/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, March 8, 2013

.

ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများအရေး ပြေလည်တော့မှာလား

ဆန္ဒပြနေသော ရောက်ဒန်ရောက် မြန်မာအလုပ်သမားများ၊ ဓာတ်ပုံ- ကျော်ဇင်ဦး

ဂျော်ဒန်နိုင်ငံ၊ Ramtha မြို့က အထည်ချုပ်စက်ရုံတွင် ဆန္ဒပြနေသော မြန်မာအလုပ်သမား ၁၃၅၀ ကျော် တို့အရေး မပြေမလည် ဖြစ်နေတာကို အစိုးရ ဘက်က တာဝန်ရှိသူတချို့ အမြန်ဆုံး စေလွှတ်ပြီး ညှိနှိုင်း ဆောင်ရွက်ပေးမယ်လို့ ဒီကနေ့ ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

အဆိုပါ မြန်မာအလုပ်သမားတွေကို တရားမ၀င် သွားရောက် အလုပ်လုပ်ကိုင်သူတွေ လို့ ပြောဆို ထားပြီး အလုပ်သမားတွေကို ပို့ဆောင်ပေးခဲ့ တဲ့ အေးဂျင့်က ဦးစိုင်းတင်ထွန်းသွားရောက် ညှိနှိုင်းဖြေရှင်းရာ မှာ တောင်းဆိုချက်တွေထဲက လုပ်ခ လစာတိုးပေးရေးမှ အပ ကျန်အချက်တွေ အဆင်ပြေ သွားပြီလို့ သတင်းစာက ဆိုပါတယ်။



မတ်လ ၈ ရက်နေ့ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာဖြတ်ပိုင်း

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။