လည်ပတ်မှု ရှိနေပါက မည်ကဲ့သို့ ထိန်းချုပ်မည်နှင့် စပ်လျည်းသည့်မေးခွန်း အား မိုးမောက်မဲဆန္ဒနယ်မှ ဦးဇော်ထွန်း က မေးမြန်းရာ

“၂၀၁၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ တွင် ပြင်ဦးလွင်ဘဏ်မှ ပြည်သူ့ ဝန်ထမ်းတစ်ဦးသည် အင်းဝ ဘဏ် မှငွေ ထုတ်ပြီး ကမ္ဘောဇဘဏ်သို့ ငွေလွဲရာ တွင် ကမ္ဘောဇဘဏ်မှ ကျပ် ၅၀၀၀ တန်တစ်ရွက်ကို ဆွဲထုတ်လာကာ အတုဟု ပြောကြား လာပြီး ၎င်း ၅၀၀၀ တန်အတုအား ကျပ် ၂၅၀၀ ဖြင့် လဲလှယ်နိုင်ကြောင်း ပင် ပြောလာပါသည်။ သို့သော် လည်း ၎င်းသည် ပြည်သူ့ ဝန်ထမ်းတစ်ဦးဖြစ်သဖြင့် ၎င်းကျပ် ၅၀၀၀ တန်အတုအား ပြန်ယူလာပြီး အင်းဝဘဏ်တွင် ၅၀၀၀ တန်အတုကို ပြန်လဲသော်လည်း အင်းဝ ဘဏ်က လည်း ပြန်လဲမပေးသောကြောင့် အင်တာနက်ပေါ်တွင် တင်မည် ဟုပြောကြားမှသာ ၅၀၀၀ တန်ကို ချက်ချင်းပြန်လဲပေးပါကြောင်း သိရှိရပါသည်။”

၎င်း ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြန်လည်သုံသပ်မိသည်မှာ ပြည်တွင်ရှိ ဘဏ်များ၌ပင် ၅၀၀၀ တန်အတုများ လည်ပတ်နေပြီးလား ဆိုသည်ကိုပင် စဉ်းစားမိပါသည်။ ဤကိစ္စများအမှန်တကယ် ဖြစ်ခဲ့မည်ဆိုပါ က ပြည်သူတွေ မှာရော ဘယ်လောက်ထိ ဖြစ်နေပြီးလဲ ကျွန်တော့်ဆီကို ၅၀၀၀ တန်အတု ရောက်လာပြီး တခြားနေရာမှာ သွားသုံးလို့ရနိုင်ပါက မိမိတို့ အနေဖြင့် အစစ်ဟုသာ ထင်မြင်မိပါကြောင်း ယူဆမိပါတယ်။

လုပ်ထုံးလုပ်နည်းအရ ဆိုလျှင် ကျပ်ငွေအတုကို တွေ့ရှိပါက ကိုင်ဆောင် လာသူကို စုံစမ်းစစ်ဆေးခြင်း၊ ကျပ်ငွေကို Marker လုပ်ခြင်း၊ ဆုတ်ဖြဲခြင်း စသည်တို့ကို ပြုလုပ်ရမည် ဟု သိရှိရပါသည်။ ကျပ် ၅၀၀၀ တန်အတုကို ၂၅၀၀ နဲ့လဲမယ်ဆိုတော့ ဒါဟာမဖြစ်သင့်‌ဘူးလို့ ယုံကြည်တဲ့အတွက် စိတ်ထဲမှာ ကသိကအောင့်ဖြစ်မိပါသည်။

လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ကျွန်တော်တို့ ဗန်းမော်မြို့နယ်ရှိ ရွှေဆိုင်တစ့်မှ ကျပ် ၅၀၀၀ တန်အတုကို ၂၈ ရွက်ဖမ်းမိပြီး ၎င်းကိစ္စကို စုံစမ်းစစ်ဆေးရာတွင် မံစီမြို့နယ် သစ်ခိုးထုတ်တဲ့နေရာကနေ ရရှိလာကြောင်းသိရှိရပါသည်။ ထို့အတွက်ကြောင့် ဗန်းမော်မြို့နယ်နှင့် အခြားဆက်စပ်နေတဲ့ မြို့နယ်များမှာ ၎င်းကျပ် ၅၀၀၀ တန်အစစ်များ ကိုပင် ဈေးရောင်းဈေးဝယ်ပဲဖြစ်ဖြစ် တခြားကိစ္စပဲ ဖြစ်ဖြစ် ယူရမှာကို အင်မတန်မှ ကြောက်ရွံ နေကြပြီဖြစ်ပါတယ်။

ထို့အတွက်ကြောင့်မို့ အောက်ပါမေးခွန်းသုံးခုအား ဖြေကြားပေးနိုင်ပါရန် မေးမြန်းအပ်ပါသည်။

(၁) ယခုနေ့ရက်အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်လုပ်သည့် ကျပ် ၅၀၀၀ တန်များ ရွက်ရေမည်မျှ ရှိသည်ကို သိရှိလိုပါသည်။

(၂) ကျပ် ၅၀၀၀ တန်အတုများ မြန်မာနိုင်ငံအတွင်းရှိ မြန်မာ့စီးပွားရေး ဘဏ်နှင့် ပုဂ္ဂလိက ဘဏ်အသီးသီး တွင် လည်ပတ်မှု ရှိနေနိုင်ပါ သလား။

(၃) အကယ်၍ အဆိုပါ ကျပ် ၅၀၀၀ တန်အတုများ လှည်ပတ်နေပါက မည်ကဲ့သို့ အစီအစဉ် ရှိပါသနည်း။

မိုးမောက်မဲဆန္ဒနယ်မှ ဦးဇော်ထွန်း ၏ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်သည့်ကျပ် ၅၀၀၀ တန်များ ရွက်ရေမည်မျှ ရှိသည်၊ ကျပ် ၅၀၀၀ တန်အတုများ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်အသီးသီးတွင် လည်ပတ်မှုရှိနေပါက မည်ကဲ့သို့ ထိန်းချုပ်မည်နှင့် စပ်လျည်းသည့်မေးခွန်း အား ဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင် မှ ရှင်းလင်းဖြေကြားရာတွင် -

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၃၁-၁-၂၀၁၃ ရက်နေ့ အထိ ထုတ်ဝေထားတဲ့ ကျပ် ၅၀၀၀ တန် ငွေစက္ကူအရေအတွက် တန်ဖိုးပမာဏမှာ ကျပ် ၂၈၀၀ ဘီလီယံကျော်ရှိကြောင်း၊ ကျပ် ၅၀၀၀ တန်အတုများဟာ မြန်မာနိုင်ငံတော်အတွင်းရှိ ဘဏ်များမှာ မလည်ပတ် နိုင်စေရန်အတွက် ငွေကြေးဆိုင်ရာ စည်းမျဉ်းများ လုပ်ထုံးလုပ်နည်းများနဲ့ ငွေစက္ကူအတုအစစ်ခွဲခြားတဲ့ စက်များဖြင့်ပါ ကြပ်မတ်ဆောင်ရွက် လျက်ရှိသော်လည်း ဘဏ်များမှာ လည်ပတ်နေတဲ့ ငွေကြေးပမာဏအရ ဘဏ်များမှာ ငွေစက္ကူအတုတွေ လက်ခံရရှိနိုင်မှု ရှိနိုင်ပါကြောင်း၊ သို့သော်လည်းပဲ လည်ပတ်သုံးစွဲနိုင်လောက်တဲ့ အရည်အတွက် မရှိနိုင်ပါကြောင်း၊ ကျပ် ၅၀၀၀ တန်ငွေစက္ကူစတင် ထုတ်ဝေတဲ့ ၁-၁၀-၂၀၀၉ ရက်နေ့မှာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလအထိ ကာလအတွင်းမှာ ၅၀၀၀ ကျပ်တန် ငွေစက္ကူအတု ၃၇၅၈ ရွက် တန်ဖိုးအားဖြင့် ကျပ် ၁၈၇၉၀၀၀၀ ကို စစ်ဆေးလက်ခံရရှိခဲ့တဲ့ အတွက် လုပ်ထုံးလုပ်နည်းနဲ့အညီ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှုခင်းတပ်ဖွဲ့မှူးရုံးကို ပေးပို့ အပ်နှံခဲ့ပြီးဖြစ်ပါကြောင်း နှင့် ကျပ် ၅၀၀၀ တန်အတုများဟာ အထက်မှာ တင်ပြသလိုပဲ မလည်ပတ်နိုင်ပေမယ့် လည်း စီးပွားရေးလောကမှာ လည်ပတ်နေနိုင်ပါကြောင်း ဒီအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးလုပ်ငန်းစီမံခန့်ခွဲမှုဌာနရဲ့ငွေကြေးဆိုင်ရာစည်းမျဉ်းများနဲ့ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၄၁ ပါ ပြဋ္ဌာန်းချက်များအတိုင်း ကျွန်တော်တို့ အတုအစစ်တွေ ခွဲခြားနိုင်အောင် ပညာပေးခြင်း၊ တွေ့ရှိပါက အမှုဖွင့် တိုင်ကြားအရေးယူခြင်း၊ အတုအစစ်ခွဲခြားတဲ့စက်များအသုံးပြုခြင်း စသည်ဖြင့် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဦးသိန်းရီ(ထန်းတပင်မဲဆန္ဒနယ်)က “တရားဝင်သုံးစွဲလျက်ရှိသော ငွေစက္ကူများ ဆိုဒ်တူ၊ အရွယ်တူဆောင်ရွက်ပေးရန်နှင့် စပ်လျဉ်း သည့် မေးခွန်း”ကိုမေးမြန်းရာတွင်-

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအ‌ခြေခံဥပဒေပုဒ်မ ၃၆ ပုဒ်မခွဲ(င)တွင် နိုင်ငံတော်သည် တရားဝင်ထုတ်ဝေထားသော တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုဟု ပြဋ္ဌာန်းပါရှိပြီး နိုင်ငံတော်က တရားဝင် သုံး စွဲနေသော ငွေကြေးကို အာမခံချက်ပေးထားခြင်းကြောင့် သုံးစွဲသူပြည်သူများက စိုးရိမ်စိတ်၊ မရှိဘဲ သုံးစွဲလျက်ရှိကြောင်း၊ နိုင်ငံတော်တွင် တရားဝင်သုံးစွဲလျက်ရှိသော ၂၀၀ ကျပ်တန်၊ ၅၀၀ ကျပ်တန်၊ ၁၀၀၀ ငွေစက္ကူများသည် အဟောင်းမှာ ဆိုဒ်ကြီးပြီးအသစ်မှာ ဆိုဒ်သေးများဖြစ်နေခြင်းကြောင့် အဟောင်းအသစ်ရောနှောနေရာတွင် ပုံသဏ္ဍာန်အရ ရေတွက်ခြင်း၊ ဟော င်းနွမ်းနေခြင်း၊ ဖြူေ လျာ့လျော့ ဖြင့် အရောင်ပျက်နေခြင်းတို့ကြောင့် ဈေးဝယ်ဈေးရောင်းကိစ္စများတွင် အခက်အခဲများ ကြုံတွေ့ နေကြရပါ ကြောင်း၊ သို့ဖြစ်ပါ၍ မေးခွန်းများ အနေဖြင့်(၁) တရားဝင် သုံးစွဲလျက်ရှိ သောငွေစက္ကူများကို ဆိုဒ်တူ၊ အရွယ်တူ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့် ဆိုဒ်ကြီးငွေစက္ကူ များပြန်လည်သိမ်းဆည်းပြီး ဆိုဒ်တူ၊ အရွယ်တူငွေစက္ကူများ ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ။ မေးခွန်း(၃) ဆိုဒ်တူ၊ အရွယ်တူ သုံးစွဲနိုင်ရေးအတွက် မည်သည့်အချက်များ ဆောင်ရွက်ပေးနိုင်မည်နည်း စသဖြင့် မေးမြန်းသွားခဲ့ပါသည်။

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန် ကြီး ဒေါက်တာလင်းအောင် က ဦးသန်းရီ(ထန်းတပင်မဲဆန္ဒနယ်)၏“တရားဝင်သုံးစွဲလျက် ရှိသော ငွေစက္ကူများ ဆိုဒ်တူ၊ အရွယ်တူဆောင်ရွက်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း”ကို ပြန် လည် ဖြေကြားရာတွင်-

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ပုံစံ ခြ‌င်္သေ့မင်းရုပ်ပုံပါ CBM Lion အရွယ် အစားအကြီး ၂၀၀ ကျပ်၊ ၅၀၀ ကျပ်နှင့် ၁၀၀၀ ကျပ်တန်ငွေစက္ကူများကို ထုတ်ခဲ့ပြီး ၂၇-၃-၁၉၉၀တွင် ၂၀၀ ကျပ်တန်၊ ၂၇-၃-၁၉၉၄တွင် ၅၀၀ ကျပ်တန်၊ ၁၀၀၀ ကျပ်တန်ကို ၂၅-၁၁-၁၉၉၈တွင် စတင်ထုတ်ဝေခဲ့ပါကြောင်း၊ အရွယ်အစားအားဖြင့် ဆိုဒ်ကြီးဖြစ်ပြီး အလျား ၁၆၇ မီလီမီတာနှင့် အနံ ၈၀ မီလီမီတာ ဖြစ်ပါကြောင်း၊ အထက်ပါ ငွေစက္ကူများသည် နိုင်ငံတကာသုံး အရွယ်အစားထက်ကြီးနေသည့် အတွက် နိုင်ငံတကာသုံး ငွေစက္ကူအရွယ်အစားဆိုဒ်နှင့်အညီ ဧကရာဇာ ခြ‌င်္သေ့မင်းရုပ်ပုံပါ CBM King Lion ငွေစက္ကူအသစ်များကို ၁၁-၁၀-၂၀၀၄ ရက်နေ့တွင် ဖော်ပြပါအရွယ်အစားအတိုင်း ထုတ်ဝေခဲ့ပြီး အလျား ၁၅၀ မီလီမီတာနှင့် အနံ ၇၀ မီလီမီတာအရွယ်ဖြစ်ပါကြောင်း၊ ယင်းသို့ထုတ်ဝေပြီးနောက် အရွယ်အစားကြီး ငွေစက္ကူများကို ဘဏ်များနှင့် လူပုဂ္ဂိုလ်များကို ပြန်လည်ထုတ်ဝေခြင်းမပြုတော့ ပဲ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် များ လက်ဝယ်ရှိ ၂၀၀ ကျပ်၊ ၅၀၀ ကျပ်၊ ၁၀၀၀ ကျပ်တန် CBM Lion အရွယ်အစားကြီး ငွေစက္ကူများကို ဗဟိုဘဏ်သို့ ပေးသွင်းလာပါက လက်ခံပြီး ယင်းဘဏ်များသို့ CBM King Lion အရွယ်အစားသေး ငွေစက္ကူများကိုသာ ထုတ်ဝေဖြန့်ဖြူးလျက်ရှိပါကြောင်း၊ ပြည်သူ များက ငွေစက္ကူများကို လာရောက် လဲလှယ်ခဲ့ပါကလည်း အရွယ်အစားသေးငွေစက္ကူများနဲ့ ပြန်လည် လဲလှယ်ပေးလျက် ရှိပါကြောင်း၊ သို့ပါ၍ ဗဟိုဘဏ်အနေနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးနဲ့အရွယ်တူ အရွယ်အစားတူ ငွေစက္ကူများကိုသာ ၁၁-၁၀-၂၀၀၄ ရက်နေ့မှစ၍ယနေ့အထိတိုင် ထုတ်ဝေလျက်ရှိပြီး လက်ခံရရှိသော ငွေစက္ကူအရွယ်အစားကြီး များကို ပြန်လည်ထုတ်ဝေခြင်း မပြုတော့ဘဲ သိမ်းဆည်းလျက် ရှိပါကြောင်းဖြင့် ဖြေကြားသွားခဲ့သည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။